နိုင်တစ်ခါ၊ ရှုံးတစ်လှည့်နဲ့ ပရိသတ်တွေကို ရင်ခုန်စရာတွေအမြဲဖန်တီးပေးနေတဲ့ ယူနိုက်တက်

အမှန်အတိုင်းပြောရရင်တော့ ဒီပွဲအတွက် ပွဲပြီးသုံးသပ်ချက်တွေတောင် ဘာမှထူးထူးခြားခြားရေးစရာမလိုဘူးလို့ထင်မိတယ်။

ထုံးစံအတိုင်း မန်ချက်စတာယူနိုက်တက် အသည်းအသန်ကစားရတယ်၊ ကစားသမားတွေက ပွဲအလှည့်အပြောင်းလုပ်နိုင်ရင် နိုင်မယ်၊ မဟုတ်ရင် သရေ ဒါမှမဟုတ်ရှုံးမယ်ဆိုတာ ပရိသတ်တွေအားလုံးလည်း သိပြီးသားဖြစ်လောက်နေပါပြီ။

ဒီရာသီမှာ ယူနိုက်တက်အသင်း အခုအချိန်အထိ ပရီးမီးယားလိဂ်ကြီး(၆)ကြီးစာရင်းဝင်အသင်းတွေနဲ့ တစ်ပွဲမှမတွေ့ရသေးပါဘူး။

ဒါပေမဲ့ ကစားခဲ့တဲ့(၇)ပွဲမှာ ဖြစ်နိုင်ခြေရှိတဲ့အမှတ်(၂၁)မှတ်ထဲက (၁၄)မှတ်သာရခဲ့ပြီး ရမှတ်ဆုံးရှုံးမှုက (၇)မှတ်အထိရှိနေပြီ။

အမှတ်ဆုံးရှုံးခဲ့တဲ့ပွဲတွေကိုကြည့်ရင် ဆောက်သမ်တန်ကို အဝေးကွင်းသရေ၊ အိမ်ကွင်းမှာ ဗီလာကိုရှုံး၊ အခု အဲဗာတန်နဲ့သရေထပ်ကျလို့ အမှတ်တွေ အလဟဿပြုန်းတီးခဲ့ရတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဖလား မျှော်လင့်နေတဲ့အသင်းက ဒီလိုရလဒ်မျိုးလောက်နဲ့မဖြစ်သင့်ဘူးဆိုတာ ဂလေဇာမိသားစုကလွဲလို့ ကျန်တဲ့လူတွေ အားလုံးသဘောပေါက်ထားပြီးသားပါ။

ဆိုးလ်ရှားကို ထုတ်ပါတော့လို့ ပရိသတ်တွေ ဘာလို့တောင်းဆိုနေရတာလဲဆိုရင် သိပ်များများစားစားကြီး စဉ်းစားစရာမလိုဘဲ အခုလက်ရှိလူအင်အားနဲ့ လက်ရှိအသင်းရလဒ်ကို ထပ်တူချကြည့်ရင်ပဲသိသာနေပါပြီ။ အခုပွဲမတိုင်ခင်ကတည်းက ယူနိုက်တက် အဲဗာတန်ကိုမနိုင်ဘူးဆိုတာ ကြိုတွေးထားပြီးသားပါပဲ။

ဖာဂီလို နည်းပြလက်ထက်မှာတောင် အဲဗာတန်ကို အသည်းအသန်ကန်ခဲ့ရတာ ဆိုးလ်ရှားလို ငမြောက်ငခြောက်နည်းပြမျိုးနဲ့ဆို ပိုတောင်ဆိုးသွားမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။

အရှင်းဆုံးပြောရရင်တော့ ဆိုးလ်ရှားရဲ့ Match Plan က ဘာလဲဆိုတာ ပြိုင်ဘက်နည်းပြတွေအားလုံးကြိုတင်ခန့်မှန်းလို့ရပြီး ပြိုင်ဘက်တွေကို လွှမ်းမိုးနိုင်အောင်ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ဆိုးလ်ရှား အခုထိမသိသေးပါဘူး။

အရင်တုန်းကတော့ လူအင်အားအရ အားနည်းချက်တွေရှိနေလို့ ဆိုးလ်ရှား အရည်အချင်းမရှိတာတောင် နည်းနည်းလက်ခံခွင့်လွှတ်ပေးလို့ရပေမယ့် အခုလိုမျိုး လူစာရင်း၊ အစုအဖွဲ့မျိုးနဲ့တောင် အသင်းနဲ့ကိုက်ညီမယ့်နည်းဗျူဟာ၊ ပွဲကစားချိန်အတွင်း အခြေအနေပေါ်လိုက်ပြီး

