ဒီနိုင်ပွဲကခင်ဗျားအတွက်ပါ အိုလီ

ယူနိုက်တက်အသင်းဟာ ဗီလာရီးရဲလ်အသင်းကို စပိန်မြေမှာတင် ရော်နယ်လ်ဒို၊ ဆန်ချိုတို့ရဲ့သွင်းဂိုးတွေကြောင့် (ဝ-၂)ရလဒ်နဲ့နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်အသင်းဟာ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ယန်းဘွိုင်းစ်နဲ့ပွဲရလဒ်ကို စောင့်ကြည့်စရာမလိုတော့ဘဲ

ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

ဆိုးလ်ရှားနေရာမှာအစားဝင်ရောက်နေတဲ့ ယာယီနည်းပြ မိုက်ကယ် ကားရစ်အတွက်လည်း ဒီနိုင်ပွဲကြောင့် မှတ်တမ်းကောင်းတစ်ခုကိုရယူနိုင်ခဲ့ပါတယ်။

ဒါကတော့ ယူနိုက်တက်အသင်းသမိုင်းမှာ နှစ်ပေါင်း ၉၀ အတွင်း ဥရောပပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ အနိုင်ရရှိတဲ့ ပထမဆုံး အင်္ဂလိပ်လူမျိုးနည်းပြ ဖြစ်လာခဲ့တာပါပဲ။

ပွဲပြီးအင်တာဗျူးအစီအစဉ် မှာလည်း သူက ” ကျွန်တော် ဒီနိုင်ပွဲကြောင့် အများကြီး ပျော်ရွှင်ရသလို ဒီနိုင်ပွဲရဲ့ နောက်ကွယ်မှာ

ကျွန်တော့် ကိုအကူအညီပေးနေတဲ့ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ရပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း သူတို့ပေးခဲ့တဲ့ ပံ့ပိုးကူညီမှုတွေက အံ့သြစရာကောင်းပါတယ်။ ဒီနိုင်ပွဲဟာ အသင်းက လူတိုင်းနဲ့သက်ဆိုင်တဲ့နိုင်ပွဲပါပဲ။

ဒီညက အားလုံး တွေးထင်ထားသလိုပဲ ကျွန်တော့်အတွက် မဟုတ်ပါဘူး။ အခြေအနေအရပ်ရပ်ကိုကျော်ဖြတ်လာရတဲ့ ကစားသမားတွေအတွက် ခမ်းနားတဲ့ညပါ။”

“ဒီလိုအခြေအနေမှာရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ခဲ့တာဟာ အသင်းအတွက်တော့အံ့မခန်းပါပဲ။ ကလပ်အတွက်လည်း အံ့သြစရာကောင်းတဲ့ညပါပဲ။

တစ်ဦးတစ်ယောက်ကောင်းလို့မဟုတ်ဘဲ အစုအဖွဲ့လိုက်စွမ်းဆောင်ရည်ကောင်းလို့ရခဲ့တဲ့နိုင်ပွဲပါ။ ဒီနိုင်ပွဲကခင်ဗျားအတွက်ပါ အိုလီ”

ဆန်ချိုဟာလည်း သူအားသာတဲ့နေရာကနေ ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သလို

ယူနိုက်တက်အသင်းအတွက်လည်း သူ့ရဲ့ပထမဆုံးသွင်းဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

အသင်းအတွက် ဦးဆောင်ဂိုးကိုသွင်းယူခဲ့တဲ့ ရော်နယ်ဒိုဟာလည်း ဒီပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကိုရရှိသွားခဲ့ပါတယ်။

zawgyi

ဒီႏိုင္ပြဲကခင္ဗ်ားအတြက္ပါ အိုလီ

ယူႏိုက္တက္အသင္းဟာ ဗီလာရီးရဲလ္အသင္းကို စပိန္ေျမမွာတင္ ေရာ္နယ္လ္ဒို၊ ဆန္ခ်ိဳတို႔ရဲ႕သြင္းဂိုးေတြေၾကာင့္ (ဝ-၂)ရလဒ္နဲ႔ႏိုင္ပြဲရယူႏိုင္ခဲ့ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ယူႏိုက္တက္အသင္းဟာ အုပ္စုေနာက္ဆုံးပြဲျဖစ္တဲ့ယန္းဘြိဳင္းစ္နဲ႔ပြဲရလဒ္ကို ေစာင့္ၾကည့္စရာမလိုေတာ့ဘဲ ခ်န္ပီယံလိဂ္ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္သြားခဲ့ပါတယ္။

