နေးရှင်းလိဂ် ချက်နဲ့ပွဲမှာ ယူနိုက်တက်ကစားသမားတွေခြေစွမ်းပြပြီး အုပ်စုဗိုလ်သေချာစေခဲ့

ပေါ်တူဂီက ချက်ကို အနိုင်ရရှိခဲ့တဲ့ နေးရှင်းလိဂ်ပွဲမှာတော့ မန်ချက်စတာယူနိုက်တက်ကစားသမားတွေ

ခြေစွမ်းပြသွားခဲ့ပါတယ်။ ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ရာမှာ ဒါလော့က ၂ဂိုး၊ ဖာနန်ဒက်က ၁ ဂိုးသွင်းယူခဲ့ပြီး

ရော်နယ်ဒိုက ဂျိုတာရဲ့ ပွဲသိမ်းဂိုးအတွက် ဖန်တီးမှုတကြိမ်ပြုလုပ်ခဲ့ပြီး တန်ဟက်ဂျ်ရဲ့ အသင်းသားတွေ

သွင်းဂိုးတွေမှာ ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒို ပွဲချိန်ပြည့်ပါဝင် ကစားသွားခဲ့ပြီး သွင်းဂိုးမရခဲ့ပေ

မယ့် ဖန်တီးမှုတကြိမ်လုပ်နိုင်ခဲ့သလို match fit ဖြစ်ဖို့အတွက်လည်း အထောက်အကူရသွားခဲ့ပါတယ်။ ဒီ

နိုင်ပွဲကြောင့် ပေါ်တူဂီတို့ နောက်တဆင့်အတွက် အခြေအနေကောင်းသွားခဲ့ပြီဖြစ်ကာ စပိန်က ဆွစ်ဇာ

လန်ကို ရှုံးနိမ့်ခဲ့တာကြောင့် လာမယ့်စပိန်နဲ့ပွဲမှာ သရေကစားနိုင်ရုံနဲ့ အုပ်စုဗိုလ်အဖြစ်ရပ်တည်နိုင်တော့

မှာလည်းဖြစ်ပါတယ်။ ပွဲကစားချိန် ၁၃ မိနစ်မှာတော့ ရော်နယ်ဒိုတယောက် ဒဏ်ရာရရှိခဲ့ပြီး မျက်နှာမှာပါ

သွေးတွေပေနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ချက်ဂိုးသမားသောမတ်စ်ဗာကလစ်နဲ့ ဘောလုံးယှဉ်လုပြီး

ပြန်အကျမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး နှာခေါင်းမှာ တော်တော်လေးထိခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ပေါ်တူဂီ

ဆေးအဖွဲ့က ကွင်းထဲထိ လာရောက်ကုသပေးခဲ့ရပြီး ဒီနောက်မှာတော့ သူက ဆက်လက်ကစားနေခဲ့တာ

ဖြစ်ပါတယ်။ စပိန်နဲ့ပွဲကိုတော့ အင်္ဂါနေ့မှာ ကစားရမှာဖြစ်ပြီး အရေးမနိမ့်ရုံနဲ့ ဆီမီးဖိုင်နယ်ကို ပေါ်တူဂီတို့

တက်ရောက်နိုင်တော့မှာဖြစ်ပါတယ်။ ပေါ်တူဂီက နေးရှင်းလိဂ်မှာ ၂၀၁၉ တုန်းက ဗိုလ်စွဲခဲ့ဖူးပြီး အခုတ

ခါမှာ နောက်ထပ်တကြိမ်ဗိုလ်စွဲဖို့အတွက် အခွင့်အရေးရှိလာပြန်ပြီဖြစ်ပါတယ်။ စပိန်ကတော့ ပေါ်တူဂီ

ကို မဖြစ်မနေအနိုင်ကစားမှသာ နောက်တဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ေပၚတူဂီက ခ်က္ကို အႏိုင္ရရွိခဲ့တဲ့ ေနးရွင္းလိဂ္ပြဲမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြ

