နောင်တရရှိကာပြန်လည်ပေါင်းထုပ်နိုင်ရေးအစွမ်းကုန်ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့ ပီကေး
ပီကေးဟာရှာကီရာနှင့်လမ်းခွဲလိုက်ပြီးနောက်နောင်တရရှိကာပြန်လည်ပေါင်းထုပ်နိုင်ရေးအစွမ်းကုန်ကြိုး
ပမ်းခဲ့ကြောင်းသိရပါတယ်။ဘာစီလိုနာနောက်ခံလူဟောင်းဟာလမ်းခွဲပြီးတစ်လအကြာမှာပဲကမ္ဘာကျော်
ပေါ့ပ်အဆိုတော်ရဲ့အချစ်ကိုပြန်လည်ရရှိရေးကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ကိုလံဘီယာပေါ့ပ်စတား
ဟာအသက်၂၃နှစ်အရွယ်ကလျာချီယာမာတီနှင့်အချစ်ဘဝသစ်စတင်နေတဲ့ဂါရတ်ပီကေးကိုလက်ခံရန်
ငြင်းပယ်ခဲ့ပါတယ်။ပီကေးနှင့်ရှာကီရာတို့ဟာပြီးခဲ့တဲ့နှစ်ဧပြီလတုန်းကသူ့တို့ရဲ့ဆယ်စုနှစ်တစ်ခုကျော်
ကြာအချစ်ဇာတ်လမ်းကိုအဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တစ်လအကြာမှာပီကေးဟာသူ့
အမှားအားလုံးအတွက်တောင်းပန်ပြီးပြန်ပေါင်းထုပ်နိုင်ရန်တောင်းဆိုခဲ့ပါတယ်။ပီကေးဟာ ဘာစီလိုနာရှိ
ကလပ်တစ်ခုတွင်စားပွဲထိုးလုပ်နေတဲ့အသက်၂၃နှစ်အရွယ်မာတီနှင့်တွေ့ဆုံချစ်ကြိုက်ခဲ့တာဖြစ်ပြီးယခု
အခါလူသိရှင်ကြားတွဲနေပြီဖြစ်ပါတယ်။ရှာကီရာဟာမကြာသေးမီတုန်းကပီကေးရဲ့သစ္စာဖောက်မှုကို
တိုက်ခိုက်ထားတဲ့စာသားပါဝင်တဲ့သီချင်းကို YouTube မှထုတ်လွှင့်ခဲ့ပြီးအကြီးအကျယ်အောင်မြင်မှုရရှိ
နေပါတယ်။
နေပါတယ်။