နယ်သာလန်သွားပြီး တစ်ယောက်တည်းလေ့ကျင့်မှုတွေ လုပ်နေတဲ့ ဆောက်ဂိတ်ရဲ့အပယ်ခံသရဲနီ

ဒီလထဲမှာပဲ အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားလူစာရင်းမှာ ငြင်းပယ်ခံခဲ့ရတဲ့ဆန်ချိုဟာအခုတော့ နယ်သာလန်

သွားပြီး တစ်ယောက်တည်းလေ့ကျင့်မှုတွေ လုပ်နေပါတယ်။သူဟာ နယ်သာလန်အပျော်တမ်းကလပ်

ရို့စ်မာလန်အသင်းမှာသွားရောက်လေ့ကျင့်နေတာပါ။ ဆန်ချိုဟာ ယူနိုက်တက်နဲ့ ခက်ခဲတဲ့ပထမရာသီ

ဝက်ကို ဖြတ်သန်းခဲ့ရပြီး ပရီးမီးယားလိဂ် ၁၀ ပွဲမှာ၂ ဂိုးသာသွင်းပြီး ၁ ဂိုးသာ ဖန်တီးနိုင့်ပါတယ်။ ဒီလို

စိတ်ပျက်ဖွယ်ဖြစ်ခဲ့တဲ့ခြေစွမ်းကြောင့်လည်း သူဟာ အင်္ဂလန်နည်းပြဆောက်ဂိတ်ရဲ့ငြင်းပယ်ခြင်းခံခဲ့ရ

တာပါ။ အင်္ဂလန်အသင်းမှာ ချန်လှပ်ခံခဲ့ရပြီးနောက် ၂၂ နှစ်အရွယ်ကစားသမားဟာ Instagram မှာ ပို့စ်

အားလုံးဖျက်ခဲ့ပြီး ဆိုရှယ်မီဒီယာကခေတ္တအနားယူကာ မိသားစုနဲ့ဘောလုံးကို ပြန်လည်အာရုံစိုက်နေ

ပါတယ်။အခုတော့ သူဟာ နယ်သာလန်ရဲ့အကြီးဆုံးအပျော်တမ်းအသင်းဖြစ်တဲ့ရို့စ်မာလန်မှာ သွား

ရောက်လေ့ကျင့်မှုလုပ်နေတာပါ။ကမ္ဘာ့ဖလားမသွားရတဲ့ ယူနိုက်တက်ကစားသမားတွေဟာလာမယ့်

အပတ်ရောက်မှ အသင်းနဲ့ပြန်လည်ပူးပေါင်းရမှာ ဖြစ်ပါတယ်။ဒါကြောင့် အသင်းဖော်တွေနဲ့ မပူးပေါင်း

ခင် ဆန်ချိုဟာ ရုပ်ပိုင်းဆိုင်ရာအကောင်းဆုံးဖြစ်နေဖို့အတွက် အခုလိုလေ့ကျင့်မှုတွေလုပ်နေတာပါ။

မန်ယူဟာ လာမယ့်အပတ်မှာ ဆောင်းရာသီစခန်းသွင်းလေ့ကျင့်မှုအဖြစ်စပိန်နိုင်ငံ၊ ကာဒစ်ဇ်ကို သွား

ရောက်ဖို့ ရှိပါတယ်။ဆန်ချိုဟာ ဖျားနာမှုကြောင့် ကမ္ဘာ့ဖလားမတိုင်ခင် မန်ယူရဲ့နောက်ဆုံးပွဲအနည်း

ငယ်မှာလည်း မပါနိုင်ခဲ့ပါဘူး။

ဒီလထဲမွာပဲ အဂၤလန္ရဲ႕ကမာၻ႔ဖလားလူစာရင္းမွာ ျငင္းပယ္ခံခဲ့ရတဲ့ဆန္ခ်ိဳဟာအခုေတာ့ နယ္သာလန္

သြားၿပီး တစ္ေယာက္တည္းေလ့က်င့္မႈေတြ လုပ္ေနပါတယ္။သူဟာ နယ္သာလန္အေပ်ာ္တမ္းကလပ္

႐ို႕စ္မာလန္အသင္းမွာသြားေရာက္ေလ့က်င့္ေနတာပါ။ ဆန္ခ်ိဳဟာ ယူႏိုက္တက္နဲ႔ ခက္ခဲတဲ့ပထမရာသီ

ဝက္ကို ျဖတ္သန္းခဲ့ရၿပီး ပရီးမီးယားလိဂ္ ၁၀ ပြဲမွာ၂ ဂိုးသာသြင္းၿပီး ၁ ဂိုးသာ ဖန္တီးႏိုင့္ပါတယ္။ ဒီလို

စိတ္ပ်က္ဖြယ္ျဖစ္ခဲ့တဲ့ေျခစြမ္းေၾကာင့္လည္း သူဟာ အဂၤလန္နည္းျပေဆာက္ဂိတ္ရဲ႕ျငင္းပယ္ျခင္းခံခဲ့ရ

တာပါ။ အဂၤလန္အသင္းမွာ ခ်န္လွပ္ခံခဲ့ရၿပီးေနာက္ ၂၂ ႏွစ္အ႐ြယ္ကစားသမားဟာ Instagram မွာ ပို႔စ္

အားလုံးဖ်က္ခဲ့ၿပီး ဆိုရွယ္မီဒီယာကေခတၱအနားယူကာ မိသားစုနဲ႔ေဘာလုံးကို ျပန္လည္အာ႐ုံစိုက္ေန

ပါတယ္။အခုေတာ့ သူဟာ နယ္သာလန္ရဲ႕အႀကီးဆုံးအေပ်ာ္တမ္းအသင္းျဖစ္တဲ့႐ို႕စ္မာလန္မွာ သြား

ေရာက္ေလ့က်င့္မႈလုပ္ေနတာပါ။ကမာၻ႔ဖလားမသြားရတဲ့ ယူႏိုက္တက္ကစားသမားေတြဟာလာမယ့္

အပတ္ေရာက္မွ အသင္းနဲ႔ျပန္လည္ပူးေပါင္းရမွာ ျဖစ္ပါတယ္။ဒါေၾကာင့္ အသင္းေဖာ္ေတြနဲ႔ မပူးေပါင္း

ခင္ ဆန္ခ်ိဳဟာ ႐ုပ္ပိုင္းဆိုင္ရာအေကာင္းဆုံးျဖစ္ေနဖို႔အတြက္ အခုလိုေလ့က်င့္မႈေတြလုပ္ေနတာပါ။

မန္ယူဟာ လာမယ့္အပတ္မွာ ေဆာင္းရာသီစခန္းသြင္းေလ့က်င့္မႈအျဖစ္စပိန္ႏိုင္ငံ၊ ကာဒစ္ဇ္ကို သြား

ေရာက္ဖို႔ ရွိပါတယ္။ဆန္ခ်ိဳဟာ ဖ်ားနာမႈေၾကာင့္ ကမာၻ႔ဖလားမတိုင္ခင္ မန္ယူရဲ႕ေနာက္ဆုံးပြဲအနည္း

ငယ္မွာလည္း မပါႏိုင္ခဲ့ပါဘူး။