
ဟိုဆေးမော်ရင်ဟိုရဲ့လက်ထောက်နည်းပြဆယ်ဗာတော်ဖိုတီဟာခရီမိုနက်စ်အားရိုးမားတို့မထင်မှတ်ဘဲ
ရှုံးနိမ့်တဲ့ပွဲစဉ်မှလုပ်ရပ်များကြောင့်တစ်လကြာပွဲကြည့်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ရိုးမားဟာဗုဒ္ဓဟူးနေ့
တုန်းကအိမ်ကွင်းတွင်စီးရီးအေကြမ်းခင်းမှခရီမိုနက်စ်အားကိုပါအီတာလီယာကွာတားဖိုင်နယ်တွင်၂-၁ဂိုး
ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။မော်ရင်ဟိုရဲ့လက်ထောက်ဟာရှုံးပွဲရလဒ်အပေါ်အကြီးအကျယ်ဒေါသထွက်ကာဒိုင်
လူကြီးအားအကြီးအကျယ်စောဒကတက်မှုပြုလုပ်ခဲ့ပါတယ်။သူဟာဒိုင်လူကြီးကိုဒေါသတကြီးခြိမ်း
ခြောက်ပြောဆိုမှုများပြုလုပ်ခဲ့တဲ့အပြင် အနီကတ်ပြထုတ်ပယ်ပြီးခံရချိန်တွင်လည်းလက်မခံနိုင်စရာအပြု
အမှုများပြုလုပ်ခဲ့ပါတယ်။အသက်၃၄နှစ်ရှိလက်ထောက်နည်းပြဟာပွဲအပြီးတွင်လည်းဒိုင်လူကြီးအခန်းသို့
သွားရောက်ကာခြိမ်းခြောက်တဲ့အသုံးအနှုန်းများပြောဆိုမှုပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်လည်းအီတလီဘော
လုံးအဖွဲ့ချုပ်ကဖိုတီကိုတစ်လကြာပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ဒါ့အပြင်ကြံ့ခိုင်ရေးနည်းပြစတီဖာ
နိုရာပက်တီမှာလည်းတစ်လကြာပွဲပယ်ခံခဲ့ရပါတယ်။ဖိုတီဟာ၂၀၂၂ခုနှစ်မှစတင်ကာမော်ရင်ဟိုရဲ့ရိုးမား
နည်းပြအဖွဲ့တွင်လက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်လာခဲ့ပါတယ်။
ဟိုေဆးေမာ္ရင္ဟိုရဲ႕လက္ေထာက္နည္းျပဆယ္ဗာေတာ္ဖိုတီဟာခရီမိုနက္စ္အား႐ိုးမားတို႔မထင္မွတ္ဘဲ
ရႈံးနိမ့္တဲ့ပြဲစဥ္မွလုပ္ရပ္မ်ားေၾကာင့္တစ္လၾကာပြဲၾကည့္ခြင့္ပိတ္ပင္ျခင္းခံခဲ့ရပါတယ္။႐ိုးမားဟာဗုဒၶဟူးေန႔
တုန္းကအိမ္ကြင္းတြင္စီးရီးေအၾကမ္းခင္းမွခရီမိုနက္စ္အားကိုပါအီတာလီယာကြာတားဖိုင္နယ္တြင္၂-၁ဂိုး
ျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။ေမာ္ရင္ဟိုရဲ႕လက္ေထာက္ဟာရႈံးပြဲရလဒ္အေပၚအႀကီးအက်ယ္ေဒါသထြက္ကာဒိုင္
လူႀကီးအားအႀကီးအက်ယ္ေစာဒကတက္မႈျပဳလုပ္ခဲ့ပါတယ္။သူဟာဒိုင္လူႀကီးကိုေဒါသတႀကီးၿခိမ္း
ေျခာက္ေျပာဆိုမႈမ်ားျပဳလုပ္ခဲ့တဲ့အျပင္ အနီကတ္ျပထုတ္ပယ္ၿပီးခံရခ်ိန္တြင္လည္းလက္မခံႏိုင္စရာအျပဳ
အမႈမ်ားျပဳလုပ္ခဲ့ပါတယ္။အသက္၃၄ႏွစ္ရွိလက္ေထာက္နည္းျပဟာပြဲအၿပီးတြင္လည္းဒိုင္လူႀကီးအခန္းသို႔
သြားေရာက္ကာၿခိမ္းေျခာက္တဲ့အသုံးအႏႈန္းမ်ားေျပာဆိုမႈျပဳလုပ္ခဲ့ပါတယ္။ဒါေၾကာင့္လည္းအီတလီေဘာ
လုံးအဖြဲ႕ခ်ဳပ္ကဖိုတီကိုတစ္လၾကာပြဲပယ္ျပစ္ဒဏ္ခ်မွတ္လိုက္ပါတယ္။ဒါ့အျပင္ႀကံ့ခိုင္ေရးနည္းျပစတီဖာ
ႏိုရာပက္တီမွာလည္းတစ္လၾကာပြဲပယ္ခံခဲ့ရပါတယ္။ဖိုတီဟာ၂၀၂၂ခုႏွစ္မွစတင္ကာေမာ္ရင္ဟိုရဲ႕႐ိုးမား
နည္းျပအဖြဲ႕တြင္လက္ေထာက္နည္းျပအျဖစ္တာဝန္ထမ္းေဆာင္လာခဲ့ပါတယ္။