ဒိုလေးကြောင့် မျက်နှာငယ်နေရတဲ့ ကာဗာနီကို ခေါ်ယူမယ့် ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်ဇန်နဝါရီဈေးကွက်မှာတော့ ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူသွားဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့နွေရာသီဈေးကွက်အတွင်းမှာ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘတ်ပေကို ခေါ်ယူဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ပြင်သစ်ကလပ်ဘက်က လက်မလွှတ်ခဲ့တာကြောင့် တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့ အလိုရှိနေတာဖြစ်ပါတယ်

ဒါကြောင့် အန်ဆယ်လော့တီအနေနဲ့ လတ်တလော တိုက်စစ်ပိုင်းကို ဖြေရှင်းဖို့အတွက် ကာဗာနီကို ဘာနေဗျူးထံ ခေါ်ယူဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။အသက်(၃၄)နှစ်အရွယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမားကြီး ကာဗာနီဟာ တမြန်နှစ်ကမှ ပီအက်စ်ဂျီအသင်းကနေ ယူနိုက်တက်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး

အသင်းမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ယူနိုက်တက်ဘက်က ဒီရာသီမှာ ကစားသမားဟောင်း ရော်နယ်ဒိုကို အသင်းဆီ ပြန်လည်ခေါ်ယူထားသလို အသင်းရဲ့ တိုက်စစ်မှာလည်း ရော်နယ်ဒိုကိုသာ နေရာပေးနေတာကြောင့် ကာဗာနီအနေနဲ့ သူရဲ့ကျောနံပါတ်ရော သူရဲ့ပွဲထွက်ကစားခွင့်တွေပါ ဆုံးရှုံးလာခဲ့ရတာ ဖြစ်ပါတယ်။

ကာဗာနီဟာ ယူနိုက်တက်အသင်းနဲ့ တစ်နှစ်သက်တမ်းတိုးထားပေမယ့် ဒီနှစ်ဘောလုံးရာသီအတွင်း လူစားဝင် ကစားသမားအဖြစ်နဲ့သာ ပြိုင်ပွဲစုံ(၃)ပွဲကိုသာ ပါဝင်ကစားထားရသေးပြီး အခုထိလည်း မိနစ်ပေါင်း (၆၂)မိနစ်လေးပဲ ကစားထားရသေးတာ ဖြစ်ပါတယ်

ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိအချိန်မှာ ဘန်ဇီမာတစ်ဦးတည်းကို အားထားနေရတာကြောင့် ဘန်ဇီမာသာ ဒဏ်ရာရသွားခဲ့မယ်ဆိုရင် တိုက်စစ်ပိုင်းအတွက် အခက်တွေ့ဖွယ်ရှိနေတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းခေါင်းဆောင် အူဘာမီယန်းကိုပါ ပစ်မှတ်ထားနေတဲ့ ရီးရဲလ်အသင်းဟာ လတ်တလောမှာ အူဘာထက် ခေါ်ယူဖို့ ပိုအဆင်ပြေဖွယ် ရှိနိုင်တဲ့ ကာဗာနီကိုသာ အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်လို့ထားပြီး

ယူနိုက်တက်ကလည်း အထောင်တိုက်စစ်နေရာအတွက် ရော်နယ်ဒိုနဲ့ မာရှယ်တို့ကိုသာ ပိုမိုနေရာပေးဖွယ် ရှိနေတာကြောင့်ရော အသင်းရဲ့ လစာကိစ္စပိုင်း အဆင်ပြေဖို့အတွက်ပါ ကာဗာနီကို ရီးရဲလ်အသင်းဆီ ပို့ဆောင်နိုင်ဖွယ် ရှိနေပါတယ်။

