နည်းပြသစ်ရဲ့ ပထမဆုံး အိုးထရက်ဖို့ဒ်ပွဲစဉ်မတိုင်မီ ဆန္ဒပြဖို့စီစဉ်ထားကြတဲ့ ယူနိုက်တက်ပရိသတ်များ

မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာနည်းပြအဲရစ်တန်ဟက်ရဲ့ပထမဆုံးအိုးထရက်ဖို့ဒ်

ပွဲစဉ်မတိုင်မီဂလေဇာမိသားစုကိုဆန္ဒပြသွားကြပါမယ်။မေလတုန်းကယူနိုက်တက်နည်းပြသစ်

အဖြစ်ခန့်အပ်ခြင်းခံခဲ့ရတဲ့ဒတ်ချ်လူမျိုးနည်းပြအဲရစ်တန်ဟက်ဟာပထမဆုံးအိုးထရက်ဖို့ဒ်ပွဲ

စဉ်အဖြစ်လာမယ့်ဇူလိုင်လ ၃၁ရက်နေ့တွင်ရာသီကြိုခြေစမ်းပွဲနောက်ဆုံးပွဲစဉ်အဖြစ်စပိန်က

လပ်ဗယ်လီကာနိုနှင့်ခြေစမ်းပွဲကစားသွားပါမယ်။အဆိုပါပွဲစဉ်မတိုင်မီနာရီအနည်းငယ်အလို

တွင်ယူနိုက်တက်ပရိသတ်များဟာဂလေဇာမိသားစုကိုငြိမ်းချမ်းစွာဆန္ဒပြမှုပြုလုပ်လာမှာဖြစ်

ကြောင်း Manchester Evening News ကဖော်ပြသွားပါတယ်။မန်ချက်စတာယူနိုက်တက်ပရိ

သတ်များဟာမကြာသေးမီတုန်းကကလပ်ရဲ့နွေရာသီကစားသမားခေါ်ယူအားဖြည့်မှုမရှိသေး

မှုအပေါ်ဒေါသထွက်ကာ စီအီးအိုအာနိုးရဲ့အိမ်ရှေ့သွားရောက်ဆန္ဒပြရန်စီစဉ်ခဲ့ပါသေးတယ်။

ဒါပေမဲ့အာနိုးကယင်းကိုသိရှိသွားပြီးနောက်ယူနိုက်တက်ပရိသတ်များစုဝေးရာဘီယာဆိုင်သို့

သွားရောက်ပြီးဖျောင်းဖျမှုပြုလုပ်ခဲ့ပါတယ်။ယင်းတွေ့ဆုံပွဲတွင်ယူနိုက်တက်ပရိသတ်များက

လာမယ့်ဘောလုံးရာသီတွင်ဂလေဇာဆန့်ကျင်ရေးဆန္ဒပြမှုများဆက်တိုက်ဖြစ်ပေါ်လာရေးစီ

စဉ်နေကြောင်းပြောကြားသွားခဲ့ပါတယ်။ယခုအခါယူနိုက်တက်ပရိသတ်များဟာအဲရစ်တန်

ဟက်ရဲ့ပထမဆုံးအိုးထရက်ဖို့ဒ်ပွဲစဉ်တွင်ဂလေဇာမိသားစုကိုဆန္ဒပြလာကြတော့မှာဖြစ်ပါတယ်။

 



အဖြစ်ခန့်အပ်ခြင်းခံခဲ့ရတဲ့ဒတ်ခ်ျလူမျိုးနည်းပြအဲရစ်တန်ဟက်ဟာပထမဆုံးအိုးထရက်ဖို့ဒ်ပွဲ










