
မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့ဖူးတဲ့ ခံစစ်ကစားသမားဟောင်းဖြစ်သူ ဂယ်ရီ
ပါလ်လီစတာက အလက်ဂျန်ဒရို ဂါနာချို၊ ဂျိန်းစ်ဂါနာနဲ့ ဟန်နီဘယ် မတ်ဂ်ျဘရီစတဲ့ လူငယ်
ကစားသမားသုံးဦးဟာ နောက်ရာသီ နည်းပြသစ် အဲရစ် တန်ဟန့်ရဲ့ လက်အောက်မှာ အခု
ထက်ပိုပြီး ပိုမိုထွန်းတောက်လာနိုင်ကြောင်း ပြောလာပါတယ်။ ဂျိန်းစ်ဂါနာဟာ ပြီးခဲ့တဲ့ရာသီ
မှာနော်တင်ဟမ်ဖောရက်စ်အသင်းကို တန်းတက်အောင် ကူညီပေးနိုင်ခဲ့ပြီးနောက် သူ့ရဲ့ အ
နာဂါတ်ကို လာမယ့် ရက်သတ္တပတ်အတွင်း ရာသီကြိုမှာ အဆုံးအဖြတ်ခံယူသွားမာ ဖြစ်ပါ
တယ်။ ဟန်နီဘယ် မတ်ဂ်ျဘရီကတော့ ပြီးခဲ့တဲ့ရာသီ နည်းပြဟောင်း ရာ့ဖ်ရန်းဂ်နစ်ရဲ့ အောက်
မှာ စီနီယာနှစ်ပွဲ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် တိုက်စစ်ကစားသမား
လေးဂါနာချိုကတော့ စိတ်လှုပ်ရှားစွာ စောင့်ကြည့်ချင်စရာ အကောင်းဆုံးဖြစ်ပါတယ်။ သူ
ဟာ ယူနိုက်တက်လူငယ်အသင်းအတွက် ဖမ်းစားနိုင်စွမ်းရှိတဲ့ သွင်းဂိုးတွေကို သွင်းယူခဲ့ပြီး၊
လူငယ်အက်ဖ်အေဖလားဖိုင်နယ်မှာလည်း အနိုင်ဂိုးကို သွင်းခဲ့ပါတယ်။ ထို့အတွက်ကြောင့်
ပထမဦးစွာ ဂါနာချိုရဲ့ ပတ်သက်ပြီး ပါလ်လီစတာက “ သူဟာ သင့်တော်တဲ့ အသက်အရွယ်
မှာ ရှိနေပြီး ”“ အခုဆိုရင် နိုင်ငံတကာအဆင့်ကိုတောင် ရောက်နေပါပြီ။ သူဟာ သူ့ကိုယ်
သူ အမှတ်အသားတစ်ခုဖြစ်စေဖို့ လုပ်ဆောင်နေတာပါ။ နော်တင်ဟမ်ဖောရက်စ်ကနေ ပြန်
ရောက်လာတဲ့ ဂျိန်းစ်ဂါနာလည်း ရှိနေပါတယ်။ သူကလည်း ဂါနာချိုလိုပဲလို့ ထင်တယ်။ ကျွန်
တော်တို့မှာ ဟန်နီဘယ် မတ်ဂ်ျဘရီလည်း ရှိနေပါတယ် သူ့အတွက် မျှော်မှန်းချက်က ကြီး
ကြီးမားမား ရှိနေပါတယ် ”“ ဒီကောင်လေးတွေက နေရာရဖို့အတွက် သူတို့ကိုယ်သူတို့ တွန်း
အားပေးကြပါလိမ့်မယ်။ ဂါနာဟာ တန်းတက်အသင်းမှာ ကစားခဲ့တယ်၊ ဟန်နီဘယ်သာ သူ့
ရဲ့ ပွဲဦးထွက်ကို လုပ်ခဲ့တယ်၊ ဂါနာချိုဟာ လူငယ် အက်ဖ်အေဖလားမှာ အနိုင်ဂိုးကို သွင်းခဲ့
တယ် အခု အာဂျင်တီးနားအသင်းမှာ ကစားနေတယ်။ သူတို့က တိုးတက်အောင် လုပ်နေကြ
တာပါ၊ သူတို့က တန်ဟန့်အတွက် ရွေးချယ်စရာတွေ ပေးနေပါတယ်။ သူတို့ဟာ အဲ့ဒီတံခါး
ကို ခေါက်နေကြပါလိမ့်မယ်။ အသင်းတစ်သင်းဟာ အောင်မြင်ဖို့အတွက် ဆာလောင်မှု လို
ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ကစားခဲ့ဖူးတဲ့ ခံစစ္ကစားသမားေဟာင္းျဖစ္သူ ဂယ္ရီ
ပါလ္လီစတာက အလက္ဂ်န္ဒ႐ို ဂါနာခ်ိဳ၊ ဂ်ိန္းစ္ဂါနာနဲ႔ ဟန္နီဘယ္ မတ္ဂ္်ဘရီစတဲ့ လူငယ္
ကစားသမားသုံးဦးဟာ ေနာက္ရာသီ နည္းျပသစ္ အဲရစ္ တန္ဟန႔္ရဲ႕ လက္ေအာက္မွာ အခု
ထက္ပိုၿပီး ပိုမိုထြန္းေတာက္လာႏိုင္ေၾကာင္း ေျပာလာပါတယ္။ ဂ်ိန္းစ္ဂါနာဟာ ၿပီးခဲ့တဲ့ရာသီ
မွာေနာ္တင္ဟမ္ေဖာရက္စ္အသင္းကို တန္းတက္ေအာင္ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ သူ႔ရဲ႕ အ
နာဂါတ္ကို လာမယ့္ ရက္သတၱပတ္အတြင္း ရာသီႀကိဳမွာ အဆုံးအျဖတ္ခံယူသြားမာ ျဖစ္ပါ
တယ္။ ဟန္နီဘယ္ မတ္ဂ္်ဘရီကေတာ့ ၿပီးခဲ့တဲ့ရာသီ နည္းျပေဟာင္း ရာ့ဖ္ရန္းဂ္နစ္ရဲ႕ ေအာက္
မွာ စီနီယာႏွစ္ပြဲ ပါဝင္ကစားခြင့္ရခဲ့ပါတယ္။ အသက္ ၁၇ ႏွစ္အ႐ြယ္ တိုက္စစ္ကစားသမား
ေလးဂါနာခ်ိဳကေတာ့ စိတ္လႈပ္ရွားစြာ ေစာင့္ၾကည့္ခ်င္စရာ အေကာင္းဆုံးျဖစ္ပါတယ္။ သူ
ဟာ ယူႏိုက္တက္လူငယ္အသင္းအတြက္ ဖမ္းစားႏိုင္စြမ္းရွိတဲ့ သြင္းဂိုးေတြကို သြင္းယူခဲ့ၿပီး၊
လူငယ္အက္ဖ္ေအဖလားဖိုင္နယ္မွာလည္း အႏိုင္ဂိုးကို သြင္းခဲ့ပါတယ္။ ထို႔အတြက္ေၾကာင့္
ပထမဦးစြာ ဂါနာခ်ိဳရဲ႕ ပတ္သက္ၿပီး ပါလ္လီစတာက “ သူဟာ သင့္ေတာ္တဲ့ အသက္အ႐ြယ္
မွာ ရွိေနၿပီး ”“ အခုဆိုရင္ ႏိုင္ငံတကာအဆင့္ကိုေတာင္ ေရာက္ေနပါၿပီ။ သူဟာ သူ႔ကိုယ္
သူ အမွတ္အသားတစ္ခုျဖစ္ေစဖို႔ လုပ္ေဆာင္ေနတာပါ။ ေနာ္တင္ဟမ္ေဖာရက္စ္ကေန ျပန္
ေရာက္လာတဲ့ ဂ်ိန္းစ္ဂါနာလည္း ရွိေနပါတယ္။ သူကလည္း ဂါနာခ်ိဳလိုပဲလို႔ ထင္တယ္။ ကြၽန္
ေတာ္တို႔မွာ ဟန္နီဘယ္ မတ္ဂ္်ဘရီလည္း ရွိေနပါတယ္ သူ႔အတြက္ ေမွ်ာ္မွန္းခ်က္က ႀကီး
ႀကီးမားမား ရွိေနပါတယ္ ”“ ဒီေကာင္ေလးေတြက ေနရာရဖို႔အတြက္ သူတို႔ကိုယ္သူတို႔ တြန္း
အားေပးၾကပါလိမ့္မယ္။ ဂါနာဟာ တန္းတက္အသင္းမွာ ကစားခဲ့တယ္၊ ဟန္နီဘယ္သာ သူ႔
ရဲ႕ ပြဲဦးထြက္ကို လုပ္ခဲ့တယ္၊ ဂါနာခ်ိဳဟာ လူငယ္ အက္ဖ္ေအဖလားမွာ အႏိုင္ဂိုးကို သြင္းခဲ့
တယ္ အခု အာဂ်င္တီးနားအသင္းမွာ ကစားေနတယ္။ သူတို႔က တိုးတက္ေအာင္ လုပ္ေနၾက
တာပါ၊ သူတို႔က တန္ဟန႔္အတြက္ ေ႐ြးခ်ယ္စရာေတြ ေပးေနပါတယ္။ သူတို႔ဟာ အဲ့ဒီတံခါး
ကို ေခါက္ေနၾကပါလိမ့္မယ္။ အသင္းတစ္သင္းဟာ ေအာင္ျမင္ဖို႔အတြက္ ဆာေလာင္မႈ လို
ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။