ေျခစြမ္းျပသြားခဲ့ပါတယ္။ ၄ ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ရာမွာ ဒါေလာ့က ၂ဂိုး၊ ဖာနန္ဒက္က ၁ ဂိုးသြင္းယူခဲ့ၿပီး

ေရာ္နယ္ဒိုက ဂ်ိဳတာရဲ႕ ပြဲသိမ္းဂိုးအတြက္ ဖန္တီးမႈတႀကိမ္ျပဳလုပ္ခဲ့ၿပီး တန္ဟက္ဂ်္ရဲ႕ အသင္းသားေတြ

သြင္းဂိုးေတြမွာ ပါဝင္ပတ္သက္ႏိုင္ခဲ့ပါတယ္။ ေရာ္နယ္ဒို ပြဲခ်ိန္ျပည့္ပါဝင္ ကစားသြားခဲ့ၿပီး သြင္းဂိုးမရခဲ့ေပ

မယ့္ ဖန္တီးမႈတႀကိမ္လုပ္ႏိုင္ခဲ့သလို match fit ျဖစ္ဖို႔အတြက္လည္း အေထာက္အကူရသြားခဲ့ပါတယ္။ ဒီ

ႏိုင္ပြဲေၾကာင့္ ေပၚတူဂီတို႔ ေနာက္တဆင့္အတြက္ အေျခအေနေကာင္းသြားခဲ့ၿပီျဖစ္ကာ စပိန္က ဆြစ္ဇာ

လန္ကို ရႈံးနိမ့္ခဲ့တာေၾကာင့္ လာမယ့္စပိန္နဲ႔ပြဲမွာ သေရကစားႏိုင္႐ုံနဲ႔ အုပ္စုဗိုလ္အျဖစ္ရပ္တည္ႏိုင္ေတာ့

မွာလည္းျဖစ္ပါတယ္။ ပြဲကစားခ်ိန္ ၁၃ မိနစ္မွာေတာ့ ေရာ္နယ္ဒိုတေယာက္ ဒဏ္ရာရရွိခဲ့ၿပီး မ်က္ႏွာမွာပါ

ေသြးေတြေပေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ခ်က္ဂိုးသမားေသာမတ္စ္ဗာကလစ္နဲ႔ ေဘာလုံးယွဥ္လုၿပီး

ျပန္အက်မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ႏွာေခါင္းမွာ ေတာ္ေတာ္ေလးထိခိုက္ခဲ့တာလည္းျဖစ္ပါတယ္။ ေပၚတူဂီ

ေဆးအဖြဲ႕က ကြင္းထဲထိ လာေရာက္ကုသေပးခဲ့ရၿပီး ဒီေနာက္မွာေတာ့ သူက ဆက္လက္ကစားေနခဲ့တာ

ျဖစ္ပါတယ္။ စပိန္နဲ႔ပြဲကိုေတာ့ အဂၤါေန႔မွာ ကစားရမွာျဖစ္ၿပီး အေရးမနိမ့္႐ုံနဲ႔ ဆီမီးဖိုင္နယ္ကို ေပၚတူဂီတို႔

တက္ေရာက္ႏိုင္ေတာ့မွာျဖစ္ပါတယ္။ ေပၚတူဂီက ေနးရွင္းလိဂ္မွာ ၂၀၁၉ တုန္းက ဗိုလ္စြဲခဲ့ဖူးၿပီး အခုတ

ခါမွာ ေနာက္ထပ္တႀကိမ္ဗိုလ္စြဲဖို႔အတြက္ အခြင့္အေရးရွိလာျပန္ၿပီျဖစ္ပါတယ္။ စပိန္ကေတာ့ ေပၚတူဂီ

ကို မျဖစ္မေနအႏိုင္ကစားမွသာ ေနာက္တဆင့္ကို တက္ေရာက္ႏိုင္မွာျဖစ္ပါတယ္။