ဒီယေဂိုဆီမြွန်နီရဲ့ အက်သလက်တီကိုဘက်ကို မြှားဦးလှည့်ချိန်ဖို့ကြံလာပြန်တဲ့ ယူနိုက်တက်

နာမည်ကြီးသတင်းဌာနတစ်ခုဖြစ်တဲ့ AS ရဲ့ အဆိုအရ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်ကြတဲ့

မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီးနဲ့ တော့တင်ဟန်ဟော့စပါးအသင်းတို့အားလုံးဟာ

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်သူ ယန်းနစ်ခ် ကာရက်စ်

ကို ခေါ်ယူရန် စိတ်ဝင်စားလာကြကြောင်းသိရပါတယ်။ အခြားတစ်ဖက်မှာလည်း ကစားသ

မားဖြစ်သူဟာ နည်းပြ ဒီယေဂို ဆီမြွန်နီရဲ့ အသင်းမှာ အဓိက အရေးပါတဲ့နေရာကနေ ပါဝင်

နေပြီး၊ စာချုပ်သက်တမ်းတိုးဖို့ ကိစ္စဆွေးနွေးမှုတွေ ရှိနေနိုင်ပါတယ်။တရုတ်နိုင်ငံမှာ ကာလ

တိုသွားရောက်ကစားရာကနေ ပြန်လာပြီးတည်းက ဘယ်လ်ဂျီယံလက်ရွေးစင်ကာရက်စ်ကို

ဟာ နည်းပြ ဆီမြွန်နီရဲ့ အသင်းလူစာရင်းမှာ ပြီးပြည့်စုံတဲ့ ကစားသမားအဖြစ် သက်သေပြနိုင်

ခဲ့ပြီး၊ ပြီးခဲ့တဲ့အချိန်အတောအတွင်း သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး

ဖြစ်ခဲ့ပါတယ်။ Transfermarkt က ဖော်ပြတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ပြီးခဲ့တဲ့

ရာသီ လာလီဂါမှာ ကွင်းလယ်လူကာရက်စ်ကိုဟာ ပွဲပေါင်း ၃၄ ပွဲကစားပေးခဲ့ပြီး သွင်းဂိုး ၆ ဂိုး

သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ဖန်တီးပေးခဲ့ပါတယ်။ ကာရက်စ်ကိုရဲ့ အချက်အလက်တွေ

ဟာ အားရစရာသိပ်မကောင်းလှပေမယ့်လည်း သူ့ရဲ့ စွယ်စုံကစားနိုင်တဲ့ စွမ်းရည်က တစ်ချိန်

တည်းမှာပဲ အသင်းရဲ့ နေရာအတော်များများမှာ ထည့်သွင်းအသုံးပြုလို့ရနိုင်တာကြောင့် မန်

ယူအသင်းအနေနဲ့ မျက်စိကျနေတာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ကာရက်စ်ကိုဟာ

အက်သလက်တီကိုမက်ဒရစ်နဲ့ လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းမှာ အချိန် ၂ နှစ် ကျန်

