နိုင်ပွဲပျောက်ဆုံးနေတဲ့ အင်္ဂလန်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ်ရပ်တည်နေဆဲဖြစ်ကြောင်းပြောကြားလာတဲ့ အီတလီနည်းပြ

အီတလီနည်းပြရောဘတ်တိုမန်စီနီကအင်္ဂလန်အသင်းမှာနေးရှင်းလိဂ်ပြိုင်ပွဲတွင်နိုင်ပွဲပျောက်ဆုံးနေပေ

မဲ့လည်းကမ္ဘာ့အကောင်းဆုံးအသင်းများထဲမှတစ်သင်းအဖြစ်ရပ်တည်နေဆဲဖြစ်ကြောင်းပြောကြားလာ

ပါတယ်။ရောဘတ်တိုမန်စီနီရဲ့အီတလီအသင်းဟာဝင်ဘာလေကွင်းမှာကစားတဲ့ယူရို၂၀၂၀ဗိုလ်လုပွဲတွင်

အင်္ဂလန်ကိုအနိုင်ရရှိခဲ့ပေမဲ့လည်းကမ္ဘာ့ဖလားခြေစစ်ပွဲကျခဲ့ပါတယ်။အင်္ဂလန်မှာကမ္ဘာ့ဖလားခြေစစ်ပွဲ

အောင်မြင်ခဲ့ပါတယ်။ဒါပေမဲ့အင်္ဂလန်ဟာနေးရှင်းလိဂ်ပွဲ၄ပွဲကစားရာမှာနိုင်ပွဲပျောက်ဆုံးနေပြီးတန်းဆင်း

ရမယ့်အရေးနှင့်ကြုံတွေ့နေရပါတယ်။ဒါပေမဲ့ယနေ့ညတွင်မီလန်တွင်အင်္ဂလန်ကိုဧည့်ခံကစားရမယ့်ပွဲမ

တိုင်မီမန်စီနီက “အင်္ဂလန်ကကြီးကျယ်တဲ့အသင်းတစ်သင်းအဖြစ်ရှိနေတုန်းပါ။ယူရို၂၀၂၀တုန်းကတ

ကယ့်ကိုအသင်းကောင်းပါ။အရင်တုန်းကလည်းကြီးကျယ်တဲ့အသင်းတစ်သင်းပါ”လို့ပြောကြားသွားပါ

တယ်။အင်္ဂလန်ဟာမီလန်တွင်အီတလီ(သို့မဟုတ်)ဝင်ဘာလေတွင်ဂျာမနီကိုအနိုင်မရရှိပါက League B

သို့တန်းဆင်းရပါမယ်။ဆက်လက်ပြီးမန်စီနီက “အင်္ဂလန်ကပါရမီရှင်တွေပြည့်နှက်နေတဲ့ကမ္ဘာ့အကောင်း

ဆုံးအသင်းတွေထဲတစ်သင်းပါ။တကယ့်ကိုကောင်းမွန်တဲ့ဟယ်ရီကိန်းအပြင်ကစားသမားကောင်းတွေ

အများကြီးရှိတယ်။သူ့နားမှာကွဲပြားအောင်လုပ်နိုင်တဲ့လူငယ်တွေလည်းရှိပါတယ်။ဒီတော့ကျွန်တော်တို့

အတွက်ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာပါမယ်”လို့ပြောကြားသွားပါတယ်။အင်္ဂလန်ကွင်းလယ်ကစားသမားဂျော်

ဒန်ဟင်ဒါဆင်မှာတံကောက်ကြောဒဏ်ရာကြောင့်အနားယူနေရမှုနှင့်အတူ အီတလီနှင့်ပွဲတွင်ပါဝင်နိုင်ဦး

မှာမဟုတ်သေးဘဲတနင်္လာနေ့ ဂျာမနီနှင့်ပွဲတွင်မှပါဝင်နိုင်ပါမယ်။အင်္ဂလန်အသင်းဟာအီတလီနှင့်ဂျာမနီ

တို့ကိုအနိုင်မရရှိပါက လာမယ့်လ၂၀၂၄ ယူရိုပြိုင်ပွဲအတွက်ခြေစစ်ပွဲအဆင့်အုပ်စုမဲခွဲမှုတွင်ဆီဒင်ရရှိလာ

မှာမဟုတ်ဘဲ မဲအိုး(၂)တွင်ရပ်တည်ရမယ့်အခြေအနေမျိုးနှင့်လည်းကြုံနေရပါတယ်။ အင်္ဂလန်ဟာမဲအိုး

