
မားကပ်စ်ရက်ဖို့ဒ်ဟာမန်ချက်စတာယူနိုက်တက်အတွက်နောက်ထပ်လှပတဲ့ဂိုးတစ်ဂိုးသွင်းယူကာအ
ကောင်းဆုံးပုံစံဆက်လက်ပြသနေပါတယ်။အသက်၂၅နှစ်ရှိအင်္ဂလန်တိုက်စစ်မှူးဟာမနေ့ညတုန်းကနော်
တင်ဟမ်ဖောရက်စ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင် ပွဲ
အစ၆မိနစ်မှာပဲယူနိုက်တက်အတွက်ဦးဆောင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ရက်ဖို့ဒ်ဟာကိုယ့်ကွင်းလယ်
တစ်ဝက်၁၀ကိုက်ဝန်းကျင်တွင်ဘောလုံးရရှိပြီးနောက်ဘယ်ခြမ်းတစ်လျှောက်တောက်လျှောက်ဆွဲပြေးခဲ့
ပါတယ်။သူဟာနော်တင်ဟမ်ဖောရက်စ်နောက်တန်းသမားများကိုကျော်ဖြတ်ပြီးဧရိယာအတွင်းထိုဖောက်
ဝင်ရောက်ပြီးနောက်လှပလွန်းလှတဲ့ဂိုးကိုသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ယင်းဂိုးဟာမားကပ်စ်ရက်ဖို့ဒ်
အတွက်ကမ္ဘာ့ဖလားအပြီးယူနိုက်တက်အတွက်၁၀ပွဲကစားရာမှာ၁၀ဂိုးမြောက်ဂိုးလည်းဖြစ်ပါတယ်။သူ
ဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်းအင်္ဂလန်အတွက်၅ပွဲကစားခဲ့ရာမှာ၃ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်
ပါတယ်။မနေ့ညတုန်းကနော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွက်ယူနိုက်တက်ကစားသမားသစ်ဝေါက်ဝက်
ဟော့စ်မှာလည်းယူနိုက်တက်အတွက်ပထမဆုံးဂိုးသွင်းနိုင်ခဲ့သလိုဘရူနိုဖာနန်ဒက်စ်လည်းဂိုးသွင်းခဲ့ပါ
တယ်။ယူနိုက်တက်ဟာပထမအကျော့တွင်နော်တင်ဟမ်ဖောရက်စ်ကိုဂိုးပြတ်အနိုင်ယူလိုက်နိုင်မှုနဲ့အတူ
ဝင်ဘာလေသို့ ရောက်ရန်ခြေတစ်လှမ်းသာလိုပါတော့တယ်။တဖက်ဆီမီးဖိုင်နယ်တွင်နယူးကာဆယ်က
လည်းဆောက်သမ်တန်ကိုအဝေးကွင်းမှာ၁-၀ဂိုးဖြင့်အနိုင်ရရှိထားပါတယ်။
မားကပ္စ္ရက္ဖို႔ဒ္ဟာမန္ခ်က္စတာယူႏိုက္တက္အတြက္ေနာက္ထပ္လွပတဲ့ဂိုးတစ္ဂိုးသြင္းယူကာအ
ေကာင္းဆုံးပုံစံဆက္လက္ျပသေနပါတယ္။အသက္၂၅ႏွစ္ရွိအဂၤလန္တိုက္စစ္မႉးဟာမေန႔ညတုန္းကေနာ္
တင္ဟမ္ေဖာရက္စ္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ခါရာေဘာင္ဖလားဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္တြင္ ပြဲ
အစ၆မိနစ္မွာပဲယူႏိုက္တက္အတြက္ဦးေဆာင္ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။ရက္ဖို႔ဒ္ဟာကိုယ့္ကြင္းလယ္
တစ္ဝက္၁၀ကိုက္ဝန္းက်င္တြင္ေဘာလုံးရရွိၿပီးေနာက္ဘယ္ျခမ္းတစ္ေလွ်ာက္ေတာက္ေလွ်ာက္ဆြဲေျပးခဲ့
ပါတယ္။သူဟာေနာ္တင္ဟမ္ေဖာရက္စ္ေနာက္တန္းသမားမ်ားကိုေက်ာ္ျဖတ္ၿပီးဧရိယာအတြင္းထိုေဖာက္
ဝင္ေရာက္ၿပီးေနာက္လွပလြန္းလွတဲ့ဂိုးကိုသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။ယင္းဂိုးဟာမားကပ္စ္ရက္ဖို႔ဒ္
အတြက္ကမာၻ႔ဖလားအၿပီးယူႏိုက္တက္အတြက္၁၀ပြဲကစားရာမွာ၁၀ဂိုးေျမာက္ဂိုးလည္းျဖစ္ပါတယ္။သူ
ဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတုန္းကလည္းအဂၤလန္အတြက္၅ပြဲကစားခဲ့ရာမွာ၃ဂိုးသြင္းယူႏိုင္ခဲ့သူျဖစ္
ပါတယ္။မေန႔ညတုန္းကေနာ္တင္ဟမ္ေဖာရက္စ္ႏွင့္ပြဲတြက္ယူႏိုက္တက္ကစားသမားသစ္ေဝါက္ဝက္
ေဟာ့စ္မွာလည္းယူႏိုက္တက္အတြက္ပထမဆုံးဂိုးသြင္းႏိုင္ခဲ့သလိုဘ႐ူႏိုဖာနန္ဒက္စ္လည္းဂိုးသြင္းခဲ့ပါ
တယ္။ယူႏိုက္တက္ဟာပထမအေက်ာ့တြင္ေနာ္တင္ဟမ္ေဖာရက္စ္ကိုဂိုးျပတ္အႏိုင္ယူလိုက္ႏိုင္မႈနဲ႔အတူ
ဝင္ဘာေလသို႔ ေရာက္ရန္ေျခတစ္လွမ္းသာလိုပါေတာ့တယ္။တဖက္ဆီမီးဖိုင္နယ္တြင္နယူးကာဆယ္က
လည္းေဆာက္သမ္တန္ကိုအေဝးကြင္းမွာ၁-၀ဂိုးျဖင့္အႏိုင္ရရွိထားပါတယ္။