နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခု ပထမဆုံးအကြိမ်လွဲချော်ခဲ့ရပေမဲ့ ကမ္ဘာဖလားလူစာရင်းမှာတော့ ပါဝင်ဖို့မျှော်လင့်နေတဲ့ ရာမို့စ်

PSG အသင်းရဲ့ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ ဆွစ်ဇာလန်၊ ပေါ်တူဂီတိုနဲ့ကစားမယ့် Nations

League ပွဲတွေအတွက် နည်းပြအင်းနရစ်ရဲ့ လက်ရွေးစင်အသင်းလူစာရင်းမှာ အရွေးမခံရလို့ တော်

တော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေပါတယ်။ အင်းနရစ်ဟာ လီဗာပူးလ်ကွင်းလယ်လူ သီယာဂို

အယ်လ်ကန်တာရာ၊ဘာစီလိုနာ လူငယ်ကြယ်ပွင့် အန်ဆုဖာတီတို့ကိုလည်း ချန်လှပ်ခဲ့ပြီးလက်ရွေး

စင်အသင်းအတွက် တစ်ခါမှ မကစားဖူးသေးတဲ့ ဘော်ယာအီဂလီစီယာ၊နီကိုဝီလီယံစ်တို့ကို ပထမ

ဆုံးအကြိမ်ရွေးချယ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်၊ဇူလိုင်လတုန်းက ရီးယဲလ်နဲ့လမ်းခွဲပြီးတော့ PSG ကို

ပြောင်းရွှေ့ခဲ့တဲ့ရာမို့စ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ကြံ့ခိုင်မှုမပြည့်ဝမှုကြောင့် ရုန်းကန်ခဲ့ရပေမယ့်ဒီရာသီ

မှာတော့ ပုံစံကောင်းပြန်ရနေပြီး ပြိုင်ပွဲစုံ(၁၁)ပွဲမှာ (၁၀)အထိပါဝင်ကစားခဲ့သလို (၁)ဂိုးသွင်း၊ Clean

Sheets (၆)ပွဲအထိရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီလို တိုးတက်မှုတွေရှိလာပေမယ့် စပိန်အ

သင်းနည်းပြအင်းနရစ်ကတော့ လူစာရင်းမှာ သူ့ကို မရွေးချယ်ခဲ့လို့ ရာမို့စ်တစ်ယောက်အကြီးအ

ကျယ် စိတ်ပျက်နေတယ်လို့ စပိန်အားကစားဝက်ဘ်ဆိုက်ဖြစ်တဲ့Football Espana က ဖော်ပြခဲ့ပါ

တယ်။ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူရာမို့စ်ဟာ လာမယ့်နှစ်၊ နွေရာသီကျရင် PSG နဲ့စာချုပ်

သက်တမ်းပြည့်မှာဖြစ်ပြီးခြေစွမ်းကောင်းပြသနေတာကြောင့် PSG အသင်းက ရာမို့စ်ကိုစာချုပ်

သက်တမ်းတိုးဖို့လည်း စီစဉ်နေပြီဖြစ်ပါတယ်။ ရာမို့စ်ဟာ ရီးယဲလ်ကစားသမားဘဝအဆုံးသတ်ခါ

နီး နှစ်တွေမှာ ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရတာကြောင့် ၂၀၂၁ နောက်ပိုင်းကတည်းက စပိန်

အသင်းမှာအရွေးမခံရတော့ဘဲ ယူရို-၂၀၂၀ ပြိုင်ပွဲမှာလည်း အင်းနရစ်က သူ့ကိုချန်လှပ်ခဲ့တာကြောင့်

ယူရို-၂၀၀၄ နောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုကိုရာမို့စ် ပထမဆုံးအကြိမ်လွဲချော်ခဲ့ရပါတယ်။

ရာမို့စ်အနေနဲ့ လာမယ့်ပွဲတွေအတွက်စပိန်လူစာရင်းမှာ မပါဝင်ခဲ့ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ

ကျရင်လက်ရွေးစင်အသင်းနဲ့အတူ ဆင်နွှဲခွင့်ရဖို့မျှော်လင့်နေပြီး အင်းနရစ်ကလည်းကစားသမား

တိုင်းအတွက် အသင်းမှာပါဝင်နိုင်ဖို့ အခွင့်အရေးရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

PSG အသင္းရဲ႕ စပိန္ဝါရင့္ေနာက္ခံလူ ရာမို႔စ္ဟာ ဆြစ္ဇာလန္၊ ေပၚတူဂီတိုနဲ႔ကစားမယ့္ Nations

