နူးကမ့်မှထွက်ခွာမယ်လို့ ရေးသားနေမှုများအား သတင်းမှားဆိုပြီးတုံ့ပြန်လိုက်တဲ့ ဘာစီလိုနာအသင်းခေါင်းဆောင်
ဘာစီလိုနာအသင်းခေါင်းဆောင်ဆာဂျီယိုဘက်စကွက်က လာမယ့်နွေရာသီတွင်ဘာစီလိုနာနှင့်စာချုပ်
သက်တမ်းကုန်ဆုံးချိန်မှာနူးကမ့်မှထွက်ခွာမယ်လို့ ရေးသားနေမှုများအားသတင်းမှားဆိုပြီးတုံ့ပြန်လာပါ
တယ်။အသက်၃၄နှစ်ရှိစပိန်အသင်းခေါင်းဆောင်ဟာယခုရာသီအကုန်တွင်ဘာစီလိုနာနှင့်စာချုပ်သက်
တမ်းကုန်ဆုံးမှာဖြစ်ပြီးလာလီဂါထိပ်သီးကလည်းသူ့ကို ထွက်ခွာခွင့်ပေးသွားမှာဖြစ်ကြောင်းသတင်းထွက်
နေပါတယ်။ဘက်စကွက်ဟာဘာစီလိုနာသမိုင်းတွင်မက်ဆီ၊ဇာဗီးတို့ပြီးနောက်တတိယပွဲအများဆုံးကစား
ထားသူအဖြစ်မှတ်တမ်းရေးထိုးထားသူဖြစ်ပြီး ပြီးခဲ့တဲ့အပတ်တုန်းကအယ်လ်ချီကိုအနိုင်ရတဲ့ပွဲမှာအရန်ခုံ
မှာထိုင်နေခဲ့ရပါတယ်။ယခုအပတ်အစောပိုင်းတုန်းက Diario Sport ကဘက်စကွက်ဟာယခုရာသီအကုန်
တွင်ဘာစီလိုနာမှထွက်ခွာမည်ဖြစ်ပြီး မေဂျာလိဂ်ကလပ်အင်တာမီယာမီထံမှကမ်းလှမ်းမှုရရှိလာနိုင်
ကြောင်းဖော်ပြသွားပါတယ်။ဒါပေမဲ့ဘက်စကွက်က “ဘာမှလည်းပြောစရာမရှိတော့ ဘာမှလည်းပြောဖို့မ
ရှိပါဘူး။ကောလာဟလတွေထွက်လာပေမဲ့ဘာမှမရှိပါဘူး။ဘာတရားဝင်ထုတ်ပြန်မှုမှမရှိပါဘူး။ဒီရာသီ
မှာဘာတွေလုပ်နိုင်မယ်ဆိုတာပဲကြည့်မယ်။ဒီထက်ပိုပြီးဘာမှမရှိဘူး။ကိုယ့်ကိုယ်ကိုယ်ပျော်အောင်ထား
ချင်တယ်။ပြီးတော့မှဘာဖြစ်လာမယ်ဆိုတာကြည့်မယ်။ကျွန်တော့်အသက်၂၀နှစ်အရွယ်မျိုးမဟုတ်တော့
တာသေချာတယ်။ကျွန်တော့်စာချုပ်နောက်ဆုံးနှစ်သို့ရောက်နေတာကအမှန်တရားပါ။ဒါပေမဲ့အခုထွက်
ပေါ်နေတဲ့သတင်းကလုံးဝအမှားတွေပါ”လို့ပြောကြားသွားပါတယ်။