ဒီပုံစံအတိုင်းသာရှေ့ဆက်နေမယ်ဆို ဟာလန်းဟာပြဿနာအကြီးကြီး တက်တော့မယ်လို့ ပြောလိုက်တဲ့ နည်းပြဂွါဒီယိုလာ

အသင်းရဲ့ တိုက်စစ်မှူး အာလင်းဟာလန်းအနေနဲ့ ဒီပုံစံအတိုင်းဆိုရင်တော့ရှေ့လျှောက် ပြဿနာ အကြီး

ကြီး တက်တော့မယ်လို့ နည်းပြ ဂွါဒီယိုလာကပြောလိုက်ပါတယ်။ ဒေါ့တ်မန်တိုက်စစ်မှူးဟောင်း ဟာ

လန်းဟာပြီးခဲ့တဲ့ ကြားရက်က ကစားခဲ့တဲ့ လစ်ပ်ဇစ်နဲ့ ပွဲမှာ ၅ ဂိုးအထိ သွင်းပြနိုင်ခဲ့သလိုစနေည ကစား

ခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာလည်း ၃ ဂိုးသွင်းပြီး ဒီရာသီသူ့အတွက် ဆဋ္ဌမမြောက်ဟက်ထရစ်ကို ရယူနိုင်

ခဲ့ပါတယ်။နောက်ပြီး နော်ဝေသားဟာ ၄ ရက်အတွင်းမှာတင် ဟက်ထရစ်ဂိုး ၂ ကြိမ်သွင်းနိုင်ခဲ့တာဖြစ်ပြီး

ဒီရာသီ မန် စီးတီးအတွက် စုစုပေါင်း သွင်းဂိုးကလည်း၄၂ ဂိုး အထိ ရှိလာပြီဖြစ်ပါတယ်။ ဒါကြောင့် ဟာ

လန်းကစားတဲ့ ပွဲတိုင်းမှာဂိုးသွင်းမယ်ဆိုတဲ့ အတွေးမျိုးကို လူတွေ မျှော်လင့်နေတော့မှာဖြစ်ပြီးအဲဒါမျိုးက

အမြဲတမ်း ဖြစ်နေမှာ မဟုတ်တဲ့အတွက် တစ်ချိန်ချိန်မှာ ပြဿနာရှိလာနိုင်တယ်လို့ စပိန်သားနည်းပြက

ဘန်လေနဲ့ပွဲအပြီးမှာ ပြောသွားခဲ့တာပါ။‘’ကိန်းဂဏန်းတွေတော့ ကျွန်တော် မသိဘူးဗျာ။ တစ်ချိန်ချိန်မှာ

တော့ ဒီကောင်ကပြဿနာ ရှိလာပါလိမ့်မယ်။ ဒီကောင်က ပွဲတိုင်းမှာ သုံးလေးဂိုးတော့သွင်းမှာပဲလို့ လူ

တွေက မျှော်လင့် နေကြတော့မှာ။ အဲဒါမျိုးက ဘယ်လိုလုပ်ပြီးဖြစ်မှာလဲ’’ လို့ ဂွါဒီယိုလာက ဆို ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ လစ်ပ်ဇစ်နဲ့ ပွဲမှာဟာလန်းကို လူစားလဲပစ်ခဲ့တာက တပည့်ဟောင်း မက်ဆီရဲ့ သွင်းဂိုး

စံချိန်ကိုချိုးဖျက်ပစ်မှာ စိုးရိမ်တဲ့အတွက် လုပ်ခဲ့တာဆိုပြီး ဂွါဒီယိုလာကအရွှန်းဖောက်သွားခဲ့ပါသေးတယ်။

‘’သူက ဒါတွေကို သိပ်ပြီး အလေးမထားပါဘူး။သူက အကောင်းမြင်တတ်တဲ့ကောင်။ အမြင်လည်း ရှင်း

တယ်။ဘယ်တော့မှ စောဒကတက်တာမျိုးမရှိဘူး။ နောက် ပြီး သူ့ကိုယ်သူပဲ ကြည့်တာ။ဒါကောင်က မယုံ

နိုင်စရာကောင်းတဲ့ အန္တရာယ် ကောင်။ အမြဲတမ်း အကောင်းမြင်ပြီးပျော်နေတာက အများကြီး အဆင်ပြေ

စေတယ်။ လေးရက်အတွင်း ၈ ဂိုးသွင်းတယ်တဲ့ဗျာ။လွန်ခဲ့တဲ့ ၁၁ နှစ် လောက်တုန်းက ဘာစီလိုနာနဲ့အတူ

တစ်ပွဲတည်းမှာ ၁၁ ဂိုး သွင်းဖူးတယ်။မယုံနိုင်စရာပါပဲ။ အက်ဖ်အေဖလားကစားပြီး မက်ဆီရဲ့ စံချိန်မျိုးကို

သူ မကျော်ဖြတ်နိုင်ဖို့အတွက် ကျွန်တော် လူစားလဲပစ်ခဲ့တာပါ။ ဒါကြောင့်ပါ’’ လို့ဂွါဒီယိုလာက ပြုံးစိစိ

မျက်နှာပေးနဲ့ ပြောသွားခဲ့ပါတယ်။

အသင္းရဲ႕ တိုက္စစ္မႉး အာလင္းဟာလန္းအေနနဲ႔ ဒီပုံစံအတိုင္းဆိုရင္ေတာ့ေရွ႕ေလွ်ာက္ ျပႆနာ အႀကီး

