
မီဆတ်အိုဇေးလ်ကငယ်ချစ်ဖီနာဘာချီတွင်ပင်ဆက်လက်ကစားလိုကြောင်းပြောကြားလာပါတယ်။
ဂျာမနီစတားကိုနည်းပြသစ်ဂျော့ဂျေဆူးကကစားခွင့်ပေးသွားတော့မှာမဟုတ်ကြောင်းပြောကြား
ထားပါတယ်။ဒါပေမဲ့အိုဇေးလ်ရဲ့လက်ရှိဖီနာဘာချီနှင့်စာချုပ်က၂၀၂၄ခုနှစ်နွေရာသီတွင်မှကုန်ဆုံး
ပါမယ်။သူဟာယခင်ယာယီနည်းပြအစ်မဲလ်ကာတယ်နှင့်ပြဿနာတက်ပြီးနောက် အသင်းလူစာ
ရင်းမှဖယ်ရှားခံခဲ့ရတာဖြစ်ပြီးမတ်လကတည်းကကစားခွင့်မရလာသူလည်းဖြစ်ပါတယ်။မကြာ
သေးမီတုန်းကအိုဇေးလ်ရဲ့အေးဂျင့်ဒေါက်တာအာဂတ်ဆိုဂတ်က အာဆင်နယ်စတားဟောင်းမှာ
ပရော်ဖက်ရှင်နယ်ဂိမ်မာအဖြစ်အသက်မွေးဝန်းကျောင်းလာနိုင်ကြောင်းပြောကြားခဲ့ဖူးပါတယ်။
ယခုအခါအိုဇေးလ်ကကိုယ်တိုင်ကဖီနာဘာချီမှထွက်ခွာလိုခြင်းမရှိဘဲ နေရာအတွက်တိုက်ပွဲဝင်
လိုကြောင်းပြောကြားလာပါတယ်။၎င်းက “ဖီနာဘာချီနဲ့မွေးရပ်မြေတူရကီသို့အားလပ်ရက်ခရီး
ထွက်လာတာမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့အလွန်လှပတဲ့အင်္ကျီကိုဝတ်ဆင်တိုင်း အစွမ်းကုန်
ပေးဆပ်ဖို့ကလွဲပြီးကျန်တာမတွေးပါဘူး။ကျွန်တော်တို့ရဲ့ပစ်မှတ်တွေထဲမှာကျွန်တော့်ငယ်ချစ်
ဖီနာဘာချီနဲ့တွေ့ဆုံဖို့လည်းပါဝင်ပါတယ်။ဒါတွေမလုပ်ရသေးဘဲဘောလုံးကနေအနားယူမှာမ
ဟုတ်ပါဘူး။ကျွန်တော့်ဘက်ကအကောင်းဆုံးလုပ်ပြီးကျွန်တော့်ချစ်တဲ့ဖီနာဘာချီအတွက်အ
ကောင်းဆုံးအသုံးတော်ခံချင်ပါတယ်”လို့ပြောကြားသွားပါတယ်။
မီဆတ္အိုေဇးလ္ကငယ္ခ်စ္ဖီနာဘာခ်ီတြင္ပင္ဆက္လက္ကစားလိုေၾကာင္းေျပာၾကားလာပါတယ္။
ဂ်ာမနီစတားကိုနည္းျပသစ္ေဂ်ာ့ေဂ်ဆူးကကစားခြင့္ေပးသြားေတာ့မွာမဟုတ္ေၾကာင္းေျပာၾကား
ထားပါတယ္။ဒါေပမဲ့အိုေဇးလ္ရဲ႕လက္ရွိဖီနာဘာခ်ီႏွင့္စာခ်ဳပ္က၂၀၂၄ခုႏွစ္ေႏြရာသီတြင္မွကုန္ဆုံး
ပါမယ္။သူဟာယခင္ယာယီနည္းျပအစ္မဲလ္ကာတယ္ႏွင့္ျပႆနာတက္ၿပီးေနာက္ အသင္းလူစာ
ရင္းမွဖယ္ရွားခံခဲ့ရတာျဖစ္ၿပီးမတ္လကတည္းကကစားခြင့္မရလာသူလည္းျဖစ္ပါတယ္။မၾကာ
ေသးမီတုန္းကအိုေဇးလ္ရဲ႕ေအးဂ်င့္ေဒါက္တာအာဂတ္ဆိုဂတ္က အာဆင္နယ္စတားေဟာင္းမွာ
ပေရာ္ဖက္ရွင္နယ္ဂိမ္မာအျဖစ္အသက္ေမြးဝန္းေက်ာင္းလာႏိုင္ေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။
ယခုအခါအိုေဇးလ္ကကိုယ္တိုင္ကဖီနာဘာခ်ီမွထြက္ခြာလိုျခင္းမရွိဘဲ ေနရာအတြက္တိုက္ပြဲဝင္
လိုေၾကာင္းေျပာၾကားလာပါတယ္။၎က “ဖီနာဘာခ်ီနဲ႔ေမြးရပ္ေျမတူရကီသို႔အားလပ္ရက္ခရီး
ထြက္လာတာမဟုတ္ပါဘူး။ကြၽန္ေတာ္တို႔ရဲ႕အလြန္လွပတဲ့အက်ႌကိုဝတ္ဆင္တိုင္း အစြမ္းကုန္
ေပးဆပ္ဖို႔ကလြဲၿပီးက်န္တာမေတြးပါဘူး။ကြၽန္ေတာ္တို႔ရဲ႕ပစ္မွတ္ေတြထဲမွာကြၽန္ေတာ့္ငယ္ခ်စ္
ဖီနာဘာခ်ီနဲ႔ေတြ႕ဆုံဖို႔လည္းပါဝင္ပါတယ္။ဒါေတြမလုပ္ရေသးဘဲေဘာလုံးကေနအနားယူမွာမ
ဟုတ္ပါဘူး။ကြၽန္ေတာ့္ဘက္ကအေကာင္းဆုံးလုပ္ၿပီးကြၽန္ေတာ့္ခ်စ္တဲ့ဖီနာဘာခ်ီအတြက္အ
ေကာင္းဆုံးအသုံးေတာ္ခံခ်င္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။