
ပီအက်စ်ဂျီပိုင်ရှင်များဟာလာလီဂါကလပ်အက်စ်ပန်ညိုကိုဝယ်ယူပြီး ဘာစီလိုနာကိုနာကျင်အောင်လုပ်
ဆောင်လာရေးစီစဉ်နေပါတယ်။စပိန်သတင်းစာ SPORT ကပီအက်စ်ဂျီဟာအက်စ်ပန်ညိုကိုဝယ်ယူပြီး
ဘာစီလိုနာကိုရင်ဘောင်တန်းနိုင်တဲ့အသင်းတစ်သင်းဖြစ်လာရေးတည်ဆောက်ရန်ဆန္ဒရှိနေကြောင်းသိ
ရပါတယ်။ပီအက်စ်ဂျီဟာ၂၀၁၇ခုနှစ်တုန်းကနေမာကိုParc des Princesသို့ခေါ်ယူလိုက်ပြီးတဲ့နောက်ဘာ
စီလိုနာနှင့်အဆင်မပြေဖြစ်လာခဲ့တာပါ။၎င်းတို့ဟာပြီးခဲ့တဲ့နှစ်နွေတုန်းကဘာစီလိုနာဂန္ထဝင်မက်ဆီကိုအ
လွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ပါသေးတယ်။နွေရာသီမှာလည်းပီအက်စ်ဂျီဥက္ကဌနက်စ်ဆာအယ်ခီ
လိုင်ဖီဟာဘာစီလိုနာရဲ့နွေရာသီအပြောင်းအရွှေ့ငွေအသုံးကြမ်းမှာဥပဒေဘောင်အတွင်းလုပ်ဆောင်မှု
လားလို့မေးခွန်းထုတ်ခဲ့ပါသေးတယ်။ယခုထွက်ပေါ်လာတဲ့သတင်းအရပီအက်စ်ဂျီပိုင်ရှင်တို့ဟာဘာစီလို
နာရဲ့မြို့ခံပြိုင်ဘက်အက်စ်ပန်ညိုကိုဝယ်ယူရန်စီစဉ်နေကြောင်းသိရပါတယ်။ပီအက်စ်ဂျီပိုင်ရှင် ကာတာ
အကြီးအကဲတီမမ်ဘင်ဟာမက်အယ်သာနီဟာ အက်စ်ပန်ညိုကိုဝယ်ယူပြီးဘာစီလိုနာရဲ့လောင်းရိပ်
အောက်မှရုန်းထွက်နိုင်တဲ့အသင်းတစ်သင်းအဖြစ်တည်ဆောက်လိုနေကြောင်းသိရပါတယ်။လက်ရှိအ
ချိန်တွင်အက်စ်ပန်ညိုကိုတရုတ်ကစားစရာအရုပ်ကုမ္ပဏီ Rastar Group ကပိုင်ဆိုင်ပါတယ်။၎င်းတို့ဟာ
ကလပ်တွင်များစွာရင်းနှီးမြှပ်နှံမှုမလုပ်နိုင်မှုနှင့်အတူ အသင်းကိုပိုင်ရှင်သစ်ထံသို့ရောင်းချရန်အသင့်ရှိနေ
ပါတယ်။ပီအက်စ်ဂျီဥက္ကဌအယ်ခီလိုင်ဖီဟာအက်စ်ပန်ညိုကိုဝယ်ယူရေးအတွက်ဆွေးနွေးမှုများပင်ပြု
လုပ်ထားပြီးပြီဖြစ်ကြောင်းသိရပါတယ်။အက်စ်ပန်ညိုဟာလက်ရှိအချိန်တွင်လာလီဂါအမှတ်ပေးဇယား
အဆင့်၁၇နေရာတွင်ရပ်တည်နေပါတယ်။၎င်းတို့ဟာယခုရာသီတွင်တစ်ပွဲနိုင်၊တစ်ပွဲသရေနှင့်၄ပွဲရှုံးရလဒ်
ရရှိထားပါတယ်။