zawgyi

ဒိုေလးေၾကာင့္ မ်က္ႏွာငယ္ေနရတဲ့ ကာဗာနီကို ေခၚယူမယ့္ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္အသင္းဟာ လာမယ့္ဇန္နဝါရီေဈးကြက္မွာေတာ့ ယူႏိုက္တက္တိုက္စစ္မႉး ကာဗာနီကို ေခၚယူသြားဖို႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္သြားဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီေဈးကြက္အတြင္းမွာ ပီအက္စ္ဂ်ီၾကယ္ပြင့္ အမ္ဘတ္ေပကို ေခၚယူဖို႔ အစြမ္းကုန္ႀကိဳးစားခဲ့ေပမယ့္ ျပင္သစ္ကလပ္ဘက္က လက္မလႊတ္ခဲ့တာေၾကာင့္ တိုက္စစ္ပိုင္းကို အင္အားျဖည့္ဖို႔ အလိုရွိေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ အန္ဆယ္ေလာ့တီအေနနဲ႔ လတ္တေလာ တိုက္စစ္ပိုင္းကို ေျဖရွင္းဖို႔အတြက္ ကာဗာနီကို ဘာေနဗ်ဴးထံ ေခၚယူဖို႔ ျပင္ဆင္ခဲ့တာျဖစ္ပါတယ္။

အသက္(၃၄)ႏွစ္အ႐ြယ္ရွိ ဥ႐ုေဂြးလက္ေ႐ြးစင္ တိုက္စစ္ကစားသမားႀကီး ကာဗာနီဟာ တျမန္ႏွစ္ကမွ ပီအက္စ္ဂ်ီအသင္းကေန ယူႏိုက္တက္အသင္းဆီ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အသင္းမွာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ယူႏိုက္တက္ဘက္က ဒီရာသီမွာ ကစားသမားေဟာင္း ေရာ္နယ္ဒိုကို အသင္းဆီ ျပန္လည္ေခၚယူထားသလို အသင္းရဲ႕ တိုက္စစ္မွာလည္း ေရာ္နယ္ဒိုကိုသာ ေနရာေပးေနတာေၾကာင့္ ကာဗာနီအေနနဲ႔ သူရဲ႕ေက်ာနံပါတ္ေရာ သူရဲ႕ပြဲထြက္ကစားခြင့္ေတြပါ ဆုံးရႈံးလာခဲ့ရတာ ျဖစ္ပါတယ္။

ကာဗာနီဟာ ယူႏိုက္တက္အသင္းနဲ႔ တစ္ႏွစ္သက္တမ္းတိုးထားေပမယ့္ ဒီႏွစ္ေဘာလုံးရာသီအတြင္း လူစားဝင္ ကစားသမားအျဖစ္နဲ႔သာ ၿပိဳင္ပြဲစုံ(၃)ပြဲကိုသာ ပါဝင္ကစားထားရေသးၿပီး အခုထိလည္း မိနစ္ေပါင္း (၆၂)မိနစ္ေလးပဲ ကစားထားရေသးတာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ လက္ရွိအခ်ိန္မွာ ဘန္ဇီမာတစ္ဦးတည္းကို အားထားေနရတာေၾကာင့္ ဘန္ဇီမာသာ ဒဏ္ရာရသြားခဲ့မယ္ဆိုရင္ တိုက္စစ္ပိုင္းအတြက္ အခက္ေတြ႕ဖြယ္ရွိေနတာျဖစ္ပါတယ္။အာဆင္နယ္ အသင္းေခါင္းေဆာင္ အူဘာမီယန္းကိုပါ ပစ္မွတ္ထားေနတဲ့ ရီးရဲလ္အသင္းဟာ လတ္တေလာမွာ အူဘာထက္ ေခၚယူဖို႔ ပိုအဆင္ေျပဖြယ္ ရွိႏိုင္တဲ့ ကာဗာနီကိုသာ အသင္းရဲ႕ အဓိကပစ္မွတ္အျဖစ္ သတ္မွတ္လို႔ထားၿပီး ယူႏိုက္တက္ကလည္း အေထာင္တိုက္စစ္ေနရာအတြက္ ေရာ္နယ္ဒိုနဲ႔ မာရွယ္တို႔ကိုသာ ပိုမိုေနရာေပးဖြယ္ ရွိေနတာေၾကာင့္ေရာ အသင္းရဲ႕ လစာကိစၥပိုင္း အဆင္ေျပဖို႔အတြက္ပါ ကာဗာနီကို ရီးရဲလ္အသင္းဆီ ပို႔ေဆာင္ႏိုင္ဖြယ္ ရွိေနပါတယ္။