နာမည်ကြီးရုပ်သံစီးရီးတစ်ခုမှာ ပွဲဦးထွက်သရုပ်ဆောင်ခဲ့တဲ့ ပီအက်စ်ဂျီကြယ်ပွင့်
ဘောလုံးကစားသမားအတော်များများဟာ သူရုပ်ဆောင်တွေအနေနဲ့လည်း
အလုပ်လုပ်ကြပါတယ်။ ဒါပေမဲ့ အများစုက ကြော်ငြာတွေဟာ ဦးဆောင်
သရုပ်ဆောင်ကြတာပါ။ ဒါကြောင့် သူတို့သရုပ်ဆောင်ရတဲ့အခိုက်အတန့်ဟာ
ပုံမှန်အားဖြင့် စက္ကန့်အနည်းငယ်ကြာတတ်တလို့ ပရိသတ်တွေအတွက်
အံ့သြစရာမဟုတ်လှပါဘူး။ သမိုင်းတစ်လျှောက် ကမ္ဘာ့အကောင်းဆုံးတွေထဲက
တစ်ယောက်ဖြစ်တဲ့ မက်ဆီဟာလည်း ကြော်ငြာပေါင်းများစွာ ရိုက်ခဲ့ဖူးတာပါ။
ဒါပေမဲ့ အဲဒီပီအက်စ်ဂျီကြယ်ပွင့်ဟာ အခုတော့ ရုပ်သံစီးရီးတစ်ခုမှာ
ပွဲဦးထွက်အနေနဲ့ သရုပ်ဆောင်လုပ်ခဲ့ပါတယ်။ သူ့ဇာတိဖြစ်တဲ့ အာဂျင်တီးနားမှာ
နာမည်ကြီးလူကြိုက်များတဲ့ Los Protectores ဆိုတဲ့စီးရီးမှာ ဧည့်သည်
သရုပ်ဆောင်အနေနဲ့ လုပ်ခဲ့တာပါ။ အဲဒီစီးရီးဟာ အခုဆို ဒုတိယ season ကို
ရုိက်ကူးနေတာဖြစ်ပြီး အဲဒီက မက်ဆီရဲ့ဇာတ်ဝင်ခန်းကိုလည်း
လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ရိုက်ကူးပြီးသွားပါပြီ။
အဲဒီစီးရီးရဲ့ producer က မက်ဆီပါဝင်တဲ့ ဇာတ်ဝင်ခန်းပုံရိပ်တွေကို
ဆိုရှယ်မီဒီယာထက်မှာ ဝေမျှခဲ့တာ ဖြစ်ပါတယ်။
Los Protectores ရုပ်သံစီးရီးရဲ့ဇာတ်ဝင်ခန်းတွေကို အာဂျင်တီးနားမြို့တော်
ဗြူနိုအေးရိစ်အပါအဝင် နေရာအနှံ့အပြားမှာ ရိုက်ကူးခဲ့ပြီး မက်ဆီရဲ့
ဇာတ်ဝင်ခန်းကိုတော့ သူလက်ရှိနေထိုင်ရာ ပဲရစ်မှာ ရိုက်ကူးခဲ့တာပါ။
မက်ဆီပါဝင်တဲ့ဇာတ်ဝင်ခန်းကို ကြည့်ရဖို့အတွက်တော့ ၂၀၂၃ အထိ စောင့်ရမှာ ဖြစ်ပါတယ်။
ရိုက်ကူးနေတာဖြစ်ပြီး အဲဒီက မက်ဆီရဲ့ဇာတ်ဝင်ခန်းကိုလည်း