League ပြဲေတြအတြက္ နည္းျပအင္းနရစ္ရဲ႕ လက္ေ႐ြးစင္အသင္းလူစာရင္းမွာ အေ႐ြးမခံရလို႔ ေတာ္

ေတာ္ေလး စိတ္ပ်က္လက္ပ်က္ျဖစ္ေနပါတယ္။ အင္းနရစ္ဟာ လီဗာပူးလ္ကြင္းလယ္လူ သီယာဂို

အယ္လ္ကန္တာရာ၊ဘာစီလိုနာ လူငယ္ၾကယ္ပြင့္ အန္ဆုဖာတီတို႔ကိုလည္း ခ်န္လွပ္ခဲ့ၿပီးလက္ေ႐ြး

စင္အသင္းအတြက္ တစ္ခါမွ မကစားဖူးေသးတဲ့ ေဘာ္ယာအီဂလီစီယာ၊နီကိုဝီလီယံစ္တို႔ကို ပထမ

ဆုံးအႀကိမ္ေ႐ြးခ်ယ္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္၊ဇူလိုင္လတုန္းက ရီးယဲလ္နဲ႔လမ္းခြဲၿပီးေတာ့ PSG ကို

ေျပာင္းေ႐ႊ႕ခဲ့တဲ့ရာမို႔စ္ဟာ ၿပီးခဲ့တဲ့ရာသီမွာ ႀကံ့ခိုင္မႈမျပည့္ဝမႈေၾကာင့္ ႐ုန္းကန္ခဲ့ရေပမယ့္ဒီရာသီ

မွာေတာ့ ပုံစံေကာင္းျပန္ရေနၿပီး ၿပိဳင္ပြဲစုံ(၁၁)ပြဲမွာ (၁၀)အထိပါဝင္ကစားခဲ့သလို (၁)ဂိုးသြင္း၊ Clean

Sheets (၆)ပြဲအထိရရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။ ဒီလို တိုးတက္မႈေတြရွိလာေပမယ့္ စပိန္အ

သင္းနည္းျပအင္းနရစ္ကေတာ့ လူစာရင္းမွာ သူ႔ကို မေ႐ြးခ်ယ္ခဲ့လို႔ ရာမို႔စ္တစ္ေယာက္အႀကီးအ

က်ယ္ စိတ္ပ်က္ေနတယ္လို႔ စပိန္အားကစားဝက္ဘ္ဆိုက္ျဖစ္တဲ့Football Espana က ေဖာ္ျပခဲ့ပါ

တယ္။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူရာမို႔စ္ဟာ လာမယ့္ႏွစ္၊ ေႏြရာသီက်ရင္ PSG နဲ႔စာခ်ဳပ္

သက္တမ္းျပည့္မွာျဖစ္ၿပီးေျခစြမ္းေကာင္းျပသေနတာေၾကာင့္ PSG အသင္းက ရာမို႔စ္ကိုစာခ်ဳပ္

သက္တမ္းတိုးဖို႔လည္း စီစဥ္ေနၿပီျဖစ္ပါတယ္။ ရာမို႔စ္ဟာ ရီးယဲလ္ကစားသမားဘဝအဆုံးသတ္ခါ

နီး ႏွစ္ေတြမွာ ဒဏ္ရာျပႆနာေတြနဲ႔႐ုန္းကန္ခဲ့ရတာေၾကာင့္ ၂၀၂၁ ေနာက္ပိုင္းကတည္းက စပိန္

အသင္းမွာအေ႐ြးမခံရေတာ့ဘဲ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာလည္း အင္းနရစ္က သူ႔ကိုခ်န္လွပ္ခဲ့တာေၾကာင့္

ယူ႐ို-၂၀၀၄ ေနာက္ပိုင္း ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုကိုရာမို႔စ္ ပထမဆုံးအႀကိမ္လြဲေခ်ာ္ခဲ့ရပါတယ္။

ရာမို႔စ္အေနနဲ႔ လာမယ့္ပြဲေတြအတြက္စပိန္လူစာရင္းမွာ မပါဝင္ခဲ့ေပမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲ

က်ရင္လက္ေ႐ြးစင္အသင္းနဲ႔အတူ ဆင္ႏႊဲခြင့္ရဖို႔ေမွ်ာ္လင့္ေနၿပီး အင္းနရစ္ကလည္းကစားသမား

တိုင္းအတြက္ အသင္းမွာပါဝင္ႏိုင္ဖို႔ အခြင့္အေရးရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။