
ရှက်တာဒိုးနက်အသင်းကို (၅-ဝ)ဂိုးပြတ်အနိုင်ရခဲ့တဲ့ခြေစမ်းပွဲမှာရိုးမားအသင်းကစားသမားသစ်
ဒီဘားလားဟာ ထောင့်ကန်ဘောကန်တင်တာမှာ ဆိုးဆိုးရွားရွားလွဲချော်ခဲ့တာကြောင့် သူ့ကို ပရိ
သတ်တွေကလှောင်ပြောင်နေကြပါတယ်။ အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူအာဂျင်တီးနား,နာ
မည်ကျော်တိုက်စစ်မှူးဒီဘားလားဟာ ဂျူဗင်တပ်စ်အသင်းနဲ့လမ်းခွဲပြီး,ပြီးခဲ့တဲ့လကမှ မော်ရင်ဟို
ရဲ့ရိုးမားအသင်းဆီ အလွတ်နဲ့ပြောင်းရွှေ့ခဲ့သလို မိတ်ဆက်ပွဲအခမ်းအနားမှာ ပရိသတ်ထောင်နဲ့ချီ
ပြီးတော့လာရောက်အားပေးခဲ့ကြပါတယ်။ ဒါပေမဲ့ ရိုးမားအသင်းအတွက် ဒုတိယမြောက်ကစားခဲ့
တဲ့ခြေစမ်းပွဲမှာ ဒီဘားလားက ထောင့်ကန်ဘောကို စိတ်ပျက်စရာကောင်းအောင် ကန်တင်ခဲ့တာ
ကြောင့် ပရိသတ်တွေ လှောင်ပြောင်ချင်စရာဖြစ်ခဲ့ပါတယ်။ ဒီဘားလားရဲ့ကန်ချက်က အားပျော့သ
လို ပယ်နယ်တီဧရိယာထဲတောင်မရောက်ဘဲ ဂိုးဘေးနားကနေထွက်သွားတာဖြစ်ပါတယ်။အဲဒါ
ကြောင့် ပရိသတ်တွေက ‘ဆိုးရွားတဲ့ထောင့်ကန်ဘောကန်ချက်ကိုမြင်တွေ့ရဖို့အတွက် ဒီဘားလား
ကို ရိုးမားပရိသတ်တွေဟာ ရောမမြို့မှာနေရာလပ်မရှိအောင် သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြပါ
တယ်’၊‘ဘောလုံးသမိုင်းတစ်လျှောက် အဆိုးရွားဆုံးထောင့်ကန်ဘောကိုဒီဘားလားကန်တင်ခဲ့တာ
ပါပဲ’၊ ‘မော်ရင်ဟိုလို နှုတ်သီးကောင်းလျှာပါးနည်းပြမျိုးနဲ့တော့ ဒီဘားလား စတွေ့ပြီ’ဆိုပြီးတော့
အွန်လိုင်းပေါ်မှာရေးသားခဲ့ကြပါတယ်။ ရှက်တာဒိုးနက်နဲ့ပွဲမှာ ဒီဘားလားရဲ့ထောင့်ကန်ဘောကန်
ချက်က ဝေဖန်ချင်စရာဖြစ်ခဲ့ပေမယ့် ပွဲချိန်အတွင်းမှာတော့ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ရိုးမားအသင်း
က ပယ်လီဂရီနီ၊ မန်ချီနီ၊ ကိုနိုပလေယာ၊ဇာနီအိုလို၊ ဘိုဗီတို့ရဲ့ဂိုးတွေနဲ့ ဂိုးပြတ်နိုင်ပွဲရရှိခဲ့ပါတယ်။
ရွက္တာဒိုးနက္အသင္းကို (၅-ဝ)ဂိုးျပတ္အႏိုင္ရခဲ့တဲ့ေျခစမ္းပြဲမွာ႐ိုးမားအသင္းကစားသမားသစ္
ဒီဘားလားဟာ ေထာင့္ကန္ေဘာကန္တင္တာမွာ ဆိုးဆိုး႐ြား႐ြားလြဲေခ်ာ္ခဲ့တာေၾကာင့္ သူ႔ကို ပရိ
သတ္ေတြကေလွာင္ေျပာင္ေနၾကပါတယ္။ အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူအာဂ်င္တီးနား,နာ
မည္ေက်ာ္တိုက္စစ္မႉးဒီဘားလားဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔လမ္းခြဲၿပီး,ၿပီးခဲ့တဲ့လကမွ ေမာ္ရင္ဟို
ရဲ႕႐ိုးမားအသင္းဆီ အလြတ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့သလို မိတ္ဆက္ပြဲအခမ္းအနားမွာ ပရိသတ္ေထာင္နဲ႔ခ်ီ
ၿပီးေတာ့လာေရာက္အားေပးခဲ့ၾကပါတယ္။ ဒါေပမဲ့ ႐ိုးမားအသင္းအတြက္ ဒုတိယေျမာက္ကစားခဲ့
တဲ့ေျခစမ္းပြဲမွာ ဒီဘားလားက ေထာင့္ကန္ေဘာကို စိတ္ပ်က္စရာေကာင္းေအာင္ ကန္တင္ခဲ့တာ
ေၾကာင့္ ပရိသတ္ေတြ ေလွာင္ေျပာင္ခ်င္စရာျဖစ္ခဲ့ပါတယ္။ ဒီဘားလားရဲ႕ကန္ခ်က္က အားေပ်ာ့သ
လို ပယ္နယ္တီဧရိယာထဲေတာင္မေရာက္ဘဲ ဂိုးေဘးနားကေနထြက္သြားတာျဖစ္ပါတယ္။အဲဒါ
ေၾကာင့္ ပရိသတ္ေတြက ‘ဆိုး႐ြားတဲ့ေထာင့္ကန္ေဘာကန္ခ်က္ကိုျမင္ေတြ႕ရဖို႔အတြက္ ဒီဘားလား
ကို ႐ိုးမားပရိသတ္ေတြဟာ ေရာမၿမိဳ႕မွာေနရာလပ္မရွိေအာင္ ေသာင္းေသာင္းျဖျဖႀကိဳဆိုခဲ့ၾကပါ
တယ္’၊‘ေဘာလုံးသမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးေထာင့္ကန္ေဘာကိုဒီဘားလားကန္တင္ခဲ့တာ
ပါပဲ’၊ ‘ေမာ္ရင္ဟိုလို ႏႈတ္သီးေကာင္းလွ်ာပါးနည္းျပမ်ိဳးနဲ႔ေတာ့ ဒီဘားလား စေတြ႕ၿပီ’ဆိုၿပီးေတာ့
အြန္လိုင္းေပၚမွာေရးသားခဲ့ၾကပါတယ္။ ရွက္တာဒိုးနက္နဲ႔ပြဲမွာ ဒီဘားလားရဲ႕ေထာင့္ကန္ေဘာကန္
ခ်က္က ေဝဖန္ခ်င္စရာျဖစ္ခဲ့ေပမယ့္ ပြဲခ်ိန္အတြင္းမွာေတာ့ေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး ႐ိုးမားအသင္း
က ပယ္လီဂရီနီ၊ မန္ခ်ီနီ၊ ကိုႏိုပေလယာ၊ဇာနီအိုလို၊ ဘိုဗီတို႔ရဲ႕ဂိုးေတြနဲ႔ ဂိုးျပတ္ႏိုင္ပြဲရရွိခဲ့ပါတယ္။