
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်းဖြစ်သူ လူးဝစ် ဆာဟာက အန်တိုနီ မာစီရယ်အနေ
နဲ့ ဒီရာသီမှာ မန်ယူအသင်းအတွက် အာရုံစိုက်ပြီးတော့ ကြံ့ခိုင်နေဖို့လိုအပ်ကြောင်းနဲ့၊ အကယ်၍သာ
အဲ့ဒီလိုလုပ်နိုင်မယ်ဆိုရင် ဂိုး ၂၀ ကျော်အထက် သွင်းနိုင်လောက်ကြောင်း ပြောကြားလိုက်ပါတယ်။
မာစီရယ်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရုန်းကန်ခဲ့ရပေမယ့် နည်းပြ တန်ဟန့်ရဲ့ကစားကွက်အောက်
မှာ ခြေစွမ်းကောင်းတွေ ပြသထားလျက်ရှိပါတယ်။ ထို့အတွက်ကြောင့် ဆာဟာက “ မာစီရယ်က
အခုချိန်မှာ အရင်တုန်းကထက် အတွေ့အကြုံအများကြီး ပိုရှိလာတယ်လို့ ထင်တယ်။ သူက ပြီးခဲ့
တဲ့နှစ်အတွင်း၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပရိသတ်တွေက သူနဲ့ ပတ်သက်ပြီး ဘာကို သဘော
မကျဘူးလဲဆိုတာ သဘောပေါက်တယ်။ သူ့ရဲ့ ကြံ့ခိုင်မှုက ”“ ပြဿနာမဟုတ်ပါဘူး။ သူ့ရဲ့ ခြေ
စွမ်းပိုင်းမတည်ငြိမ်မှုကသာ ပြဿနာဖြစ်ခဲ့တာပါ။ ဒါက ကျွန်တော်တို့ ဖြေရှင်းရမယ့် အခြေအ
နေဖြစ်တယ်၊ ဘာလို့လဲဆိုတော့ နည်းပြအပေါ် မကျေနပ်တာကြောင့် စောဒကတက်ခဲ့တယ်၊ အဲ့
ဒီရဲ့နောက်ကွယ်မှာ လေးစားမှု မရှိတာဖြစ်နိုင်တယ်၊ အသေးစိတ်တော့ မပြောတော့ပါဘူး၊ ဒါ
ပေမယ့် ထိုအရာတွေက နောက်ကွယ်မှာပဲ ရှိဖို့လိုတယ် ”“ ဘာလို့လဲဆိုတော့ သူက ပုံစံရတာ
လာတဲ့အခါ၊ အာရုံသေချာစိုက်တဲ့အခါ၊ သူက ထိန်းချုပ်လို့မရနိုင်တာကြောင့်ပါ။ သူတစ်ယောက်
တည်းတင် ကစားပုံကောင်းလို့ မရပါဘူး၊ တစ်သင်းလုံး ကောင်းမှရပါမယ်၊ ပြီးတော့ ခရစ္စတီယာ
နိုနဲ့ မားကပ်တို့လိုမျိုး အံ့ဩစရာကောင်းတဲ့ ကစားသမားဖြစ်ရပါမယ်။ အဲရစ်ဆန်က ကူညီသွား
ပါလိမ့်မယ်။ နည်းပြက ကွင်းထဲမှာ ခံစစ်တန်း ”“ မြှင့်ကစားတာက တိုက်စစ်မှူးတွေကို အကူအ
ညီဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေတယ်၊ ဘာလို့လဲဆိုတော့ ဒါက သူ တစ်ဦးတည်း သီးသန့်မ
ဟုတ်ဘူးဆိုတဲ့ ယုံကြည်မှုကို ယူဆောင်လာပေးတာကြောင့်ပါ၊ ဒါကို နှစ်တွေအတောအတွင်း မ
တူညီတဲ့ နည်းစနစ်တွေ၊ ကွင်းလယ်နှစ်ယောက်ထိုင်တာ စသဖြင့် ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။
အဲ့ဒါက ခင်ဗျားဟာ မျှော်မှန်းထားသလောက် ”“ ယုံကြည်မှုရှိမနေဘူးဆိုရင် အလုပ်မဖြစ်ပါဘူး၊
အထူးသဖြင့် မန်ယူလိုအသင်းကြီးမျိုးမှာပါ။ အဲ့ဒါက ခရစ္စတီယာနိုအတွက်လည်း မနှစ်တုန်းက
ခက်ခဲခဲ့တယ်လို့ ထင်တယ်။ ကျွန်တော်တို့ အဲ့ဒါကို မြင်ဖူးပြီးသွားပြီဆိုတော့၊ အန်တိုနီအနေနဲ့
လည်း မှန်ကန်တဲ့ နည်းစနစ်မှာသာဆိုရင် သူက အံ့ဩစရာကောင်းတာတွေ လုပ်ပြနိုင်လိမ့်မယ်၊
ပြီးရင် ဂိုး ၂၀, ၂၅ လောက် သွင်းလိမ့်မယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။
မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးေဟာင္းျဖစ္သူ လူးဝစ္ ဆာဟာက အန္တိုနီ မာစီရယ္အေန
နဲ႔ ဒီရာသီမွာ မန္ယူအသင္းအတြက္ အာ႐ုံစိုက္ၿပီးေတာ့ ႀကံ့ခိုင္ေနဖို႔လိုအပ္ေၾကာင္းနဲ႔၊ အကယ္၍သာ
အဲ့ဒီလိုလုပ္ႏိုင္မယ္ဆိုရင္ ဂိုး ၂၀ ေက်ာ္အထက္ သြင္းႏိုင္ေလာက္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။
မာစီရယ္ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ႐ုန္းကန္ခဲ့ရေပမယ့္ နည္းျပ တန္ဟန႔္ရဲ႕ကစားကြက္ေအာက္
မွာ ေျခစြမ္းေကာင္းေတြ ျပသထားလ်က္ရွိပါတယ္။ ထို႔အတြက္ေၾကာင့္ ဆာဟာက “ မာစီရယ္က
အခုခ်ိန္မွာ အရင္တုန္းကထက္ အေတြ႕အႀကဳံအမ်ားႀကီး ပိုရွိလာတယ္လို႔ ထင္တယ္။ သူက ၿပီးခဲ့
တဲ့ႏွစ္အတြင္း၊ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ပရိသတ္ေတြက သူနဲ႔ ပတ္သက္ၿပီး ဘာကို သေဘာ
မက်ဘူးလဲဆိုတာ သေဘာေပါက္တယ္။ သူ႔ရဲ႕ ႀကံ့ခိုင္မႈက ”“ ျပႆနာမဟုတ္ပါဘူး။ သူ႔ရဲ႕ ေျခ
စြမ္းပိုင္းမတည္ၿငိမ္မႈကသာ ျပႆနာျဖစ္ခဲ့တာပါ။ ဒါက ကြၽန္ေတာ္တို႔ ေျဖရွင္းရမယ့္ အေျခအ
ေနျဖစ္တယ္၊ ဘာလို႔လဲဆိုေတာ့ နည္းျပအေပၚ မေက်နပ္တာေၾကာင့္ ေစာဒကတက္ခဲ့တယ္၊ အဲ့
ဒီရဲ႕ေနာက္ကြယ္မွာ ေလးစားမႈ မရွိတာျဖစ္ႏိုင္တယ္၊ အေသးစိတ္ေတာ့ မေျပာေတာ့ပါဘူး၊ ဒါ
ေပမယ့္ ထိုအရာေတြက ေနာက္ကြယ္မွာပဲ ရွိဖို႔လိုတယ္ ”“ ဘာလို႔လဲဆိုေတာ့ သူက ပုံစံရတာ
လာတဲ့အခါ၊ အာ႐ုံေသခ်ာစိုက္တဲ့အခါ၊ သူက ထိန္းခ်ဳပ္လို႔မရႏိုင္တာေၾကာင့္ပါ။ သူတစ္ေယာက္
တည္းတင္ ကစားပုံေကာင္းလို႔ မရပါဘူး၊ တစ္သင္းလုံး ေကာင္းမွရပါမယ္၊ ၿပီးေတာ့ ခရစၥတီယာ
ႏိုနဲ႔ မားကပ္တို႔လိုမ်ိဳး အံ့ဩစရာေကာင္းတဲ့ ကစားသမားျဖစ္ရပါမယ္။ အဲရစ္ဆန္က ကူညီသြား
ပါလိမ့္မယ္။ နည္းျပက ကြင္းထဲမွာ ခံစစ္တန္း ”“ ျမႇင့္ကစားတာက တိုက္စစ္မႉးေတြကို အကူအ
ညီျဖစ္ေစလိမ့္မယ္လို႔ ယုံၾကည္ေနတယ္၊ ဘာလို႔လဲဆိုေတာ့ ဒါက သူ တစ္ဦးတည္း သီးသန႔္မ
ဟုတ္ဘူးဆိုတဲ့ ယုံၾကည္မႈကို ယူေဆာင္လာေပးတာေၾကာင့္ပါ၊ ဒါကို ႏွစ္ေတြအေတာအတြင္း မ
တူညီတဲ့ နည္းစနစ္ေတြ၊ ကြင္းလယ္ႏွစ္ေယာက္ထိုင္တာ စသျဖင့္ ကြၽန္ေတာ္တို႔ ေတြ႕ခဲ့ရပါတယ္။
အဲ့ဒါက ခင္ဗ်ားဟာ ေမွ်ာ္မွန္းထားသေလာက္ ”“ ယုံၾကည္မႈရွိမေနဘူးဆိုရင္ အလုပ္မျဖစ္ပါဘူး၊
အထူးသျဖင့္ မန္ယူလိုအသင္းႀကီးမ်ိဳးမွာပါ။ အဲ့ဒါက ခရစၥတီယာႏိုအတြက္လည္း မႏွစ္တုန္းက
ခက္ခဲခဲ့တယ္လို႔ ထင္တယ္။ ကြၽန္ေတာ္တို႔ အဲ့ဒါကို ျမင္ဖူးၿပီးသြားၿပီဆိုေတာ့၊ အန္တိုနီအေနနဲ႔
လည္း မွန္ကန္တဲ့ နည္းစနစ္မွာသာဆိုရင္ သူက အံ့ဩစရာေကာင္းတာေတြ လုပ္ျပႏိုင္လိမ့္မယ္၊
ၿပီးရင္ ဂိုး ၂၀, ၂၅ ေလာက္ သြင္းလိမ့္မယ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး ” လို႔ ေျပာဆိုခဲ့ပါတယ္။