ကြိုးစားရင်း ရေနစ်ဖို့အရေးထပ်ကြုံလာရပြန်တဲ့ ဝိန်းရူနီ
ဒါဘီကောင်တီအသင်းဟာ မကြာခင်မှာပိုင်ရှင်သစ်ရဖို့ရှိနေပေမယ့် ဘောလုံးလိဂ်စည်းမျဥ်းအရ
တင်ရှိနေတဲ့အကြွေးတွေကိုဒီနှစ်ထဲမှာပြေလည်အောင် မဖြေရှင်းနိုင်ရင်ရမှတ်ထပ်လျှော့ခံရဖွယ်
ရှိနေလို့ အရမ်းကိုခက်ခဲဖို့ရှိနေတဲ့ နည်းပြ ဝိန်းရူနီနဲ့ ဒါဘီအသင်းသားတွေအပေါ်စာနာသူတွေရှိ
နေပါတယ်။ဒါဘီအသင်းကို နယူးကာဆယ်ပိုင်ရှင်ဖြစ်တဲ့ မိုက်အက်ရှ်လေအပြင် ဒါဘီဥက္ကဌဟောင်
းဖြစ်တဲ့ အန်ဒီအက်ပဲလ်ဘိုင်ဦးဆောင်တဲ့အဖွဲ့တစ်ခုကပါ ဝယ်ယူဖို့စိတ်ဝင်စားနေပြီးသိပ်မကြာခင်
မှာပိုင်ရှင်သစ်ဘယ်သူဖြစ်မလဲ ဆိုတာသိရတော့မှာဖြစ်ပါတယ်။ဒါဘီရဲ့ပိုင်ရှင်သစ်ဖြစ်လာမယ့်သူဟာ
ကလပ်အပေါ်တင်ရှိနေတဲ့အကြွေးတွေရဲ့အနည်းဆုံး ၂၅ ရာခိုင်နှုန်းကိုဒီနှစ်ထဲမှာတင်ကြေလည်အောင်
ပေးဆပ်ရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင်တော့ ၁၅ မှတ်အထိထပ်လျှော့ခံရဖို့ရှိနေတာပါ။လက်ရှိမှာဒါဘီ
ကို စီမံခန့်ခွဲနေတာက ဘဏ္ဍာရေးပိုင်းနဲ့ စီမံခန့်ခွဲမှုပိုင်းကျွမ်းကျင်အဖွဲ့ဖြစ်တဲ့ Quantuma ဖြစ်ပါတယ်။
ဒါဘီဟာ ဘဏ္ဍာရေးပြဿနာတွေကြောင့်ဒီရာသီမှာ ၂၁ မှတ်လျှော့ခံခဲ့ရလို့ သူတို့တန်းမဆင်းရဖို့အ
တွက်နည်းပြ ဝိန်းရူနီကခက်ခဲစွာအားထုတ်နေရတဲ့အပြင် ကစားသမားတွေကလည်းအားစိုက်ကြိုး
ပမ်းနေကြတာပါ။ဒါကြောင့်လည်းဒါဘီဟာရလဒ်ပိုင်းတိုးတက်မှုတွေရှိလာပြီး တန်းဆင်းဇုန်ကရုန်း
ထွက်နိုင်ဖို့အတွက် ၁၁ မှတ်သာလိုတော့တဲ့အထိဖြစ်လာပါတယ်။ဒါပေမယ့်လည်း အမှတ်ထပ်လျှေ
ာ့ခံရမယ့်အရေးကြုံနေတာကြောင့် ရူနီအတွက်သိပ်ကိုခက်ခဲသွားမှာကို စာနာနေကြတာဖြစ်ပါ
တယ်။သူက” ပိုင်ရှင်သစ်ဘယ်သူဆိုတာ သောကြာ ဒါမှမဟုတ်ရင် စနေနေ့မှာသိရဖို့ရှိပါတယ်။
ကျွန်တော်ကတော့ယုံကြည်မှုအပြည့်နဲ့ပြောမှာဘဲ။ဆွေးနွေးမှုတွေရှိနေပြီး ဘောလုံးလိဂ်အဖွဲ့ချုပ်
(EFL) က ဆုံးဖြတ်ချက်ချဖို့ရှိတယ်ဆိုတာလည်း သိပါတယ်။ဒါကြောင့်ဘယ်သူဘဲပိုင်ရှင်ဖြစ်လာ
ပါစေ ကလပ်ရဲ့အကြွေးပြဿနာကို အမြန်ဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ပြောသွားပါတယ်။