ႀကီး တက္ေတာ့မယ္လို႔ နည္းျပ ဂြါဒီယိုလာကေျပာလိုက္ပါတယ္။ ေဒါ့တ္မန္တိုက္စစ္မႉးေဟာင္း ဟာ

လန္းဟာၿပီးခဲ့တဲ့ ၾကားရက္က ကစားခဲ့တဲ့ လစ္ပ္ဇစ္နဲ႔ ပြဲမွာ ၅ ဂိုးအထိ သြင္းျပႏိုင္ခဲ့သလိုစေနည ကစား

ခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာလည္း ၃ ဂိုးသြင္းၿပီး ဒီရာသီသူ႔အတြက္ ဆ႒မေျမာက္ဟက္ထရစ္ကို ရယူႏိုင္

ခဲ့ပါတယ္။ေနာက္ၿပီး ေနာ္ေဝသားဟာ ၄ ရက္အတြင္းမွာတင္ ဟက္ထရစ္ဂိုး ၂ ႀကိမ္သြင္းႏိုင္ခဲ့တာျဖစ္ၿပီး

ဒီရာသီ မန္ စီးတီးအတြက္ စုစုေပါင္း သြင္းဂိုးကလည္း၄၂ ဂိုး အထိ ရွိလာၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ဟာ

လန္းကစားတဲ့ ပြဲတိုင္းမွာဂိုးသြင္းမယ္ဆိုတဲ့ အေတြးမ်ိဳးကို လူေတြ ေမွ်ာ္လင့္ေနေတာ့မွာျဖစ္ၿပီးအဲဒါမ်ိဳးက

အၿမဲတမ္း ျဖစ္ေနမွာ မဟုတ္တဲ့အတြက္ တစ္ခ်ိန္ခ်ိန္မွာ ျပႆနာရွိလာႏိုင္တယ္လို႔ စပိန္သားနည္းျပက

ဘန္ေလနဲ႔ပြဲအၿပီးမွာ ေျပာသြားခဲ့တာပါ။‘’ကိန္းဂဏန္းေတြေတာ့ ကြၽန္ေတာ္ မသိဘူးဗ်ာ။ တစ္ခ်ိန္ခ်ိန္မွာ

ေတာ့ ဒီေကာင္ကျပႆနာ ရွိလာပါလိမ့္မယ္။ ဒီေကာင္က ပြဲတိုင္းမွာ သုံးေလးဂိုးေတာ့သြင္းမွာပဲလို႔ လူ

ေတြက ေမွ်ာ္လင့္ ေနၾကေတာ့မွာ။ အဲဒါမ်ိဳးက ဘယ္လိုလုပ္ၿပီးျဖစ္မွာလဲ’’ လို႔ ဂြါဒီယိုလာက ဆို ပါတယ္။

ဒါ့အျပင္ ၿပီးခဲ့တဲ့ လစ္ပ္ဇစ္နဲ႔ ပြဲမွာဟာလန္းကို လူစားလဲပစ္ခဲ့တာက တပည့္ေဟာင္း မက္ဆီရဲ႕ သြင္းဂိုး

စံခ်ိန္ကိုခ်ိဳးဖ်က္ပစ္မွာ စိုးရိမ္တဲ့အတြက္ လုပ္ခဲ့တာဆိုၿပီး ဂြါဒီယိုလာကအ႐ႊန္းေဖာက္သြားခဲ့ပါေသးတယ္။

‘’သူက ဒါေတြကို သိပ္ၿပီး အေလးမထားပါဘူး။သူက အေကာင္းျမင္တတ္တဲ့ေကာင္။ အျမင္လည္း ရွင္း

တယ္။ဘယ္ေတာ့မွ ေစာဒကတက္တာမ်ိဳးမရွိဘူး။ ေနာက္ ၿပီး သူ႔ကိုယ္သူပဲ ၾကည့္တာ။ဒါေကာင္က မယုံ

ႏိုင္စရာေကာင္းတဲ့ အႏၲရာယ္ ေကာင္။ အၿမဲတမ္း အေကာင္းျမင္ၿပီးေပ်ာ္ေနတာက အမ်ားႀကီး အဆင္ေျပ

ေစတယ္။ ေလးရက္အတြင္း ၈ ဂိုးသြင္းတယ္တဲ့ဗ်ာ။လြန္ခဲ့တဲ့ ၁၁ ႏွစ္ ေလာက္တုန္းက ဘာစီလိုနာနဲ႔အတူ

တစ္ပြဲတည္းမွာ ၁၁ ဂိုး သြင္းဖူးတယ္။မယုံႏိုင္စရာပါပဲ။ အက္ဖ္ေအဖလားကစားၿပီး မက္ဆီရဲ႕ စံခ်ိန္မ်ိဳးကို

သူ မေက်ာ္ျဖတ္ႏိုင္ဖို႔အတြက္ ကြၽန္ေတာ္ လူစားလဲပစ္ခဲ့တာပါ။ ဒါေၾကာင့္ပါ’’ လို႔ဂြါဒီယိုလာက ၿပဳံးစိစိ

မ်က္ႏွာေပးနဲ႔ ေျပာသြားခဲ့ပါတယ္။