ပီအက္စ္ဂ်ီပိုင္ရွင္မ်ားဟာလာလီဂါကလပ္အက္စ္ပန္ညိဳကိုဝယ္ယူၿပီး ဘာစီလိုနာကိုနာက်င္ေအာင္လုပ္
ေဆာင္လာေရးစီစဥ္ေနပါတယ္။စပိန္သတင္းစာ SPORT ကပီအက္စ္ဂ်ီဟာအက္စ္ပန္ညိဳကိုဝယ္ယူၿပီး
ဘာစီလိုနာကိုရင္ေဘာင္တန္းႏိုင္တဲ့အသင္းတစ္သင္းျဖစ္လာေရးတည္ေဆာက္ရန္ဆႏၵရွိေနေၾကာင္းသိ
ရပါတယ္။ပီအက္စ္ဂ်ီဟာ၂၀၁၇ခုႏွစ္တုန္းကေနမာကိုParc des Princesသို႔ေခၚယူလိုက္ၿပီးတဲ့ေနာက္ဘာ
စီလိုနာႏွင့္အဆင္မေျပျဖစ္လာခဲ့တာပါ။၎တို႔ဟာၿပီးခဲ့တဲ့ႏွစ္ေႏြတုန္းကဘာစီလိုနာဂႏၴဝင္မက္ဆီကိုအ
လြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေခၚယူခဲ့ပါေသးတယ္။ေႏြရာသီမွာလည္းပီအက္စ္ဂ်ီဥကၠဌနက္စ္ဆာအယ္ခီ
လိုင္ဖီဟာဘာစီလိုနာရဲ႕ေႏြရာသီအေျပာင္းအေ႐ႊ႕ေငြအသုံးၾကမ္းမွာဥပေဒေဘာင္အတြင္းလုပ္ေဆာင္မႈ
လားလို႔ေမးခြန္းထုတ္ခဲ့ပါေသးတယ္။ယခုထြက္ေပၚလာတဲ့သတင္းအရပီအက္စ္ဂ်ီပိုင္ရွင္တို႔ဟာဘာစီလို
နာရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္အက္စ္ပန္ညိဳကိုဝယ္ယူရန္စီစဥ္ေနေၾကာင္းသိရပါတယ္။ပီအက္စ္ဂ်ီပိုင္ရွင္ ကာတာ
အႀကီးအကဲတီမမ္ဘင္ဟာမက္အယ္သာနီဟာ အက္စ္ပန္ညိဳကိုဝယ္ယူၿပီးဘာစီလိုနာရဲ႕ေလာင္းရိပ္
ေအာက္မွ႐ုန္းထြက္ႏိုင္တဲ့အသင္းတစ္သင္းအျဖစ္တည္ေဆာက္လိုေနေၾကာင္းသိရပါတယ္။လက္ရွိအ
ခ်ိန္တြင္အက္စ္ပန္ညိဳကိုတ႐ုတ္ကစားစရာအ႐ုပ္ကုမၸဏီ Rastar Group ကပိုင္ဆိုင္ပါတယ္။၎တို႔ဟာ
ကလပ္တြင္မ်ားစြာရင္းႏွီးျမႇပ္ႏွံမႈမလုပ္ႏိုင္မႈႏွင့္အတူ အသင္းကိုပိုင္ရွင္သစ္ထံသို႔ေရာင္းခ်ရန္အသင့္ရွိေန
ပါတယ္။ပီအက္စ္ဂ်ီဥကၠဌအယ္ခီလိုင္ဖီဟာအက္စ္ပန္ညိဳကိုဝယ္ယူေရးအတြက္ေဆြးေႏြးမႈမ်ားပင္ျပဳ
လုပ္ထားၿပီးၿပီျဖစ္ေၾကာင္းသိရပါတယ္။အက္စ္ပန္ညိဳဟာလက္ရွိအခ်ိန္တြင္လာလီဂါအမွတ္ေပးဇယား
အဆင့္၁၇ေနရာတြင္ရပ္တည္ေနပါတယ္။၎တို႔ဟာယခုရာသီတြင္တစ္ပြဲႏိုင္၊တစ္ပြဲသေရႏွင့္၄ပြဲရႈံးရလဒ္
ရရွိထားပါတယ္။