နည်းပြသစ်အနေနဲ့ နာမည်ကြီးကစားသမားတွေကို မေ့ထားလိုက်ဖို့အကြံပေးလိုက်တဲ့ မန်ယူကစားသမားဟောင်း

မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ် တန်ဟန့်အနေနဲ့ နာမည်ကြီးကြယ်ပွင့်ကစား

သမားတွေကို မေ့ထားပြီး မန်ယူအသင်းကို ထိပ်ကို ပြန်ရောက်လာစေဖို့ အမှန်တကယ်ကြိုး

စားချင်စိတ်ရှိပြီး နှိမ့်ချတတ်တဲ့ ကစားသမားတွေကိုသာ ခေါ်ယူသင့်တယ်လို့ မန်ယူကစား

သမားဟောင်းဖြစ်သူ ကွင်တန် ဖော်ကျွန်းက ပြောဆိုလာပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့

ရာသီတုန်းက အဆင့်ခြောက်နေရာမှာရပ်တည်ခဲ့ပြီး အဆင့်တစ်နေရာက မန်စီးတီးနဲ့ ၃၅ မှတ်

ထိ ကွာဟနေခဲ့ကာ ဂိုးကွာခြားချက်ကလည်း သုညသာ ရှိခဲ့ပါတယ်။ ထို့အတွက်ကြောင့် ကစား

သမားအပြောင်းအလဲတွေ လုပ်ဆောင်သွားဖို့ လိုနေပြီး မန်ယူအသင်းအနေနဲ့ ဘယ်လိုကစား

သမားမျိုးတွေကို ပစ်မှတ်ထားသင့်လဲဆိုတာကို မေးတဲ့အခါ မန်ယူအသင်းမှာ ခုနစ်နှစ်ကြာ က

စားခဲ့တဲ့ တောင်အာဖရိကလက်‌‌ရွေးစင်ဟောင်း ဖော်ကျွန်းက“ ကျွန်တော်လည်း ဒီအကြောင်း

ကို အရင်က တွေးနေခဲ့တာဗျ၊ ဒါက မေးခွန်းကောင်းပဲ၊ အဲ့ဒါက နာမည်ကြီးကစားသမားတွေ

ဖြစ်ဖို့မလိုပါဘူး။ အဲ့ဒါက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စရိုက်လက္ခဏာနဲ့ ကိုက်ညီအံ

ဝင်တဲ့ စရိုက်မျိုးရှိတဲ့ ကစားသမားမျိုး ဖြစ်ဖို့ပဲ လိုအပ်ပါတယ်။ ဒါက အောင်မြင်မှုတွေ ပြန်ရ

အောင် လုပ်ပေးနိုင်မယ့် အရာပဲ။ ဒါက အရမ်းအရေးကြီးပါတယ်။ ကစားသမားတစ်ဦးချင်းစီက ”

“ နည်းပြဖို့အတွက် ပိုကောင်းနေဖို့ မလိုပါဘူး၊ ဒါပေမယ့် အနည်းငယ်နှိမ့်ချခြင်းက မန်ယူအ

သင်းကို အောင်မြင်မှုတွေ အများကြီး ရစေပါလိမ့်မယ်။ ဟုတ်ပါတယ်၊ ကျွန်တော် ကစားခဲ့ဖူးတဲ့

အသင်းတွေမှာ မတူညီတဲ့ စရိုက်လက္ခဏာမျိုးစုံရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒါက

အသင်းတစ်သင်းအနေနဲ့ ရင်ဆိုင်လာရပြီဆိုရင်တော့၊ သူတို့ လုပ်ခဲ့တဲ့အရာနဲ့ ချန်ပီယံလိဂ်၊ ချန်

ပီယံရှစ်တို့ကို ရရှိအောင် ”“ ကြိုးစားတဲ့အလုပ်မှာ ကိုယ့်ကိုယ်ကို အရမ်းနှိမ့်ချခဲ့ကြတယ်။ အဲ့ဒီ

နောက်တော့ သူတို့က ထပ်ပြီး ဒီအတိုင်းလုပ်ဖို့ အသင့်ဖြစ်နေကြတယ်။ ဒီတော့ ကျွန်တော့်အ

တွက်တော့ ဒါက မှန်ကန်တဲ့ စရိုက်လက္ခဏာမျိုး ဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိ

