နိုင်ငံ့အသင်းလိုဂိုဒီဇိုင်းပြောင်းလဲလိုက်တဲ့ အီတလီဘောလုံးအဖွဲ့ချုပ်ကို ပရိသတ်များသဘောမကျ

အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့လိုဂိုသစ်အွန်လိုင်းမှာထွက်ပေါ်လာပါတယ်။ဘောလုံးပရိသတ်

များဟာလိုဂိုသစ်ဒီဇိုင်းအပေါ်မပျော်မရွှင်ဖြစ်နေကြပါတယ်။အီတလီဘောလုံးအဖွဲ့ချုပ်ဟာ

ပြီးခဲ့တဲ့နှစ်များအတွင်းတွင်လိုဂိုသစ်များပြောင်းလဲအသုံးပြုလာခဲ့တာဖြစ်ပြီးလက်ရှိအသုံး

ပြုနေတဲ့လိုဂိုမှာ၂၀၁၇ခုနှစ်မှစတင်အသုံးပြုလာတာဖြစ်ပါတယ်။ယခုအခါအီတလီဘော

လုံးအဖွဲ့ချုပ်ဟာကမ္ဘာ့ဖလားခြေစစ်ပွဲကျပြီးနောက် ခေတ်သစ်တစ်ခုရည်မှန်းကာလိုဂိုသစ်

ပြောင်းလဲအသုံးပြုလာတော့မှာဖြစ်ပါတယ်။ဒါ့အပြင်၎င်းတို့ဟာ Puma နှင့်စပွန်ဆာစာချုပ်

သက်တမ်းကုန်ဆုံးပြီး Adidas နှင့်၂၀၂၃ခုနှစ်အထိစာချုပ်ချုပ်ဆိုလိုက်မှုနဲ့အတူ လိုဂိုသစ်

သုံးရန်စီစဉ်လာတာပါ။လိုဂိုသစ်တွင်လည်းကြယ်လေးလုံးနှင့်အီတလီအလံအသုံးပြုထား

 

ပါတယ်။ဒါပေမဲ့ပရိသတ်များဟာလိုဂိုနောက်ခံကိုအဖြူရောင်သုံးထားခြင်း၊အပြာရောင်စာ

သုံးထားခြင်းတို့အပေါ်သဘောမကျနိုင်ဖြစ်နေကြပါတယ်။အီတလီဟာပြီးခဲ့တဲ့နှစ်နွေရာသီ

တုန်းကနည်းပြမန်စီနီလက်အောက်တွင်ယူရို၂၀၂၀ချန်ပီယံဖြစ်ခဲ့ပေမဲ့မတ်လတုန်းကမြောက်

မက်စီဒိုးနီးယားကိုရှုံးနိမ့်ကာကမ္ဘာ့ဖလားခြေစစ်ပွဲကျခဲ့ပါတယ်။

အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕လိုဂိုသစ္အြန္လိုင္းမွာထြက္ေပၚလာပါတယ္။ေဘာလုံးပရိသတ္

မ်ားဟာလိုဂိုသစ္ဒီဇိုင္းအေပၚမေပ်ာ္မ႐ႊင္ျဖစ္ေနၾကပါတယ္။အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ

ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းတြင္လိုဂိုသစ္မ်ားေျပာင္းလဲအသုံးျပဳလာခဲ့တာျဖစ္ၿပီးလက္ရွိအသုံး

ျပဳေနတဲ့လိုဂိုမွာ၂၀၁၇ခုႏွစ္မွစတင္အသုံးျပဳလာတာျဖစ္ပါတယ္။ယခုအခါအီတလီေဘာ

လုံးအဖြဲ႕ခ်ဳပ္ဟာကမာၻ႔ဖလားေျခစစ္ပြဲက်ၿပီးေနာက္ ေခတ္သစ္တစ္ခုရည္မွန္းကာလိုဂိုသစ္

ေျပာင္းလဲအသုံးျပဳလာေတာ့မွာျဖစ္ပါတယ္။ဒါ့အျပင္၎တို႔ဟာ Puma ႏွင့္စပြန္ဆာစာခ်ဳပ္

သက္တမ္းကုန္ဆုံးၿပီး Adidas ႏွင့္၂၀၂၃ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုလိုက္မႈနဲ႔အတူ လိုဂိုသစ္

သုံးရန္စီစဥ္လာတာပါ။လိုဂိုသစ္တြင္လည္းၾကယ္ေလးလုံးႏွင့္အီတလီအလံအသုံးျပဳထား

 

ပါတယ္။ဒါေပမဲ့ပရိသတ္မ်ားဟာလိုဂိုေနာက္ခံကိုအျဖဴေရာင္သုံးထားျခင္း၊အျပာေရာင္စာ

သုံးထားျခင္းတို႔အေပၚသေဘာမက်ႏိုင္ျဖစ္ေနၾကပါတယ္။အီတလီဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီ

တုန္းကနည္းျပမန္စီနီလက္ေအာက္တြင္ယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္ခဲ့ေပမဲ့မတ္လတုန္းကေျမာက္

မက္စီဒိုးနီးယားကိုရႈံးနိမ့္ကာကမာၻ႔ဖလားေျခစစ္ပြဲက်ခဲ့ပါတယ္။