(၂)တွင်ရပ်တည်ရမည်ဆိုပါကအုပ်စုကြပ်ထဲကျရောက်ဖို့သေချာနေပါတယ်။

အီတလီနည္းျပေရာဘတ္တိုမန္စီနီကအဂၤလန္အသင္းမွာေနးရွင္းလိဂ္ၿပိဳင္ပြဲတြင္ႏိုင္ပြဲေပ်ာက္ဆုံးေနေပ

မဲ့လည္းကမာၻ႔အေကာင္းဆုံးအသင္းမ်ားထဲမွတစ္သင္းအျဖစ္ရပ္တည္ေနဆဲျဖစ္ေၾကာင္းေျပာၾကားလာ

ပါတယ္။ေရာဘတ္တိုမန္စီနီရဲ႕အီတလီအသင္းဟာဝင္ဘာေလကြင္းမွာကစားတဲ့ယူ႐ို၂၀၂၀ဗိုလ္လုပြဲတြင္

အဂၤလန္ကိုအႏိုင္ရရွိခဲ့ေပမဲ့လည္းကမာၻ႔ဖလားေျခစစ္ပြဲက်ခဲ့ပါတယ္။အဂၤလန္မွာကမာၻ႔ဖလားေျခစစ္ပြဲ

ေအာင္ျမင္ခဲ့ပါတယ္။ဒါေပမဲ့အဂၤလန္ဟာေနးရွင္းလိဂ္ပြဲ၄ပြဲကစားရာမွာႏိုင္ပြဲေပ်ာက္ဆုံးေနၿပီးတန္းဆင္း

ရမယ့္အေရးႏွင့္ႀကဳံေတြ႕ေနရပါတယ္။ဒါေပမဲ့ယေန႔ညတြင္မီလန္တြင္အဂၤလန္ကိုဧည့္ခံကစားရမယ့္ပြဲမ

တိုင္မီမန္စီနီက “အဂၤလန္ကႀကီးက်ယ္တဲ့အသင္းတစ္သင္းအျဖစ္ရွိေနတုန္းပါ။ယူ႐ို၂၀၂၀တုန္းကတ

ကယ့္ကိုအသင္းေကာင္းပါ။အရင္တုန္းကလည္းႀကီးက်ယ္တဲ့အသင္းတစ္သင္းပါ”လို႔ေျပာၾကားသြားပါ

တယ္။အဂၤလန္ဟာမီလန္တြင္အီတလီ(သို႔မဟုတ္)ဝင္ဘာေလတြင္ဂ်ာမနီကိုအႏိုင္မရရွိပါက League B

သို႔တန္းဆင္းရပါမယ္။ဆက္လက္ၿပီးမန္စီနီက “အဂၤလန္ကပါရမီရွင္ေတြျပည့္ႏွက္ေနတဲ့ကမာၻ႔အေကာင္း

ဆုံးအသင္းေတြထဲတစ္သင္းပါ။တကယ့္ကိုေကာင္းမြန္တဲ့ဟယ္ရီကိန္းအျပင္ကစားသမားေကာင္းေတြ

အမ်ားႀကီးရွိတယ္။သူ႔နားမွာကြဲျပားေအာင္လုပ္ႏိုင္တဲ့လူငယ္ေတြလည္းရွိပါတယ္။ဒီေတာ့ကြၽန္ေတာ္တို႔

အတြက္ခက္ခဲတဲ့ပြဲတစ္ပြဲျဖစ္လာပါမယ္”လို႔ေျပာၾကားသြားပါတယ္။အဂၤလန္ကြင္းလယ္ကစားသမားေဂ်ာ္

ဒန္ဟင္ဒါဆင္မွာတံေကာက္ေၾကာဒဏ္ရာေၾကာင့္အနားယူေနရမႈႏွင့္အတူ အီတလီႏွင့္ပြဲတြင္ပါဝင္ႏိုင္ဦး

မွာမဟုတ္ေသးဘဲတနလၤာေန႔ ဂ်ာမနီႏွင့္ပြဲတြင္မွပါဝင္ႏိုင္ပါမယ္။အဂၤလန္အသင္းဟာအီတလီႏွင့္ဂ်ာမနီ

တို႔ကိုအႏိုင္မရရွိပါက လာမယ့္လ၂၀၂၄ ယူ႐ိုၿပိဳင္ပြဲအတြက္ေျခစစ္ပြဲအဆင့္အုပ္စုမဲခြဲမႈတြင္ဆီဒင္ရရွိလာ

မွာမဟုတ္ဘဲ မဲအိုး(၂)တြင္ရပ္တည္ရမယ့္အေျခအေနမ်ိဳးႏွင့္လည္းႀကဳံေနရပါတယ္။ အဂၤလန္ဟာမဲအိုး

(၂)တြင္ရပ္တည္ရမည္ဆိုပါကအုပ္စုၾကပ္ထဲက်ေရာက္ဖို႔ေသခ်ာေနပါတယ္။