ဘယ်လို နည်းစနစ်တွေပြောင်းလဲကစားသင့်လဲဆိုတာတောင် မသိတဲ့နည်းပြတစ်ဦးရဲ့လက်ထက်မှာ ယူနိုက်တက်အသင်းရဲ့ရလဒ်တွေက ဒီလိုပဲတည်ငြိမ်မှုမရှိဘဲနဲ့ နိုင်လိုက်၊ သရေကျလိုက်၊ ရှုံးလိုက်နဲ့ဖြစ်နေဦးမှာပါပဲ။

အခုပွဲမှာ ကျေနပ်စရာကောင်းတာတစ်ခုကတော့ မာစီယဲလ်ဟာ အရင်လို တိုက်စစ်ဘယ်ခြမ်းမှာ တစ်ချိန်ကခြေစွမ်းမျိုးပြသနိုင်ခဲ့တာဖြစ်ပြီး သူ ကန်နေကျပုံစံအတိုင်းပဲ ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

ဒီဂိုးက ဖေဖော်ဝါရီနောက်ပိုင်း ယူနိုက်တက်အသင်းအတွက် မာစီယဲလ် ပထမဆုံးအကြိမ်ဂိုးပေါက်ပြန်တွေ့ခဲ့တာဖြစ်ပြီး အဲဗာတန်အသင်းဘက်ကို ပရီးမီးယားလိဂ်မှာ စုစုပေါင်း(၅)ဂိုးအထိသွင်းယူနိုင်တာပဲဖြစ်ပါတယ်။

ဘင်နီတက်ဇ်ကတော့ ၀ါရင့်နည်းပြလည်းဖြစ်၊ ယူနိုက်တက်အကြောင်းကိုလည်း သိထားတဲ့သူဖြစ်လို့ ဂိုးပေးလိုက်ရပေမယ့် သူ့ကစားဟန်အတိုင်းပဲ တည်တည်ငြိမ်ငြိမ်နဲ့ဆက်သွားပြီး အချိန်တန်ရင် ချေပဂိုးရမယ်ဆိုတာ ကြိုသိနေတဲ့အတိုင်းပါပဲ။

အဲဒါကြောင့်ပဲ ဒုတိယပိုင်းမှာ Counter ကနေ ဒူကူရီပေးတာကနေ တောင်ဆန်က ချေပဂိုးသွင်းယူခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင် တိုက်စစ်လမ်းကြောင်းစတင်လာတဲ့ ဒယ်မာရွိုင်းဂရေးကို ဖရက်ဒ် Foul လုပ်ပြီးတော့ တားဆီးသင့်ပေမယ့် ပြတ်ပြတ်သားသားမရှင်းထုတ်ခဲ့လို့ အခုလိုဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာကစားခဲ့တဲ့ နောက်ဆုံးလိဂ်ပွဲစဉ်(၉)ပွဲမှာပွဲတိုင်းဂိုးပေးခဲ့ရပြီး အသင်းသမိုင်းတစ်လျှောက် အိမ်ကွင်းပွဲဆက်ပေးဂိုးအများဆုံးပွဲအရေအတွက်ကိုမီဖို့ တစ်ပွဲသာလိုပါတော့တယ်။

လက်ကျန်မိနစ်တွေမှာ ယူနိုက်တက် ချေပဂိုးရဖို့ တိုက်စစ်တင်ကစားပေမယ့် ထုံးစံအတိုင်းပဲ ဝေ့လည်ကြောင်ပတ်ကစားဟန်နဲ့ ထိရောက်တဲ့တိုက်စစ်ဆင်မှုမျိုးမရှိဘဲ ပရီးမီးယားလိဂ်အိမ်ကွင်းနှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရပါတယ်။

zawgyi

ႏိုင္တစ္ခါ၊ ရႈံးတစ္လွည့္နဲ႔ ပရိသတ္ေတြကို ရင္ခုန္စရာေတြအၿမဲဖန္တီးေပးေနတဲ့ ယူႏိုက္တက္

