ဒေါ့မွန်မှာဘယ်လောက်ကောင်းကောင်း မန်စီးတီးမှာ ဂျင်းလာမရောင်းဖို့ဝေဖန်ခံလာရတဲ့ ဟာလန်း

မန်စီးတီးအသင်းတိုက်စစ်မှူးသစ်ဟာလန်းဟာ လီဗာပူးလ်နဲ့ကစားခဲ့တဲ့ကွန်မြူနတီဒိုင်းပွဲမှာ စိတ်

ကျေနပ်စရာကောင်းတဲ့ ခြေစွမ်းမျိုးမပြသနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုနဲ့ရင်ဆိုင်နေရ

ပါတယ်။အသက်(၂၂)နှစ်သာရှိသေးတဲ့ နော်ဝေလူငယ်ကြယ်ပွင့်တိုက်စစ်မှူးဟာလန်းဟာ အခုလ

အစောပိုင်းက မန်စီးတီးအသင်းဆီ ပေါင်(၅၁)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး အသင်းတိုက်စစ်ကို ဦးဆောင်

နိုင်မယ့်သူအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ဟာလန်းရဲ့ကစားသမားဘဝတစ်လျှောက်ဆဲလ်

ဘာ့ဂ်၊ ဒေ့ါမွန်အသင်းတို့မှာ ပွဲဦးထွက်ကတည်းက ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အခု မန်စီးတီးအသင်းရဲ့

ပွဲဦးထွက်စွမ်းဆောင်ရည်အရသူဟာ ပရီးမီးယားလိဂ်ကစားဟန်နဲ့အသားကျအောင် ကြိုးစားရဦး

မယ်ဆိုတာပေါ်လွင်နေပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံးမှာ ဟာလန်းရဲ့ဘောလုံးထိချက်က (၈)ကြိမ်

သာရှိခဲ့ပြီး အခွင့်အရေး(၁)ကြိမ်ရပေမယ့်သူ့ကန်ချက်က လီဗာပူးလ်ဂိုးသမားအက်ဒရီယန်ဆီ တည့်

တည့်မတ်မတ်ရောက်သွားခဲ့ပါတယ်။ ဟာလန်းအတွက် အဆိုးရွားဆုံးဖြစ်ခဲ့တာကပွဲပြီးခါနီးအချိန်

မှာ ဖိုဒန်ရဲ့ကန်ချက်ကို အက်ဒရီယန် ပုတ်ထုတ်လိုက်တာကနေပြန်ထွက်လာတဲ့ ဘောလုံးကို မိုး

ပေါ်ထောင်ကန်ခဲ့တာဖြစ်ပြီး ဟာလန်းလိုကမ္ဘာ့အဆင့်တိုက်စစ်မှူးတစ်ဦးက ဒီလိုလွဲချော်ခဲ့တာ

က အရှက်ရစရာဖြစ်ခဲ့ရပါတယ်။အဲဒါကြောင့်ပဲ ပရိသတ်တွေက ဟာလန်းကိုဝေဖန်နေကြတာဖြစ်

ပြီး‘မန်စီးတီးအသင်းဟာ,ဟာလန်းကို ဒုတိယပိုင်းမှ သုံးဖို့ကောင်းတယ်’၊‘ဘောလုံးတောင် သိပ်မ

ထိခဲ့တဲ့ ဟာလန်း မန်စီးတီးအသင်းရဲ့နည်းစနစ်တွေနဲ့အံမဝင်နိုင်ဘူးဆိုတာ သက်သေပါပဲ’လို့

အွန်လိုင်းမှာရေးသားနေကြပါတယ်။လီဗာပူးလ်အသင်းမှာ ပေါင်(၈၅)သန်းတန်’ဂျင်း’လို့ လှောင်

ပြောင်ခံနေရတဲ့တိုက်စစ်မှူးဒါဝင်နူးနက်ဇ်က အခုပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပယ်နယ်တီ

ရရှိအောင်စွမ်းဆောင်ခဲ့သလို ကိုယ်တိုင်လည်းတစ်ဂိုးသွင်းခဲ့တာကြောင့်‘ဂျင်း’မိတာက လီဗာ

ပူးလ်မဟုတ်ဘဲ မန်စီးတီးများဖြစ်နေပြီလားဆိုတာ မေးခွန်းထုတ်ရမှာပါ . . .