ဆိုးလ္ရွားေနရာမွာအစားဝင္ေရာက္ေနတဲ့ ယာယီနည္းျပ မိုက္ကယ္ ကားရစ္အတြက္လည္း ဒီႏိုင္ပြဲေၾကာင့္ မွတ္တမ္းေကာင္းတစ္ခုကိုရယူႏိုင္ခဲ့ပါတယ္။

ဒါကေတာ့ ယူႏိုက္တက္အသင္းသမိုင္းမွာ ႏွစ္ေပါင္း ၉၀ အတြင္း ဥေရာပၿပိဳင္ပြဲ အဖြင့္ပြဲစဥ္မွာ အႏိုင္ရရွိတဲ့ ပထမဆုံး အဂၤလိပ္လူမ်ိဳးနည္းျပ ျဖစ္လာခဲ့တာပါပဲ။

ပြဲၿပီးအင္တာဗ်ဴးအစီအစဥ္ မွာလည္း သူက ” ကြၽန္ေတာ္ ဒီႏိုင္ပြဲေၾကာင့္ အမ်ားႀကီး ေပ်ာ္႐ႊင္ရသလို

ဒီႏိုင္ပြဲရဲ႕ ေနာက္ကြယ္မွာ ကြၽန္ေတာ့္ ကိုအကူအညီေပးေနတဲ့ဝန္ထမ္းေတြကိုလည္း ေက်းဇူးတင္ရပါတယ္။

ၿပီးခဲ့တဲ့ ရက္ေတြအတြင္း သူတို႔ေပးခဲ့တဲ့ ပံ့ပိုးကူညီမႈေတြက အံ့ၾသစရာေကာင္းပါတယ္။ ဒီႏိုင္ပြဲဟာ အသင္းက လူတိုင္းနဲ႔သက္ဆိုင္တဲ့ႏိုင္ပြဲပါပဲ။

ဒီညက အားလုံး ေတြးထင္ထားသလိုပဲ ကြၽန္ေတာ့္အတြက္ မဟုတ္ပါဘူး။ အေျခအေနအရပ္ရပ္ကိုေက်ာ္ျဖတ္လာရတဲ့ ကစားသမားေတြအတြက္ ခမ္းနားတဲ့ညပါ။”

“ဒီလိုအေျခအေနမွာရႈံးထြက္အဆင့္ကိုတက္ေရာက္ႏိုင္ခဲ့တာဟာ အသင္းအတြက္ေတာ့အံ့မခန္းပါပဲ။ ကလပ္အတြက္လည္း အံ့ၾသစရာေကာင္းတဲ့ညပါပဲ။

တစ္ဦးတစ္ေယာက္ေကာင္းလို႔မဟုတ္ဘဲ အစုအဖြဲ႕လိုက္စြမ္းေဆာင္ရည္ေကာင္းလို႔ရခဲ့တဲ့ႏိုင္ပြဲပါ။ ဒီႏိုင္ပြဲကခင္ဗ်ားအတြက္ပါ အိုလီ”

ဆန္ခ်ိဳဟာလည္း သူအားသာတဲ့ေနရာကေန ကစားခြင့္ရခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့သလို ယူႏိုက္တက္အသင္းအတြက္လည္း

သူ႕ရဲ႕ပထမဆံုးသြင္းဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။ အသင္းအတြက္ ဦးေဆာင္ဂိုးကိုသြင္းယူခဲ့တဲ့ ေရာ္နယ္ဒိုဟာလည္း ဒီပြဲစဥ္ရဲ႕ အေကာင္းဆံုးကစားသမားဆုကိုရရွိသြားခဲ့ပါတယ္။

The post ဒီနိုင်ပွဲကခင်ဗျားအတွက်ပါ အိုလီ appeared first on .