မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပ အကျော့ပွဲစဥ်မှာ နော်တင်
ဟမ် ဖောရက်စ်အသင်းကို ( ၃-၀) နဲ့ အနိုင်ရခဲ့ပါတယ်။ယူနိုက်တက်အတွက် သွင်းဂိုးတွေကိုတော့ မား
ကတ် ရက်ဖို့ဒ် ၊ ဝု ဝက်ဟော့ နှင့် ဘရူနို ဖာနန်ဒက်စ်တို့က ရယူပေးခဲ့ကြပါတယ်။ဒါပေမယ့် ဒီနေ့ပွဲမှာ
တကယ်တမ်း ပြောစရာဖြစ်ခဲ့တာကတော့ အန်တိုနီပါ ။ပေါင်သန်း ( ၁၀၀ ) တန် ကစားသမားဟာ မကြာ
သေးမီ ရက်သတ္တပတ်တွေအတွင်း ခြေစွမ်းမပြနိုင်တဲ့အပေါ် အပြင်းအထန် ဝေဖန်ခံနေခဲ့ရပါတယ်။ဒီနေ့ပွဲ
မှာ ယခင်လို ဘေးစည်းနားကပ်လျက် မကစားပဲ အနည်းငယ် အထဲရောက်တဲ့ inside right channel
ကနေ ဘောလုံး လက်ခံမှုတွေ လုပ်ခဲ့ပါတယ်။သူ့ရဲ့ အောက်ပါ heat mapပုံ ကို ကြည့်မယ်ဆိုရင် အန်တို
နီရဲ့ ကစားပုံ ပြောင်းလဲလာတာကို သိရပါလိမ့်မယ်။ဘောလုံး ပေးပို့မှု ( ၈၉ ) ရာခိုင်နှုန်း တိကျခဲ့သလို ၊
အဓိက ပေးပို့မှု ( ၃ ) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ် ။ယခင် အေဂျက်က အန်တိုနီကို မမီသေးပေမယ့် သူ့ရဲ့
အကောင်းဆုံး ပုံစံကို ပြန်ရတော့မယ့် အရိပ်အယောင်တွေ စတင်မြင်တွေ့လာရပါတယ်။