အမွန္အတိုင္းေျပာရရင္ေတာ့ ဒီပြဲအတြက္ ပြဲၿပီးသုံးသပ္ခ်က္ေတြေတာင္ ဘာမွထူးထူးျခားျခားေရးစရာမလိုဘူးလို႔ထင္မိတယ္။ ထုံးစံအတိုင္း မန္ခ်က္စတာယူႏိုက္တက္ အသည္းအသန္ကစားရတယ္၊ ကစားသမားေတြက ပြဲအလွည့္အေျပာင္းလုပ္ႏိုင္ရင္ ႏိုင္မယ္၊ မဟုတ္ရင္ သေရ ဒါမွမဟုတ္ရႈံးမယ္ဆိုတာ ပရိသတ္ေတြအားလုံးလည္း သိၿပီးသားျဖစ္ေလာက္ေနပါၿပီ။ ဒီရာသီမွာ ယူႏိုက္တက္အသင္း အခုအခ်ိန္အထိ ပရီးမီးယားလိဂ္ႀကီး(၆)ႀကီးစာရင္းဝင္အသင္းေတြနဲ႔ တစ္ပြဲမွမေတြ႕ရေသးပါဘူး။ ဒါေပမဲ့ ကစားခဲ့တဲ့(၇)ပြဲမွာ ျဖစ္ႏိုင္ေျခရွိတဲ့အမွတ္(၂၁)မွတ္ထဲက (၁၄)မွတ္သာရခဲ့ၿပီး ရမွတ္ဆုံးရႈံးမႈက (၇)မွတ္အထိရွိေနၿပီ။ အမွတ္ဆုံးရႈံးခဲ့တဲ့ပြဲေတြကိုၾကည့္ရင္ ေဆာက္သမ္တန္ကို အေဝးကြင္းသေရ၊ အိမ္ကြင္းမွာ ဗီလာကိုရႈံး၊ အခု အဲဗာတန္နဲ႔သေရထပ္က်လို႔ အမွတ္ေတြ အလဟႆျပဳန္းတီးခဲ့ရတယ္။ ပရီးမီးယားလိဂ္ခ်န္ပီယံဖလား ေမွ်ာ္လင့္ေနတဲ့အသင္းက ဒီလိုရလဒ္မ်ိဳးေလာက္နဲ႔မျဖစ္သင့္ဘူးဆိုတာ ဂေလဇာမိသားစုကလြဲလို႔ က်န္တဲ့လူေတြ အားလုံးသေဘာေပါက္ထားၿပီးသားပါ။ ဆိုးလ္ရွားကို ထုတ္ပါေတာ့လို႔ ပရိသတ္ေတြ ဘာလို႔ေတာင္းဆိုေနရတာလဲဆိုရင္ သိပ္မ်ားမ်ားစားစားႀကီး စဥ္းစားစရာမလိုဘဲ အခုလက္ရွိလူအင္အားနဲ႔ လက္ရွိအသင္းရလဒ္ကို ထပ္တူခ်ၾကည့္ရင္ပဲသိသာေနပါၿပီ။ အခုပြဲမတိုင္ခင္ကတည္းက ယူႏိုက္တက္ အဲဗာတန္ကိုမႏိုင္ဘူးဆိုတာ ႀကိဳေတြးထားၿပီးသားပါပဲ။ ဖာဂီလို နည္းျပလက္ထက္မွာေတာင္ အဲဗာတန္ကို အသည္းအသန္ကန္ခဲ့ရတာ ဆိုးလ္ရွားလို ငေျမာက္ငေျခာက္နည္းျပမ်ိဳးနဲ႔ဆို ပိုေတာင္ဆိုးသြားမယ္ဆိုတာ ေျမႀကီးလက္ခတ္မလြဲပါဘူး။ အရွင္းဆုံးေျပာရရင္ေတာ့ ဆိုးလ္ရွားရဲ႕ Match Plan က ဘာလဲဆိုတာ ၿပိဳင္ဘက္နည္းျပေတြအားလုံးႀကိဳတင္ခန႔္မွန္းလို႔ရၿပီး ၿပိဳင္ဘက္ေတြကို လႊမ္းမိုးႏိုင္ေအာင္ဘယ္လိုျပင္ဆင္ရမလဲဆိုတာ ဆိုးလ္ရွား အခုထိမသိေသးပါဘူး။