မန္စီးတီးအသင္းတိုက္စစ္မႉးသစ္ဟာလန္းဟာ လီဗာပူးလ္နဲ႔ကစားခဲ့တဲ့ကြန္ျမဴနတီဒိုင္းပြဲမွာ စိတ္

ေက်နပ္စရာေကာင္းတဲ့ ေျခစြမ္းမ်ိဳးမျပသႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ေဝဖန္မႈနဲ႔ရင္ဆိုင္ေနရ

ပါတယ္။အသက္(၂၂)ႏွစ္သာရွိေသးတဲ့ ေနာ္ေဝလူငယ္ၾကယ္ပြင့္တိုက္စစ္မႉးဟာလန္းဟာ အခုလ

အေစာပိုင္းက မန္စီးတီးအသင္းဆီ ေပါင္(၅၁)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့ၿပီး အသင္းတိုက္စစ္ကို ဦးေဆာင္

ႏိုင္မယ့္သူအျဖစ္သတ္မွတ္ခံထားရတာျဖစ္ပါတယ္။ ဟာလန္းရဲ႕ကစားသမားဘဝတစ္ေလွ်ာက္ဆဲလ္

ဘာ့ဂ္၊ ေဒ့ါမြန္အသင္းတို႔မွာ ပြဲဦးထြက္ကတည္းက ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ အခု မန္စီးတီးအသင္းရဲ႕

ပြဲဦးထြက္စြမ္းေဆာင္ရည္အရသူဟာ ပရီးမီးယားလိဂ္ကစားဟန္နဲ႔အသားက်ေအာင္ ႀကိဳးစားရဦး

မယ္ဆိုတာေပၚလြင္ေနပါတယ္။ ပထမပိုင္းတစ္ပိုင္းလုံးမွာ ဟာလန္းရဲ႕ေဘာလုံးထိခ်က္က (၈)ႀကိမ္

သာရွိခဲ့ၿပီး အခြင့္အေရး(၁)ႀကိမ္ရေပမယ့္သူ႔ကန္ခ်က္က လီဗာပူးလ္ဂိုးသမားအက္ဒရီယန္ဆီ တည့္

တည့္မတ္မတ္ေရာက္သြားခဲ့ပါတယ္။ ဟာလန္းအတြက္ အဆိုး႐ြားဆုံးျဖစ္ခဲ့တာကပြဲၿပီးခါနီးအခ်ိန္

မွာ ဖိုဒန္ရဲ႕ကန္ခ်က္ကို အက္ဒရီယန္ ပုတ္ထုတ္လိုက္တာကေနျပန္ထြက္လာတဲ့ ေဘာလုံးကို မိုး

ေပၚေထာင္ကန္ခဲ့တာျဖစ္ၿပီး ဟာလန္းလိုကမာၻ႔အဆင့္တိုက္စစ္မႉးတစ္ဦးက ဒီလိုလြဲေခ်ာ္ခဲ့တာ

က အရွက္ရစရာျဖစ္ခဲ့ရပါတယ္။အဲဒါေၾကာင့္ပဲ ပရိသတ္ေတြက ဟာလန္းကိုေဝဖန္ေနၾကတာျဖစ္

ၿပီး‘မန္စီးတီးအသင္းဟာ,ဟာလန္းကို ဒုတိယပိုင္းမွ သုံးဖို႔ေကာင္းတယ္’၊‘ေဘာလုံးေတာင္ သိပ္မ

ထိခဲ့တဲ့ ဟာလန္း မန္စီးတီးအသင္းရဲ႕နည္းစနစ္ေတြနဲ႔အံမဝင္ႏိုင္ဘူးဆိုတာ သက္ေသပါပဲ’လို႔

အြန္လိုင္းမွာေရးသားေနၾကပါတယ္။လီဗာပူးလ္အသင္းမွာ ေပါင္(၈၅)သန္းတန္’ဂ်င္း’လို႔ ေလွာင္

ေျပာင္ခံေနရတဲ့တိုက္စစ္မႉးဒါဝင္ႏူးနက္ဇ္က အခုပြဲမွာ ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး ပယ္နယ္တီ

ရရွိေအာင္စြမ္းေဆာင္ခဲ့သလို ကိုယ္တိုင္လည္းတစ္ဂိုးသြင္းခဲ့တာေၾကာင့္‘ဂ်င္း’မိတာက လီဗာ

ပူးလ္မဟုတ္ဘဲ မန္စီးတီးမ်ားျဖစ္ေနၿပီလားဆိုတာ ေမးခြန္းထုတ္ရမွာပါ . . .