နေးရှင်းလိဂ်မှာ ကြယ်ပွင့်ကစားသမားတွေ အစုံအလင်နဲ့ပွဲထွက်ခဲ့ပေမဲ့ တန်းဆင်းဖို့ပဲ အာရုံရနေတဲ့ ပြင်သစ်

ပြင်သစ်ဟာ မနေ့ညက ကစားခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဥ်မှာ ခရိုအေးရှားကို ၀-၁ ဂိုးနဲ့

ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် ပြင်သစ်အနေနဲ့ အုပ်စုနောက်ဆုံးပွဲအဖြစ် သြစ

တြီးယားနဲ့ပွဲမှာသာ ထပ်မံအခြေအနေဆိုးခဲ့ရင် League A ကနေ League B ကို

တန်းဆင်းရဖို့ရှိနေပြီဖြစ်ပါတယ်။ပြင်သစ်ဟာ ဒီပွဲမှာ ကိုနာတေး၊ ကွန်ဒေး၊ ကာမာ

ရာ၊ ဘန်ဇီမာ၊ အန်ကွန်ကူး၊ အမ်ဘာပေတို့လို ကြယ်ပွင့်ကစားသမားတွေ အစုံ

အလင်ပွဲထွက်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲကစားချိန် (၅) မိနစ်မှာ ခွင့်ပြုလိုက်ရတဲ့ မိုဒ

ရစ်ရဲ့ တလုံးတည်းသော ပင်နယ်တီသွင်းဂိုးကြောင့် ကမ္ဘာ့ချန်ပီယံတို့ အခုလိုပဲနေး

ရှင်းလိဂ်မှာ တန်းဆင်းရဖို့ နီးစပ်သွားခဲ့တာပါ။ပြင်သစ်ဟာ ဒီနှစ် နေးရှင်းလိဂ်ပွဲ

စဥ် (၄) ပွဲကစားပြီးချိန်မှာ နိုင်ပွဲလုံးဝမရှိသေးဘဲ (၂) ပွဲသရေ၊ (၂) ပွဲရှုံးနဲ့ (၂) မှတ်

သာရရှိထားတာပါ။ အုပ်စုတူနှစ်သင်းဖြစ်တဲ့ ဒိန်းမတ်နဲ့သြစတြီးယားတို့ပွဲမှာ

တော့ ဒိန်းမတ်က ရန်းနစ်ဂ်ကိုင်တွယ်နေတဲ့ သြစတြီးယားကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရ

ရှိခဲ့ပါတယ်။ ပြင်သစ်ဟာ လက်ရှိအချိန်မှာတော့ အုပ်စုနောက်ဆုံးကို ရောက်ရှိနေ

ပါတယ်။အုပ်စုတပွဲသာ ကစားဖို့ကျန်ရှိချိန်မှာ လက်ရှိ League A ရဲ့ အုပ်စုနောက်

ဆုံးရောက်နေတဲ့အသင်းတွေကတော့ နာမည်ကြီးအသင်းတွေပဲဖြစ်တဲ့ ပြင်သစ်၊

ဆွစ်ဇာလန်၊ အင်္ဂလန်၊ ဝေးလ်စ်တို့ဖြစ်ပါတယ်။ ဒီအသင်းတွေဟာ လာမယ့်စက်

တင်ဘာမှာ ကစားမယ့် အုပ်စုနောက်ဆုံးပွဲတွေမှာသာ ရလဒ်မကောင်းခဲ့ရင် ပြိုင်ပွဲ

ရဲ့သတ်မှတ်ချက်အရ League B ကို တန်းဆင်းရမှာဖြစ်ပါတယ်။

ျပင္သစ္ဟာ မေန႔ညက ကစားခဲ့တဲ့ ေနးရွင္းလိဂ္ပြဲစဥ္မွာ ခ႐ိုေအးရွားကို ၀-၁ ဂိုးနဲ႔

ရႈံးနိမ့္ခဲ့ပါတယ္။ ဒီရႈံးပြဲေၾကာင့္ ျပင္သစ္အေနနဲ႔ အုပ္စုေနာက္ဆုံးပြဲအျဖစ္ ၾသစ

ႀတီးယားနဲ႔ပြဲမွာသာ ထပ္မံအေျခအေနဆိုးခဲ့ရင္ League A ကေန League B ကို

တန္းဆင္းရဖို႔ရွိေနၿပီျဖစ္ပါတယ္။ျပင္သစ္ဟာ ဒီပြဲမွာ ကိုနာေတး၊ ကြန္ေဒး၊ ကာမာ

ရာ၊ ဘန္ဇီမာ၊ အန္ကြန္ကူး၊ အမ္ဘာေပတို႔လို ၾကယ္ပြင့္ကစားသမားေတြ အစုံ

အလင္ပြဲထြက္ခဲ့ပါတယ္။ ဒါေပမယ့္ ပြဲကစားခ်ိန္ (၅) မိနစ္မွာ ခြင့္ျပဳလိုက္ရတဲ့ မိုဒ

ရစ္ရဲ႕ တလုံးတည္းေသာ ပင္နယ္တီသြင္းဂိုးေၾကာင့္ ကမာၻ႔ခ်န္ပီယံတို႔ အခုလိုပဲေနး

ရွင္းလိဂ္မွာ တန္းဆင္းရဖို႔ နီးစပ္သြားခဲ့တာပါ။ျပင္သစ္ဟာ ဒီႏွစ္ ေနးရွင္းလိဂ္ပြဲ

စဥ္ (၄) ပြဲကစားၿပီးခ်ိန္မွာ ႏိုင္ပြဲလုံးဝမရွိေသးဘဲ (၂) ပြဲသေရ၊ (၂) ပြဲရႈံးနဲ႔ (၂) မွတ္

သာရရွိထားတာပါ။ အုပ္စုတူႏွစ္သင္းျဖစ္တဲ့ ဒိန္းမတ္နဲ႔ၾသစႀတီးယားတို႔ပြဲမွာ

ေတာ့ ဒိန္းမတ္က ရန္းနစ္ဂ္ကိုင္တြယ္ေနတဲ့ ၾသစႀတီးယားကို ႏွစ္ဂိုးျပတ္နဲ႔ အႏိုင္ရ

ရွိခဲ့ပါတယ္။ ျပင္သစ္ဟာ လက္ရွိအခ်ိန္မွာေတာ့ အုပ္စုေနာက္ဆုံးကို ေရာက္ရွိေန

ပါတယ္။အုပ္စုတပြဲသာ ကစားဖို႔က်န္ရွိခ်ိန္မွာ လက္ရွိ League A ရဲ႕ အုပ္စုေနာက္

ဆုံးေရာက္ေနတဲ့အသင္းေတြကေတာ့ နာမည္ႀကီးအသင္းေတြပဲျဖစ္တဲ့ ျပင္သစ္၊

ဆြစ္ဇာလန္၊ အဂၤလန္၊ ေဝးလ္စ္တို႔ျဖစ္ပါတယ္။ ဒီအသင္းေတြဟာ လာမယ့္စက္

တင္ဘာမွာ ကစားမယ့္ အုပ္စုေနာက္ဆုံးပြဲေတြမွာသာ ရလဒ္မေကာင္းခဲ့ရင္ ၿပိဳင္ပြဲ

ရဲ႕သတ္မွတ္ခ်က္အရ League B ကို တန္းဆင္းရမွာျဖစ္ပါတယ္။