
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဖရန်
ကီ ဒီယောင်းကို တစ်ပတ်လုပ်ခလစာ ပေါင် ၄၅၀,၀၀၀ နဲ့ နောက်ဆုံးအကြိမ် ကမ်းလှမ်းလိုက်
ကြောင်း သိရပါတယ်။ မန်ယူအသင်းဟာ ဒီယောင်းကို ခေါ်ယူနိုင်ဖို့အတွက် နွေရာသီဈေးကွက်
တစ်လျှောက်လုံး ကြိုးပမ်းနေပေမယ့်၊ ယခုအချိန်ထိအောင်အပြောင်းအရွှေ့က ဖြစ်မြောက်ခြင်း
မရှိသေးတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ စပိန်မှာ ရှိတဲ့ သတင်းဌာနတစ်ခုက မန်ယူအသင်းဟာ
ဒီယောင်းကို အသင်းနဲ့ အမြန်ဆုံးပူးပေါင်းနိုင်စေဖို့ရာအတွက် လက်ရှိ ဘာစီလိုနာအသင်းမှာ ရရှိ
နေတဲ့ လုပ်ခလစာအတိုင်း ပေးချေသွားဖို့ ကမ်းလှမ်းလိုက်ကြောင်း ဖော်ပြလာပါတယ်။ ထိုလုပ်
ခလစာပမာဏဟာဒီယောင်းအနေနဲ့ ဘာစီလိုနာအသင်းဆီကနေ ရရှိရန် ကျန်နေတဲ့ လခအကြွေး
နဲ့ ဘောနပ်စ်ငွေစုစုပေါင်း ပေါင် ၁၇ သန်းကို ကာမိဖို့ရာအတွက် မျှော်လင့်ရတာဖြစ်ပါတယ်။ ဘာ
စီလိုနာအသင်းဟာ ဒီနွေရာသီမှာ ရောဘတ် လီဝန်ဒေါ့စကီး၊ ရာဖင်ညာ၊ အန်းဒရေ့စ် ခရစ္စတန်
ဆန်၊ ဖရန့် ကတ်စ်စီနဲ့ ဂျုးလ်စ် ကွန်ဒီတို့ကို ခေါ်ယူထားပေမယ့် ဒီယောင်းကိုတော့အသင်းမှာ
ဆက်နေသွားမယ်ဆိုရင် လုပ်ခလစာလျှော့ယူသွားရမယ်ဆိုပြီး ပြောဆိုအသိပေးထားပါတယ်။ ဒီ
ယောင်းဟာ ဘာစီလိုနာအသင်းကို ငွေကြေးအများအပြား ပြန်ရှာပေးနိုင်မယ့် ထိပ်တန်းကစား
သမားတွေထဲက တစ်ဦးဖြစ်နေပြီး၊ မန်ယူအသင်းက ပေါင် ၇၄ သန်းနဲ့ ခေါ်ယူသွားဖို့ သဘောတူ
ညီမှု ရထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်းကစားသမားဖြစ်သူဘက်က သူ့ရဲ့ ဆရာဟောင်း
ဖြစ်သူနဲ့ ပြန်လည်စုံစည်းနိုင်မယ့် အခွင့်အရေးကို ငြင်းဆန်ထားပြီး ချန်ပီယံလိဂ်ဝင်ခွင့်မရထားတဲ့
မန်ယူအသင်းကို ပြောင်းဖို့ ဆန္ဒမရှိဖြစ်နေပါတယ်။ လက်ရှိမှာတော့ ဒီယောင်းဟာ ဘာစီလိုနာ
အသင်းနဲ့အတူ အမေရိကန်မှာ ရောက်ရှိနေပြီး၊ စပိန်ကို ပြန်ရောက်တာနဲ့ ယူနိုက်တက်အကြီးအ
ကဲတွေက တွေ့ဆုံသွားဖို့ ရှိနေပါတယ်။
