
စပိန်အသင်းဟာနေးရှင်းလိဂ်ဖလားဆီမီးဖိုင်နယ်တွင်အီတလီနှင့်ထိပ်တိုက်တွေ့ဆုံနေပြီးနယ်သာလန်
အသင်းမှာလည်းခရိုအေးရှားနှင့်ရင်ဆိုင်ကစားရပါမယ်။နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်များကိုဇွန်လ
၁၄ရက်နေ့နှင့်၁၅ရက်နေ့တို့တွင်ကစားရမှာဖြစ်ပြီးဗိုလ်လုပွဲကိုရိုသာဒမ်(သို့မဟုတ်)အန်ရှီဒီတွင်ဇွန်လ
၁၈ရက်နေ့မှာကစားသွားပါမယ်။စပိန်ဟာ၂၀၂၁ခုနှစ်နေးရှင်းလိဂ်ဆီမီးဖိုင်နယ်တွင်အီတလီကို၂-၁ဂိုး
ဖြင့်အနိုင်ယူပြီးဗိုလ်လုပွဲသို့တက်ခဲ့ပေမဲ့ပြင်သစ်ကိုရှုံးနိမ့်ခဲ့ပါတယ်။နယ်သာလန်မှာလည်း၂၀၁၉ခုနှစ်
တုန်းကဗိုလ်လုပွဲသို့တက်ခဲ့ဖူးပေမဲ့လည်း ပေါ်တူဂီကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။