နည်းပြသစ်လက်ထက် တောက်ပလာခွင့်ရလာနိုင်ကြမဲ့ ယူနိုက်တက်ကြယ်ပွင့်သစ်လေးများ
မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်နွေရာသီ အပြောင်းအရွေ့အတွင်းက
စားသမားသစ်တွေ ခေါ်ယူခြင်းမပြုမီ လက်ရှိမှာ မလိုအပ်တဲ့ ကစားသမားတွေကို
ရှင်းထုတ်နေတာတွေ့ရပါတယ်။ ယူနိုက်တက်ဟာ မနေ့က ပေါလ် ပေါ့ဘာ နှင့်
ဂျေစီ လင်ဂတ် ၊ ယနေ့ ဟွမ် မာတာတို့ကို ဇွန်လကုန်မှာ အလွတ်ထွက်ခွာတော့မယ့်
ကစားသမားတွေအဖြစ် ကြေညာခဲ့ပါတယ်။ နောက်ပြီး အက်ဒီဆင် ကာဗာနီကို
လည်းမကြာခင် ကြေညာလိမ့်မယ်။ နီမာနီယာ မာတစ်ကလည်း ရာသီကုန်မှာအ
သင်းပြောင်းတော့မယ့်အကြောင်း ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သလိုလီး ဂရန့်က
လည်း လိဂ်ဝမ်းကလပ်တစ်ခုရဲ့ နည်းပြဖြစ်သွားပါပြီ။ဒါ့အပြင် ယူနိုက်တက်က
ဝမ်ဘစ်ဆာကာ ၊ ဖီးလ်ဂျုံးစ် ၊ အဲရစ် ဘိုင်လီ နှင့်အန်သိုနီ မာရှယ်တို့နဲ့ ပတ်သက်
တဲ့ ကမ်းလှမ်းမှုတွေကိုလည်း နားစွင့်နေပါတယ်။ဒါကြောင့် နည်းပြသစ် အဲရစ်
တန်ဟာ့ခ် အနေနဲ့ လက်ကျန်ကစားသမားတွေကိုအကောင်းဆုံးအသုံးချဖို့ လိုအပ်
နေပြီး ဒတ်ချ်နည်းပြလက်အောက်မှာတောင်ပလာနိုင်တဲ့ အမေ့လျော့ခံ ကြယ်ပွင့်
ကစားသမား ( ၅ ) ဦးကိုသုံးသပ်တင်ပြပေးလိုက်ပါတယ်။
( ၁ ) ဒွန်နီ ဗန်ဒီဘိ
( ၂၀၂၀ ) ခုနှစ်အတွင်း အေဂျက်ကနေ ယူနိုက်တက်ထံ ပြောင်းရွေ့လာခဲ့တဲ့ဒွန်နီ
ဗန်ဒီဘိဟာ နယ်သာလန်ကလပ်နဲ့အတူ တန်ဟာ့ခ်လက်အောက်မှာ( ၁၇၅ ) ပွဲ က
စားခဲ့ပြီး ( ၄၁ )ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ယူနိုက်တက်မှာတော့ ဗန်ဒီဘိက မျှော်
လင့်ထားသလိုဖြစ်မလာခဲ့ပဲပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွေ့မှာ အဲဗာတန်အ
သင်းထံ အငှားချခြင်းခံခဲ့ရပါတယ်။လက်ရှိမှာတော့ သူ့ရဲ့ ဆရာဟောင်းလက်
အောက်မှာ တစ်ဖန်ပြန်လည်တောက်ပနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။
( ၂ ) အာမက် ဒီယာလို
အငှားပြောင်းရွေ့မှုကနေ ပြန်လာမယ့် နောက်ထပ် ကစားသမားတစ်ဦးကတော့
အာမက် ဒီယာလိုပါ ။ လွန်ခဲ့တဲ့ ( ၂ ) နှစ်ကျော်က အတ္တလန္တာအသင်းကိုမြှင့်မား
တဲ့ပြောင်းရွေ့ကြေးပေးပြီး ခေါ်ယူခဲ့ရတဲ့ ( ၁၉ ) နှစ်အရွယ်လူငယ်ကြယ်ပွင့်ဟာ
ရိန်းဂျားစ်အသင်းကို ယူရိုပါလိဂ် ဗိုလ်လုပွဲပို့ဆောင်ပေးနိုင်ခဲ့သလို စကော့တလန်
ဖလားလည်း ရယူနိုင်ခဲ့ပါတယ်။
( ၃ ) ဟာနီဘယ် မစ်ဂျ်ဘရီ
နောက်ထပ် အသက် ( ၁၉ ) နှစ်အရွယ် ကြယ်ပွင့် ဟာနီဘယ်ဟာတူနီးရှားလက်
ရွေးစင်အသင်းမှာ ( ၁၂ ) ကြိမ် တိုင် ပါဝင်ခွင့်ရထားပြီးယူနိုက်တက်မှာလည်း
ရာဖ် ရန်းညစ်ခ်လက်အောက်တွင် မိနစ်အနည်းငယ်ပါဝင်ခွင့်ရခဲ့ပါတယ်။ ယူနိုက်
တက်မှာ ကွင်းလယ်ကစားသမား ထွက်ခွာမှုတွေများနေတဲ့အတွက် ဟာနီဘယ်
အနေနဲ့ လာမယ့်ရာသီမှာ ယခုထက်အခွင့်အရေးပိုရလာနိုင်ပါတယ်။
( ၄ ) အင်ဒရီ ပါရဲရား
ဘရာဇီးလ် ကွင်းလယ်ကစားသမားဟာ ယူနိုက်တက်ကို ပြန်လာမှာဖြစ်ပြီးတန်
ဟာ့ခ်ကလည်း ပါရဲရားကို သူ့ရဲ့အသင်းအား ကူညီပေးနိုင်မယ့်ကစားသမားပုံစံ
ဖြစ်တယ်လို့ သုံးသပ်ထာပါတယ်။
( ၅ ) ဂျိမ်းစ်ဂါနာ
ဂါနာက ယူနိုက်တက် ပထမအသင်းကြီးနဲ့အတူ ( ၇ ) ပွဲထိ ကစားထားပြီးသူဖြစ်ပါ
တယ်။အဲ့ဒီထဲမှ တစ်ဝက်က ( ၂၀၁၉ /၂၀ ) ယူရိုပါလိဂ်ပြိုင်ပွဲမှာဖြစ်ပါတယ်။
ကွင်းလယ်ကစားသမားဟာ နော်တင်ဟမ် ဖောရက်စ်ကို ပရီးမီးယားလိဂ်တန်း
းတက်ခွင့်ရအောင် အဓိကနေရာကနေ ကူညီပေးနိုင်ခဲ့ပါတယ်llဂါနာမှာ တောက်
ပတဲ့အနာဂတ်ပိုင်ဆိုင်ထားပြီး တန်ဟာ့ခ်ကလည်းရာသီကြိုမှာ သူ့ရဲ့အရည်
အချင်းတွေကို သုံးသပ်သွားဖို့ရှိနေပါတယ်။
နေပြီး ဒတ်ခ်ျနည်းပြလက်အောက်မှာတောင်ပလာနိုင်တဲ့ အမေ့လျော့ခံ ကြယ်ပွင့်
( ၁ ) ဒွန်နီ ဗန်ဒီဘိ
( ၂ ) အာမက် ဒီယာလို
( ၃ ) ဟာနီဘယ် မစ်ဂ်ျဘရီ
( ၄ ) အင်ဒရီ ပါရဲရား
( ၅ ) ဂျိမ်းစ်ဂါနာ