နည်းပြသစ်လက်ထက် ပထမဆုံးခြေစမ်းပွဲမှာတင် ဇလေးပြလာတဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာ မနေ့ညတုန်းက ရာယိုဗယ်လီကာနိုနှင့် ရာသီကြိုခြေစမ်းပွဲတွင်လူစား

လဲခြင်းခံခဲ့ရပြီးနောက်ပွဲပြီးဆုံးအထိမနေဘဲပွဲမပြီးမှအိုးထရက်ဖို့ဒ်ကွင်းမှထွက်ခွာသွားခဲ့တာတွေ့ရ

ပါတယ်။အသက်၃၇နှစ်ရှိရော်နယ်ဒိုဟာပွဲပြီးရန်၁၀မိနစ်ဝန်းကျင်ခန့်အလိုတွင်ပင်အိုးထရက်ဖို့ဒ်

ကွင်းမှထွက်ခွာသွားခဲ့တာလည်းဖြစ်ပါတယ်။ယူနိုက်တက်ပရိသတ်တစ်ဦးဟာပွဲပြီးဆုံးတဲ့အထိမ

ကြည့်ဘဲပွဲမပြီးမီ အိုးထရက်ဖို့ဒ်မှထွက်ခွာသွားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုဓာတ်ပုံရိုက်ကူးကာ

တွစ်တာတွင်တင်သွားပါတယ်။၎င်းက “ပွဲပြီးခရာမှုတ်ချိန်အထိတောင်မစောင့်ဘူး”လို့ရေးသားခဲ့

ပါတယ်။ဒါ့အပြင် ၎င်းက “ဘုရင်ကြီးထွက်ခွာသွားပြီ”လို့လည်းထပ်ရေးသွားပါတယ်။ရော်နယ်ဒို

ဟာဗယ်လီကာနိုနှင့်ပွဲစဉ်တွင် ပထမပိုင်းအပြီးမှာအဲရစ်တန်ဟက်ရဲ့လူစားလဲလှယ်ခြင်းခံရတဲ့တစ်

ဦးတည်းသောကစားသမားလည်းဖြစ်ပါတယ်။ယင်းပွဲစဉ်တွင်ရော်နယ်ဒိုအစားလူစားဝင်ရောက်

လာတဲ့အာမက်ဒီရယ်လိုကယူနိုက်တက်အတွက်ဦးဆောင်ဂိုးသွင်းခဲ့ပြီးဂါစီယာကဗယ်လီကာနိုအ

တွက်ချေပဂိုးသွင်းယူသွားခဲ့ပါတယ်။ဗယ်လီကာနိုနှင့်ပွဲစဉ်မတိုင်မီအဲရစ်တန်ဟက်ကခရစ္စတီယာ

နိုရော်နယ်ဒိုမှာပွဲကစားရန်လုံလောက်တဲ့ကြံ့ခိုင်မှုမျိုးမရှိသေးကြောင်းပြောကြားခဲ့ပါတယ်။ခရစ္စတီ

ယာနိုရော်နယ်ဒိုဟာချန်ပီယံလိဂ်ကစားလိုမှုကြောင့်အသင်းပြောင်းခွင့်တောင်းဆိုထားပြီးယူနိုက်

တက်ဘက်ကလည်းရောင်းချရန်ငြင်းဆိုနေပါတယ်။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ မေန႔ညတုန္းက ရာယိုဗယ္လီကာႏိုႏွင့္ ရာသီႀကိဳေျခစမ္းပြဲတြင္လူစား

လဲျခင္းခံခဲ့ရၿပီးေနာက္ပြဲၿပီးဆုံးအထိမေနဘဲပြဲမၿပီးမွအိုးထရက္ဖို႔ဒ္ကြင္းမွထြက္ခြာသြားခဲ့တာေတြ႕ရ

ပါတယ္။အသက္၃၇ႏွစ္ရွိေရာ္နယ္ဒိုဟာပြဲၿပီးရန္၁၀မိနစ္ဝန္းက်င္ခန႔္အလိုတြင္ပင္အိုးထရက္ဖို႔ဒ္

ကြင္းမွထြက္ခြာသြားခဲ့တာလည္းျဖစ္ပါတယ္။ယူႏိုက္တက္ပရိသတ္တစ္ဦးဟာပြဲၿပီးဆုံးတဲ့အထိမ

ၾကည့္ဘဲပြဲမၿပီးမီ အိုးထရက္ဖို႔ဒ္မွထြက္ခြာသြားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုဓာတ္ပုံ႐ိုက္ကူးကာ

တြစ္တာတြင္တင္သြားပါတယ္။၎က “ပြဲၿပီးခရာမႈတ္ခ်ိန္အထိေတာင္မေစာင့္ဘူး”လို႔ေရးသားခဲ့

ပါတယ္။ဒါ့အျပင္ ၎က “ဘုရင္ႀကီးထြက္ခြာသြားၿပီ”လို႔လည္းထပ္ေရးသြားပါတယ္။ေရာ္နယ္ဒို

ဟာဗယ္လီကာႏိုႏွင့္ပြဲစဥ္တြင္ ပထမပိုင္းအၿပီးမွာအဲရစ္တန္ဟက္ရဲ႕လူစားလဲလွယ္ျခင္းခံရတဲ့တစ္

ဦးတည္းေသာကစားသမားလည္းျဖစ္ပါတယ္။ယင္းပြဲစဥ္တြင္ေရာ္နယ္ဒိုအစားလူစားဝင္ေရာက္

လာတဲ့အာမက္ဒီရယ္လိုကယူႏိုက္တက္အတြက္ဦးေဆာင္ဂိုးသြင္းခဲ့ၿပီးဂါစီယာကဗယ္လီကာႏိုအ

တြက္ေခ်ပဂိုးသြင္းယူသြားခဲ့ပါတယ္။ဗယ္လီကာႏိုႏွင့္ပြဲစဥ္မတိုင္မီအဲရစ္တန္ဟက္ကခရစၥတီယာ

ႏိုေရာ္နယ္ဒိုမွာပြဲကစားရန္လုံေလာက္တဲ့ႀကံ့ခိုင္မႈမ်ိဳးမရွိေသးေၾကာင္းေျပာၾကားခဲ့ပါတယ္။ခရစၥတီ

ယာႏိုေရာ္နယ္ဒိုဟာခ်န္ပီယံလိဂ္ကစားလိုမႈေၾကာင့္အသင္းေျပာင္းခြင့္ေတာင္းဆိုထားၿပီးယူႏိုက္

တက္ဘက္ကလည္းေရာင္းခ်ရန္ျငင္းဆိုေနပါတယ္။