နာပိုလီအသင်းထံရောက်လာပြီးနောက် ယူနိုက်တက်ကဂေါင်းကြီးနေရာကို လှမ်းခြိမ်းခြောက်နေတဲ့ တောင်ကိုရီးယားသား

တောင်ကိုရီးယား နောက်ခံလူ  Kim Min-Jae ဟာ ချဲလ်ဆီးထံ ပြောင်းရွေ့သွားခဲ့တဲ့ ကာလီဒူ ကူလီဘာ

လေနေရာ အစားထိုးအဖြစ် နာပိုလီအသင်းထံ ရောက်ရှိလာချိန်ကတည်းက ခြေစွမ်းပြနေပြီး လက်ရှိမှာ

တော့ မန်ချက်စတာ ယူနိုက်တက် နှင့် တော့တင်ဟမ် ဟော့စပါးအသင်းတို့ဟာ တောင်ကိုရီးယားလက်

ရွေးစင်ကို စိတ်ဝင်စားနေကြတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ဗဟိုနောက်ခံလူ Kim ဟာ ယ

ခုနွေရာသီအပြောင်းအရွေ့ကာလအတွင်း ယူရို ( ၁၈ ) သန်းနဲ့ နာပိုလီအသင်းထံ ရောက်ရှိလာခဲ့ပြီး ဒီရာ

သီ စီးရီးအေ အမှတ်ပေးဇယား အဆင့် ( ၁ ) နေရာမှ ရပ်တည်နေတဲ့အသင်းအတွက် ပွဲတိုင်း ကစားပေး

ထားသလို ချန်ပီယံလိဂ်မှာလည်း လီဗာပူးလ်ကို ၊ အေဂျက် ၊ ရိန်းဂျားစ်တို့ ပါဝင်တဲ့ အုပ်စုကနေ နောက်

တစ်ဆင့်တက်နိုင်အောင် ကြိုးစားလျက်ရှိပါတယ်။တစ်ပွဲပျမ်းမျှ ဘောလုံး ဖြတ်တောက်မှု ( ၃ ) ကြိမ် ၊

ရှင်းထုတ်မှု ( ၅ ) ကြိမ် ၊ အမြင့်ဘော ယှဥ်လုရာတွင် အောင်မြင်မှု ( ၃ ) ကြိမ် ပြုလုပ်ထားနိုင်တဲ့ Kim

ဟာ မွန်ဇာ ၊ လာဇီယိုတို့နဲ့ ပွဲစဥ်မှာလည်း သွင်းဂိုး ( ၂ ) ဂိုး ရယူနိုင်ခဲ့တာကြောင့် အခြားကလပ်အသင်း

တွေရဲ့ အာရုံစူးစိုက်ခြင်း ခံနေရာတာ မထူးဆန်းပါဘူး ။နာမည်ကြီး အီတလီသတင်းထောက် ဒီမာဇီယို

ရဲ့အဆိုအရ Kim ရဲ့ ပြောင်းရွေ့ကြေးက ယူရိုသန်း ( ၅၀ ) ဝန်းကျင်ဖြစ်တယ်လို့ သိရပါတယ်။ ယူနိုက်

တက်အနေနဲ့ လက်ရှိမှာ ဗဟိုခံစစ်ကစားသမား( ၄ ) ဦး ရှိပေမယ့် ပွဲကစားခွင့် သိသိသာသာ လျော့နည်း

လာတဲ့ ဟယ်ရီ မက်ဂွဲယားရဲ ့အနာဂတ် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမျှ မသိနိုငိပါဘူး ။ ရီယို ဖာဒီနန်

ကတောင် မကြာသေးမီက အဲရစ် တင်ဟာ့ခ်အနေနဲ့ လာမယ့် နွေရာသီအပြောင်းအရွေ့မှာ မက်ဂွဲယား

ကို ထွက်ခွာခွင့်ပေးသင့်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် Kim ဟာလည်း ယူနိုက်တက် ပရိသတ်

တွေ စောင့်ကြည့်သင့်တဲ့ အပြောင်းအရွေ့ တစ်ခုဖြစ်ပါတယ် ။

ေတာင္ကိုရီးယား ေနာက္ခံလူ  Kim Min-Jae ဟာ ခ်ဲလ္ဆီးထံ ေျပာင္းေ႐ြ႕သြားခဲ့တဲ့ ကာလီဒူ ကူလီဘာ