အရင္တုန္းကေတာ့ လူအင္အားအရ အားနည္းခ်က္ေတြရွိေနလို႔ ဆိုးလ္ရွား အရည္အခ်င္းမရွိတာေတာင္ နည္းနည္းလက္ခံခြင့္လႊတ္ေပးလို႔ရေပမယ့္ အခုလိုမ်ိဳး လူစာရင္း၊ အစုအဖြဲ႕မ်ိဳးနဲ႔ေတာင္ အသင္းနဲ႔ကိုက္ညီမယ့္နည္းဗ်ဴဟာ၊ ပြဲကစားခ်ိန္အတြင္း အေျခအေနေပၚလိုက္ၿပီး ဘယ္လို နည္းစနစ္ေတြေျပာင္းလဲကစားသင့္လဲဆိုတာေတာင္ မသိတဲ့နည္းျပတစ္ဦးရဲ႕လက္ထက္မွာ ယူႏိုက္တက္အသင္းရဲ႕ရလဒ္ေတြက ဒီလိုပဲတည္ၿငိမ္မႈမရွိဘဲနဲ႔ ႏိုင္လိုက္၊ သေရက်လိုက္၊ ရႈံးလိုက္နဲ႔ျဖစ္ေနဦးမွာပါပဲ။ အခုပြဲမွာ ေက်နပ္စရာေကာင္းတာတစ္ခုကေတာ့ မာစီယဲလ္ဟာ အရင္လို တိုက္စစ္ဘယ္ျခမ္းမွာ တစ္ခ်ိန္ကေျခစြမ္းမ်ိဳးျပသႏိုင္ခဲ့တာျဖစ္ၿပီး သူ ကန္ေနက်ပုံစံအတိုင္းပဲ ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။ ဒီဂိုးက ေဖေဖာ္ဝါရီေနာက္ပိုင္း ယူႏိုက္တက္အသင္းအတြက္ မာစီယဲလ္ ပထမဆုံးအႀကိမ္ဂိုးေပါက္ျပန္ေတြ႕ခဲ့တာျဖစ္ၿပီး အဲဗာတန္အသင္းဘက္ကို ပရီးမီးယားလိဂ္မွာ စုစုေပါင္း(၅)ဂိုးအထိသြင္းယူႏိုင္တာပဲျဖစ္ပါတယ္။ ဘင္နီတက္ဇ္ကေတာ့ ၀ါရင့္နည္းျပလည္းျဖစ္၊ ယူႏိုက္တက္အေၾကာင္းကိုလည္း သိထားတဲ့သူျဖစ္လို႔ ဂိုးေပးလိုက္ရေပမယ့္ သူ႔ကစားဟန္အတိုင္းပဲ တည္တည္ၿငိမ္ၿငိမ္နဲ႔ဆက္သြားၿပီး အခ်ိန္တန္ရင္ ေခ်ပဂိုးရမယ္ဆိုတာ ႀကိဳသိေနတဲ့အတိုင္းပါပဲ။ အဲဒါေၾကာင့္ပဲ ဒုတိယပိုင္းမွာ Counter ကေန ဒူကူရီေပးတာကေန ေတာင္ဆန္က ေခ်ပဂိုးသြင္းယူခဲ့တာျဖစ္ၿပီး အဲဒီမတိုင္ခင္ တိုက္စစ္လမ္းေၾကာင္းစတင္လာတဲ့ ဒယ္မာ႐ြိဳင္းဂေရးကို ဖရက္ဒ္ Foul လုပ္ၿပီးေတာ့ တားဆီးသင့္ေပမယ့္ ျပတ္ျပတ္သားသားမရွင္းထုတ္ခဲ့လို႔ အခုလိုဂိုးေပးခဲ့ရတာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ အိုးလ္ထရက္ဖို႔ဒ္မွာကစားခဲ့တဲ့ ေနာက္ဆုံးလိဂ္ပြဲစဥ္(၉)ပြဲမွာပြဲတိုင္းဂိုးေပးခဲ့ရၿပီး အသင္းသမိုင္းတစ္ေလွ်ာက္ အိမ္ကြင္းပြဲဆက္ေပးဂိုးအမ်ားဆုံးပြဲအေရအတြက္ကိုမီဖို႔ တစ္ပြဲသာလိုပါေတာ့တယ္။ လက္က်န္မိနစ္ေတြမွာ ယူႏိုက္တက္ ေခ်ပဂိုးရဖို႔ တိုက္စစ္တင္ကစားေပမယ့္ ထုံးစံအတိုင္းပဲ ေဝ့လည္ေၾကာင္ပတ္ကစားဟန္နဲ႔ ထိေရာက္တဲ့တိုက္စစ္ဆင္မႈမ်ိဳးမရွိဘဲ ပရီးမီးယားလိဂ္အိမ္ကြင္းႏွစ္ပြဲဆက္ ႏိုင္ပြဲေပ်ာက္ခဲ့ရပါတယ္။