မှာတော့ ပေါလ်ပေါ့ဘာ၊ ဂျီစီ လင်းဂတ်နဲ့ အက်ဒီဆန် ကာဗာနီတို့အပါအဝင် စာချုပ်သက်တမ်း

ကုန်ခဲ့ပြီဖြစ်တဲ့ ကစားသမားငါးဦးဟာ မန်ယူကနေ ထွက်ခွာတော့မာ ဖြစ်ပါတယ်။

မန္ခ်က္စတာယူႏိုက္တက္နည္းျပသစ္ အဲရစ္ တန္ဟန႔္အေနနဲ႔ နာမည္ႀကီးၾကယ္ပြင့္ကစား

သမားေတြကို ေမ့ထားၿပီး မန္ယူအသင္းကို ထိပ္ကို ျပန္ေရာက္လာေစဖို႔ အမွန္တကယ္ႀကိဳး

စားခ်င္စိတ္ရွိၿပီး ႏွိမ့္ခ်တတ္တဲ့ ကစားသမားေတြကိုသာ ေခၚယူသင့္တယ္လို႔ မန္ယူကစား

သမားေဟာင္းျဖစ္သူ ကြင္တန္ ေဖာ္ကြၽန္းက ေျပာဆိုလာပါတယ္။ မန္ယူအသင္းဟာ ၿပီးခဲ့တဲ့

ရာသီတုန္းက အဆင့္ေျခာက္ေနရာမွာရပ္တည္ခဲ့ၿပီး အဆင့္တစ္ေနရာက မန္စီးတီးနဲ႔ ၃၅ မွတ္

ထိ ကြာဟေနခဲ့ကာ ဂိုးကြာျခားခ်က္ကလည္း သုညသာ ရွိခဲ့ပါတယ္။ ထို႔အတြက္ေၾကာင့္ ကစား

သမားအေျပာင္းအလဲေတြ လုပ္ေဆာင္သြားဖို႔ လိုေနၿပီး မန္ယူအသင္းအေနနဲ႔ ဘယ္လိုကစား

သမားမ်ိဳးေတြကို ပစ္မွတ္ထားသင့္လဲဆိုတာကို ေမးတဲ့အခါ မန္ယူအသင္းမွာ ခုနစ္ႏွစ္ၾကာ က

စားခဲ့တဲ့ ေတာင္အာဖရိကလက္‌‌ေ႐ြးစင္ေဟာင္း ေဖာ္ကြၽန္းက“ ကြၽန္ေတာ္လည္း ဒီအေၾကာင္း

ကို အရင္က ေတြးေနခဲ့တာဗ်၊ ဒါက ေမးခြန္းေကာင္းပဲ၊ အဲ့ဒါက နာမည္ႀကီးကစားသမားေတြ

ျဖစ္ဖို႔မလိုပါဘူး။ အဲ့ဒါက မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ စ႐ိုက္လကၡဏာနဲ႔ ကိုက္ညီအံ

ဝင္တဲ့ စ႐ိုက္မ်ိဳးရွိတဲ့ ကစားသမားမ်ိဳး ျဖစ္ဖို႔ပဲ လိုအပ္ပါတယ္။ ဒါက ေအာင္ျမင္မႈေတြ ျပန္ရ

ေအာင္ လုပ္ေပးႏိုင္မယ့္ အရာပဲ။ ဒါက အရမ္းအေရးႀကီးပါတယ္။ ကစားသမားတစ္ဦးခ်င္းစီက ”

“ နည္းျပဖို႔အတြက္ ပိုေကာင္းေနဖို႔ မလိုပါဘူး၊ ဒါေပမယ့္ အနည္းငယ္ႏွိမ့္ခ်ျခင္းက မန္ယူအ

သင္းကို ေအာင္ျမင္မႈေတြ အမ်ားႀကီး ရေစပါလိမ့္မယ္။ ဟုတ္ပါတယ္၊ ကြၽန္ေတာ္ ကစားခဲ့ဖူးတဲ့

အသင္းေတြမွာ မတူညီတဲ့ စ႐ိုက္လကၡဏာမ်ိဳးစုံရွိတယ္ဆိုတာ မွန္ပါတယ္။ ဒါေပမယ့္ အဲ့ဒါက

အသင္းတစ္သင္းအေနနဲ႔ ရင္ဆိုင္လာရၿပီဆိုရင္ေတာ့၊ သူတို႔ လုပ္ခဲ့တဲ့အရာနဲ႔ ခ်န္ပီယံလိဂ္၊ ခ်န္

ပီယံရွစ္တို႔ကို ရရွိေအာင္ ”“ ႀကိဳးစားတဲ့အလုပ္မွာ ကိုယ့္ကိုယ္ကို အရမ္းႏွိမ့္ခ်ခဲ့ၾကတယ္။ အဲ့ဒီ

ေနာက္ေတာ့ သူတို႔က ထပ္ၿပီး ဒီအတိုင္းလုပ္ဖို႔ အသင့္ျဖစ္ေနၾကတယ္။ ဒီေတာ့ ကြၽန္ေတာ့္အ

တြက္ေတာ့ ဒါက မွန္ကန္တဲ့ စ႐ိုက္လကၡဏာမ်ိဳး ျဖစ္ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။ လက္ရွိ

မွာေတာ့ ေပါလ္ေပါ့ဘာ၊ ဂ်ီစီ လင္းဂတ္နဲ႔ အက္ဒီဆန္ ကာဗာနီတို႔အပါအဝင္ စာခ်ဳပ္သက္တမ္း

ကုန္ခဲ့ၿပီျဖစ္တဲ့ ကစားသမားငါးဦးဟာ မန္ယူကေန ထြက္ခြာေတာ့မာ ျဖစ္ပါတယ္။