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဘာစီလိုနာအသင္းရဲ႕ ကြင္းလယ္ကစားသမားျဖစ္သူ ဖရန္
ကီ ဒီေယာင္းကို တစ္ပတ္လုပ္ခလစာ ေပါင္ ၄၅၀,၀၀၀ နဲ႔ ေနာက္ဆုံးအႀကိမ္ ကမ္းလွမ္းလိုက္
ေၾကာင္း သိရပါတယ္။ မန္ယူအသင္းဟာ ဒီေယာင္းကို ေခၚယူႏိုင္ဖို႔အတြက္ ေႏြရာသီေဈးကြက္
တစ္ေလွ်ာက္လုံး ႀကိဳးပမ္းေနေပမယ့္၊ ယခုအခ်ိန္ထိေအာင္အေျပာင္းအေ႐ႊ႕က ျဖစ္ေျမာက္ျခင္း
မရွိေသးတာ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ စပိန္မွာ ရွိတဲ့ သတင္းဌာနတစ္ခုက မန္ယူအသင္းဟာ
ဒီေယာင္းကို အသင္းနဲ႔ အျမန္ဆုံးပူးေပါင္းႏိုင္ေစဖို႔ရာအတြက္ လက္ရွိ ဘာစီလိုနာအသင္းမွာ ရရွိ
ေနတဲ့ လုပ္ခလစာအတိုင္း ေပးေခ်သြားဖို႔ ကမ္းလွမ္းလိုက္ေၾကာင္း ေဖာ္ျပလာပါတယ္။ ထိုလုပ္
ခလစာပမာဏဟာဒီေယာင္းအေနနဲ႔ ဘာစီလိုနာအသင္းဆီကေန ရရွိရန္ က်န္ေနတဲ့ လခအေႂကြး
နဲ႔ ေဘာနပ္စ္ေငြစုစုေပါင္း ေပါင္ ၁၇ သန္းကို ကာမိဖို႔ရာအတြက္ ေမွ်ာ္လင့္ရတာျဖစ္ပါတယ္။ ဘာ
စီလိုနာအသင္းဟာ ဒီေႏြရာသီမွာ ေရာဘတ္ လီဝန္ေဒါ့စကီး၊ ရာဖင္ညာ၊ အန္းဒေရ႕စ္ ခရစၥတန္
ဆန္၊ ဖရန႔္ ကတ္စ္စီနဲ႔ ဂ်ဳးလ္စ္ ကြန္ဒီတို႔ကို ေခၚယူထားေပမယ့္ ဒီေယာင္းကိုေတာ့အသင္းမွာ
ဆက္ေနသြားမယ္ဆိုရင္ လုပ္ခလစာေလွ်ာ့ယူသြားရမယ္ဆိုၿပီး ေျပာဆိုအသိေပးထားပါတယ္။ ဒီ
ေယာင္းဟာ ဘာစီလိုနာအသင္းကို ေငြေၾကးအမ်ားအျပား ျပန္ရွာေပးႏိုင္မယ့္ ထိပ္တန္းကစား
သမားေတြထဲက တစ္ဦးျဖစ္ေနၿပီး၊ မန္ယူအသင္းက ေပါင္ ၇၄ သန္းနဲ႔ ေခၚယူသြားဖို႔ သေဘာတူ
ညီမႈ ရထားခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္းကစားသမားျဖစ္သူဘက္က သူ႔ရဲ႕ ဆရာေဟာင္း
ျဖစ္သူနဲ႔ ျပန္လည္စုံစည္းႏိုင္မယ့္ အခြင့္အေရးကို ျငင္းဆန္ထားၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္မရထားတဲ့
မန္ယူအသင္းကို ေျပာင္းဖို႔ ဆႏၵမရွိျဖစ္ေနပါတယ္။ လက္ရွိမွာေတာ့ ဒီေယာင္းဟာ ဘာစီလိုနာ
အသင္းနဲ႔အတူ အေမရိကန္မွာ ေရာက္ရွိေနၿပီး၊ စပိန္ကို ျပန္ေရာက္တာနဲ႔ ယူႏိုက္တက္အႀကီးအ
ကဲေတြက ေတြ႕ဆုံသြားဖို႔ ရွိေနပါတယ္။