
မန်ချက်စတာယူနိုက်တက်အသင်း နည်းပြသစ်အဲရစ်တန်ဟက်ဟာအသင်းခေါင်းဆောင်ရာထူးနဲ့
ပတ်သက်ပြီး နောက်ခံလူမက်ဂွိုင်းယားနဲ့တွေ့ဆုံဆွေးနွေးသွားဖို့စီစဉ်နေတယ်လို့ သတင်းထွက်
နေပါတယ်။၂၀၁၉ ခုနှစ်က နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း
(၈၀)နဲ့ ယူနိုက်တက်ကိုရောက်ရှိခဲ့သူ မက်ဂွိုင်းယားဟာ၂၀၂၀၊ ဇန်နဝါရီလမှာ အသင်းခေါင်း
ဆောင်အဖြစ်ခန့်အပ်ခံခဲ့ရပေမယ့်ပြီးခဲ့တဲ့ရာသီက စိတ်ပျက်စရာစွမ်းဆောင်ရည်ကြောင့် ဝေဖန်
မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ကလပ်အသင်းမှာ မက်ဂွိုင်းယားရဲ့ ဆိုးရွားတဲ့ခြေစွမ်းကြောင့်ပြီးခဲ့
တဲ့မတ်လတုန်းက အိုင်ဗရီကို့စ်နဲ့ကစားတဲ့ပွဲမှာ အင်္ဂလန်အသင်းပရိသတ်တွေက မက်ဂွိုင်းယား
ကို လှောင်ပြောင်ကြတဲ့အထိဖြစ်ခဲ့ရပါတယ်။အဲဒါကြောင့် မက်ဂွိုင်းယားဟာ အသင်းခေါင်း
ဆောင်ရာထူးကို ဆက်လက်ပိုင်ဆိုင်ဖို့မျှော်လင့်ချက်နည်းပါးနေပြီး နည်းပြသစ်အဲရစ်တန်ဟက်
ကအသင်းခေါင်းဆောင်သစ်အတွက် ကစားသမားတွေဆီကနေမဲဆန္ဒကောက်ခံသွားဖို့ရှိနေ
တယ်လို့ အခုလအစောပိုင်းမှာ ဗြိတိန်သတင်းစာThe Sun က ဖော်ပြခဲ့ဖူးပါတယ်။ အခုလည်း
ဗြိတိန်နာမည်ကျော်သတင်းစာတစ်စောင်ဖြစ်တဲ့ The Mirror က မက်ဂွိုင်းယားဟာ အသင်း
ခေါင်းဆောင်ရာထူးနဲ့ပတ်သက်လို့ အဲရစ်တန်ဟက်နဲ့ဆွေးနွေးသွားမှာဖြစ်ပြီး သူကတော့လာ
မယ့်ရာသီမှာလည်း အသင်းခေါင်းဆောင်အဖြစ် ဆက်ကစားဖို့ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာတော့ ယူနိုက်တက်အသင်းခေါင်းဆောင်သစ်ဖြစ်လာဖို့ စီနီယာကစားသ
မားတွေထဲမှာသက်တမ်းအရှည်ဆုံးကစားသမားတစ်ဦးဖြစ်တဲ့ ဂိုးသမားဒီဂီယာက ရေပန်းစား
နေပြီးအသင်းဖော်တွေကလည်း ဒီဂီယာကို အသင်းခေါင်းဆောင် ရာထူးပေးချင်နေကြတာဖြစ်ပါတယ်။
မန္ခ်က္စတာယူႏိုက္တက္အသင္း နည္းျပသစ္အဲရစ္တန္ဟက္ဟာအသင္းေခါင္းေဆာင္ရာထူးနဲ႔
ပတ္သက္ၿပီး ေနာက္ခံလူမက္ဂြိဳင္းယားနဲ႔ေတြ႕ဆုံေဆြးေႏြးသြားဖို႔စီစဥ္ေနတယ္လို႔ သတင္းထြက္
ေနပါတယ္။၂၀၁၉ ခုႏွစ္က ေနာက္ခံလူတစ္ဦးအတြက္ ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း
(၈၀)နဲ႔ ယူႏိုက္တက္ကိုေရာက္ရွိခဲ့သူ မက္ဂြိဳင္းယားဟာ၂၀၂၀၊ ဇန္နဝါရီလမွာ အသင္းေခါင္း
ေဆာင္အျဖစ္ခန႔္အပ္ခံခဲ့ရေပမယ့္ၿပီးခဲ့တဲ့ရာသီက စိတ္ပ်က္စရာစြမ္းေဆာင္ရည္ေၾကာင့္ ေဝဖန္
မႈေတြနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။ ကလပ္အသင္းမွာ မက္ဂြိဳင္းယားရဲ႕ ဆိုး႐ြားတဲ့ေျခစြမ္းေၾကာင့္ၿပီးခဲ့
တဲ့မတ္လတုန္းက အိုင္ဗရီကို႔စ္နဲ႔ကစားတဲ့ပြဲမွာ အဂၤလန္အသင္းပရိသတ္ေတြက မက္ဂြိဳင္းယား
ကို ေလွာင္ေျပာင္ၾကတဲ့အထိျဖစ္ခဲ့ရပါတယ္။အဲဒါေၾကာင့္ မက္ဂြိဳင္းယားဟာ အသင္းေခါင္း
ေဆာင္ရာထူးကို ဆက္လက္ပိုင္ဆိုင္ဖို႔ေမွ်ာ္လင့္ခ်က္နည္းပါးေနၿပီး နည္းျပသစ္အဲရစ္တန္ဟက္
ကအသင္းေခါင္းေဆာင္သစ္အတြက္ ကစားသမားေတြဆီကေနမဲဆႏၵေကာက္ခံသြားဖို႔ရွိေန
တယ္လို႔ အခုလအေစာပိုင္းမွာ ၿဗိတိန္သတင္းစာThe Sun က ေဖာ္ျပခဲ့ဖူးပါတယ္။ အခုလည္း
ၿဗိတိန္နာမည္ေက်ာ္သတင္းစာတစ္ေစာင္ျဖစ္တဲ့ The Mirror က မက္ဂြိဳင္းယားဟာ အသင္း
ေခါင္းေဆာင္ရာထူးနဲ႔ပတ္သက္လို႔ အဲရစ္တန္ဟက္နဲ႔ေဆြးေႏြးသြားမွာျဖစ္ၿပီး သူကေတာ့လာ
မယ့္ရာသီမွာလည္း အသင္းေခါင္းေဆာင္အျဖစ္ ဆက္ကစားဖို႔ဆႏၵရွိေနတယ္လို႔ ဆိုပါတယ္။
ေလာေလာဆယ္မွာေတာ့ ယူႏိုက္တက္အသင္းေခါင္းေဆာင္သစ္ျဖစ္လာဖို႔ စီနီယာကစားသ
မားေတြထဲမွာသက္တမ္းအရွည္ဆုံးကစားသမားတစ္ဦးျဖစ္တဲ့ ဂိုးသမားဒီဂီယာက ေရပန္းစား
ေနၿပီးအသင္းေဖာ္ေတြကလည္း ဒီဂီယာကို အသင္းေခါင္းေဆာင္ ရာထူးေပးခ်င္ေနၾကတာျဖစ္ပါတယ္။