ရှိနေသေးပြီး၊ စာချုပ်ဖျက်သိမ်းကြေးကတော့ ယူရို သန်း ၆၀ ဝန်းကျင်ဖြစ်တယ်လို့ ယူဆရပါ

တယ်။ ဒါဟာဒီနှစ်ထဲမှာပဲ အသက် ၂၉ နှစ်ပြည့်မြောက်တော့မယ့် ကစားသမားတစ်ဦးအတွက်

များပြားတဲ့ ပမာဏဖြစ်လွန်းနေတယ်လို့ ဆိုနိုင်ပါတယ်။ ထို့အတွက်ကြောင့် မန်ယူအသင်းအ

နေနဲ့ ကစားသမားဖြစ်သူကို စိတ်ဝင်စားရုံအဆင့်မှာသာ ရှိနေသေးပြီး လောလောဆယ်မှာတော့

ကမ်းလှမ်းမှုတစ်စုံတစ်ရာ မလုပ်သေးတာ ဖြစ်ပါတယ်။

နာမည္ႀကီးသတင္းဌာနတစ္ခုျဖစ္တဲ့ AS ရဲ႕ အဆိုအရ ပရီးမီးယားလိဂ္ကလပ္ေတြျဖစ္ၾကတဲ့

မန္ခ်က္စတာယူႏိုက္တက္၊ ခ်ယ္လ္ဆီးနဲ႔ ေတာ့တင္ဟန္ေဟာ့စပါးအသင္းတို႔အားလုံးဟာ

အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားျဖစ္သူ ယန္းနစ္ခ္ ကာရက္စ္

ကို ေခၚယူရန္ စိတ္ဝင္စားလာၾကေၾကာင္းသိရပါတယ္။ အျခားတစ္ဖက္မွာလည္း ကစားသ

မားျဖစ္သူဟာ နည္းျပ ဒီေယဂို ဆီႁမြန္နီရဲ႕ အသင္းမွာ အဓိက အေရးပါတဲ့ေနရာကေန ပါဝင္

ေနၿပီး၊ စာခ်ဳပ္သက္တမ္းတိုးဖို႔ ကိစၥေဆြးေႏြးမႈေတြ ရွိေနႏိုင္ပါတယ္။တ႐ုတ္ႏိုင္ငံမွာ ကာလ

တိုသြားေရာက္ကစားရာကေန ျပန္လာၿပီးတည္းက ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္ကာရက္စ္ကို

ဟာ နည္းျပ ဆီႁမြန္နီရဲ႕ အသင္းလူစာရင္းမွာ ၿပီးျပည့္စုံတဲ့ ကစားသမားအျဖစ္ သက္ေသျပႏိုင္

ခဲ့ၿပီး၊ ၿပီးခဲ့တဲ့အခ်ိန္အေတာအတြင္း သူတို႔ရဲ႕ အေကာင္းဆုံး ကစားသမားေတြထဲက တစ္ဦး

ျဖစ္ခဲ့ပါတယ္။ Transfermarkt က ေဖာ္ျပတဲ့ ကိန္းဂဏန္းအခ်က္အလက္ေတြအရ ၿပီးခဲ့တဲ့

ရာသီ လာလီဂါမွာ ကြင္းလယ္လူကာရက္စ္ကိုဟာ ပြဲေပါင္း ၃၄ ပြဲကစားေပးခဲ့ၿပီး သြင္းဂိုး ၆ ဂိုး

သြင္းယူခဲ့ၿပီး ဂိုးဖန္တီးမႈ ၆ ႀကိမ္ ဖန္တီးေပးခဲ့ပါတယ္။ ကာရက္စ္ကိုရဲ႕ အခ်က္အလက္ေတြ

ဟာ အားရစရာသိပ္မေကာင္းလွေပမယ့္လည္း သူ႔ရဲ႕ စြယ္စုံကစားႏိုင္တဲ့ စြမ္းရည္က တစ္ခ်ိန္

တည္းမွာပဲ အသင္းရဲ႕ ေနရာအေတာ္မ်ားမ်ားမွာ ထည့္သြင္းအသုံးျပဳလို႔ရႏိုင္တာေၾကာင့္ မန္

ယူအသင္းအေနနဲ႔ မ်က္စိက်ေနတာ ျဖစ္ပါတယ္။ အသက္ ၂၈ ႏွစ္ရွိၿပီျဖစ္တဲ့ ကာရက္စ္ကိုဟာ

အက္သလက္တီကိုမက္ဒရစ္နဲ႔ လက္ရွိခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းမွာ အခ်ိန္ ၂ ႏွစ္ က်န္

ရွိေနေသးၿပီး၊ စာခ်ဳပ္ဖ်က္သိမ္းေၾကးကေတာ့ ယူ႐ို သန္း ၆၀ ဝန္းက်င္ျဖစ္တယ္လို႔ ယူဆရပါ

တယ္။ ဒါဟာဒီႏွစ္ထဲမွာပဲ အသက္ ၂၉ ႏွစ္ျပည့္ေျမာက္ေတာ့မယ့္ ကစားသမားတစ္ဦးအတြက္

မ်ားျပားတဲ့ ပမာဏျဖစ္လြန္းေနတယ္လို႔ ဆိုႏိုင္ပါတယ္။ ထို႔အတြက္ေၾကာင့္ မန္ယူအသင္းအ

ေနနဲ႔ ကစားသမားျဖစ္သူကို စိတ္ဝင္စား႐ုံအဆင့္မွာသာ ရွိေနေသးၿပီး ေလာေလာဆယ္မွာေတာ့

ကမ္းလွမ္းမႈတစ္စုံတစ္ရာ မလုပ္ေသးတာ ျဖစ္ပါတယ္။