နာပိုလီကစားသမားများ၏ အင်္ကျီတွင်မာရာဒိုနာရဲ့ ရုပ်ပုံကိုထည့်သွင်းနိုင်တော့မှာမဟုတ်တော့
နာပိုလီဟာအာဂျင်တီးနားဂန္ထဝင်ဒီယေဂိုမာရာဒိုနာရဲ့သားသမီးများနှင့်တရားရင်ဆိုင်ရာတွင်ရှုံးနိမ့်ပြီး
နောက်၎င်းတို့ရဲ့အင်္ကျီတွင်မာရာဒိုနာရဲ့ရုပ်ပုံကိုထည့်သွင်းနိုင်တော့မှာမဟုတ်တော့ပါဘူး။တရားရုံးတစ်
ခုကမာရာဒိုနာရဲ့သားသမီးငါးဦးတို့ကမာရာဒိုနာရဲ့ရုပ်ပုံမူပိုင်ခွင့်ကိုပိုင်ဆိုင်တယ်ဆိုပြီးဆုံးဖြတ်လာတာ
ဖြစ်ပါတယ်။နာပိုလီဟာမာရာဒိုနာရဲ့ရုပ်ပုံပါအထူးထုတ်အင်္ကျီလေးမျိုးထုတ်လုပ်ဝတ်ဆင်ခဲ့ဖူးပါတယ်။
La Reppublica ကနာပိုလီဟာ၂၀၂၀ခုနှစ်တွင်မာရာဒိုနာကွယ်လွန်သွားခဲ့ပြီးနောက်အာဂျင်တီးနားဂန္ထဝင်
ရဲ့မန်နေဂျာဟောင်းကာစီထံမှမူပိုင်ခွင့်ဝယ်ယူကာနာပိုလီအင်္ကျီတွင်ထည့်သွင်းဝတ်ဆင်ရောင်းချလာခဲ့
ခြင်းဖြစ်ကြောင်းသိရပါတယ်။နာပိုလီဟာကာစီနှင့်ပေါင်၂၀၂၀၀ဖြင့်မာရာဒိုနာရုပ်ပုံလွှာအသုံးပြုခွင့်စာ
ချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့မာရာဒိုနာရဲ့မိသားစုဝင်များက၎င်းတို့မှာရုပ်ပုံအသုံးပြုခွင့်
အားမည်သူ့ကိုမျှပေးထားခြင်းမရှိကြောင်းနှင့်နာပိုလီအနေဖြင့်ဆက်လက်ရောင်းချဝတ်ဆင်မှုမပြုလုပ်
ရန်တရားရုံးမှတဆင့်အမှုဖွင့်ခဲ့ရာအောင်မြင်မှုရရှိသွားခဲ့ပါတယ်။မာရာဒိုနာဟာနာပိုလီရဲ့ကလပ်သက်
တမ်း၉၅နှစ်အတွင်းမှာလူချစ်အခံရဆုံးကစားသမားတစ်ဦးဖြစ်ပြီးနေပယ်မြို့အတွင်းတွင် နံရံဆေးရေး
ပန်းချီများစွာ ရေးဆွဲဂုဏ်ပြုခံထားရပါတယ်။နာပိုလီဟာမာရာဒိုနာရုပ်ပုံပါအထူးထုတ်အင်္ကျီအလုံးရေ
၆၀၀၀ရောင်းချခဲ့ရပြီးဝင်ငွေပေါင်၇၉၁၀၀၀ရရှိခဲ့ပါတယ်။နာပိုလီဟာကွင်းအမည်ကိုလည်းမာရာဒိုနာ
ကိုဂုဏ်ပြုသောအားဖြည့်မှည့်ခေါ်ထားပါတယ်။
ခုကမာရာဒိုနာရဲ့သားသမီးငါးခုတို့ကမာရာဒိုနာရဲ့ရုပ်ပုံမူပိုင်ခွင့်ကိုပိုင်ဆိုင်တယ်ဆိုပြီးဆုံးဖြတ်လာတာ