ေလေနရာ အစားထိုးအျဖစ္ နာပိုလီအသင္းထံ ေရာက္ရွိလာခ်ိန္ကတည္းက ေျခစြမ္းျပေနၿပီး လက္ရွိမွာ

ေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ ႏွင့္ ေတာ့တင္ဟမ္ ေဟာ့စပါးအသင္းတို႔ဟာ ေတာင္ကိုရီးယားလက္

ေ႐ြးစင္ကို စိတ္ဝင္စားေနၾကတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ဗဟိုေနာက္ခံလူ Kim ဟာ ယ

ခုေႏြရာသီအေျပာင္းအေ႐ြ႕ကာလအတြင္း ယူ႐ို ( ၁၈ ) သန္းနဲ႔ နာပိုလီအသင္းထံ ေရာက္ရွိလာခဲ့ၿပီး ဒီရာ

သီ စီးရီးေအ အမွတ္ေပးဇယား အဆင့္ ( ၁ ) ေနရာမွ ရပ္တည္ေနတဲ့အသင္းအတြက္ ပြဲတိုင္း ကစားေပး

ထားသလို ခ်န္ပီယံလိဂ္မွာလည္း လီဗာပူးလ္ကို ၊ ေအဂ်က္ ၊ ရိန္းဂ်ားစ္တို႔ ပါဝင္တဲ့ အုပ္စုကေန ေနာက္

တစ္ဆင့္တက္ႏိုင္ေအာင္ ႀကိဳးစားလ်က္ရွိပါတယ္။တစ္ပြဲပ်မ္းမွ် ေဘာလုံး ျဖတ္ေတာက္မႈ ( ၃ ) ႀကိမ္ ၊

ရွင္းထုတ္မႈ ( ၅ ) ႀကိမ္ ၊ အျမင့္ေဘာ ယွဥ္လုရာတြင္ ေအာင္ျမင္မႈ ( ၃ ) ႀကိမ္ ျပဳလုပ္ထားႏိုင္တဲ့ Kim

ဟာ မြန္ဇာ ၊ လာဇီယိုတို႔နဲ႔ ပြဲစဥ္မွာလည္း သြင္းဂိုး ( ၂ ) ဂိုး ရယူႏိုင္ခဲ့တာေၾကာင့္ အျခားကလပ္အသင္း

ေတြရဲ႕ အာ႐ုံစူးစိုက္ျခင္း ခံေနရာတာ မထူးဆန္းပါဘူး ။နာမည္ႀကီး အီတလီသတင္းေထာက္ ဒီမာဇီယို

ရဲ႕အဆိုအရ Kim ရဲ႕ ေျပာင္းေ႐ြ႕ေၾကးက ယူ႐ိုသန္း ( ၅၀ ) ဝန္းက်င္ျဖစ္တယ္လို႔ သိရပါတယ္။ ယူႏိုက္

တက္အေနနဲ႔ လက္ရွိမွာ ဗဟိုခံစစ္ကစားသမား( ၄ ) ဦး ရွိေပမယ့္ ပြဲကစားခြင့္ သိသိသာသာ ေလ်ာ့နည္း

လာတဲ့ ဟယ္ရီ မက္ဂြဲယားရဲ ့အနာဂတ္ ဘာျဖစ္မယ္ဆိုတာ ဘယ္သူမွ် မသိႏိုငိပါဘူး ။ ရီယို ဖာဒီနန္

ကေတာင္ မၾကာေသးမီက အဲရစ္ တင္ဟာ့ခ္အေနနဲ႔ လာမယ့္ ေႏြရာသီအေျပာင္းအေ႐ြ႕မွာ မက္ဂြဲယား

ကို ထြက္ခြာခြင့္ေပးသင့္တယ္လို႔ ဆိုထားပါတယ္။ ဒါေၾကာင့္ Kim ဟာလည္း ယူႏိုက္တက္ ပရိသတ္

ေတြ ေစာင့္ၾကည့္သင့္တဲ့ အေျပာင္းအေ႐ြ႕ တစ္ခုျဖစ္ပါတယ္ ။