ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတဲ့ ယူနိုက်တက် ခံစစ်အတွက် ဖီးလ်ဂျုံးစ်က ကယ်တင်ရှင်ဖြစ်လာမလား?

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်ဝါရင့်နောက်ခံလူဗာရန်းဟာ မနေ့တုန်းက စပိန်အသင်းနဲ့ကစားခဲ့တဲ့ UEFA Nations League ဗိုလ်လုပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး ကွင်းထဲကနေခြေထော့နင်းနဲ့ထွက်ခဲ့ရပါတယ်။ ပြင်သစ်အသင်းက စပိန်အသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရဗိုလ်စွဲခဲ့ပြီး ပထမပိုင်းမပြီးခင်မှာပဲ ဗာရန်းဟာ ဘယ်သူနဲ့မှမထိခိုက်မိဘဲ ဘောလုံးထိန်းဖို့ကြိုးစားတာကနေ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဆေးအဖွဲ့က အလျင်အမြန်ဆေးကုသပေးခဲ့ပေမယ့် ဗာရန်းကတော့ ပွဲဆက်မကစားနိုင်တဲ့အတွက် နည်းပြဒက်စ်ချမ့်စ်က သူ့ကို နောက်ခံလူအူပါမီကာနိုနဲ့လူစားလဲဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ရီးယဲလ်အသင်းကနေ ယူနိုက်တက်အသင်းကို ပေါင်သန်း(၄၀)ကျော်နဲ့ပြောင်းရွှေ့ခဲ့သူ ဗာရန်းဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက်ပြိုင်ပွဲစုံ(၇)ပွဲပါဝင်ကစားထားပြီး အဓိကနောက်ခံလူအဖြစ်ပါဝင်ခွင့်ရနေသူပါ။ ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်စနေနေ့မှာ လက်စတာအသင်းနဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲကျပ်ကစားရမှာဖြစ်လို့ အဲဒီပွဲမတိုင်ခင် ဗာရန်းကြံ့ခိုင်မှုမပြည့်ဝမှာကို တာဝန်ရှိသူတွေစိုးရိမ်နေကြပါပြီ။

အခုလောလောဆယ် ယူနိုက်တက်အသင်းခေါင်းဆောင်မက်ဂွိုင်းယားဟာ ဗီလာအသင်းနဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် (၃)ပတ်ကြာအနားယူရဖို့ရှိနေပြီး တကယ်လို့ လက်စတာနဲ့ပွဲမှာသာ ဗာရန်းမပါဝင်နိုင်ခဲ့ရင် နည်းပြဆိုးလ်ရှားအနေနဲ့ ခံစစ်မှာ လင်ဒီလော့ဖ်နဲ့တွဲဖက်ကစားဖို့ ဖီးလ်ဂျုံးစ်၊ ဘာယီတို့ထဲကတစ်ဦးကို မဖြစ်မနေအသုံးပြုရမှာဖြစ်ပါတယ်။ အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ဖီးလ်ဂျုံးစ်ဟာ ၂၀၂၀၊ ဇန်နဝါရီလတုန်းက ထရမ်မဲယားအသင်းနဲ့ကစားခဲ့တဲ့ FA ဖလားပွဲမှာ ယူနိုက်တက်အသင်းအတွက်ပါဝင်ကစားခဲ့ပြီးနောက်ပိုင်း ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည်အနားယူခဲ့ရပြီး အခုအချိန်မှာတော့ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပါပြီ။ ယူနိုက်တက်အသင်းကစားခဲ့တဲ့ အိမ်ကွင်းတံခါးပိတ်ခြေစမ်းပွဲတွေနဲ့ ယူ-၂၃ပွဲတွေမှာ ဖီးလ်ဂျုံးစ်ပါဝင်ကစားခဲ့သလို ဝက်စ်ဟမ်းအသင်းနဲ့လိဂ်ဖလားပွဲအတွက် အသင်းလူစာရင်းမှာ ထည့်သွင်းခံခဲ့ရပေမယ့် ပါဝင်ကစားခွင့်တော့မရခဲ့ပါဘူး။ ယူနိုက်တက်အသင်းဟာ လက်စတာနဲ့ပွဲကစလို့ လာမယ့်ပွဲတွေမှာ လီဗာပူးလ်၊ စပါး၊ မန်စီးတီးစတဲ့အသင်းကြီးတွေနဲ့ဆက်တိုက်ကစားရမှာဖြစ်တာကြောင့် ဆိုးလ်ရှားကတော့ ဗာရန်းရဲ့ဒဏ်ရာမပြင်းထန်ပါစေနဲ့လို့ပဲ မျှော်လင့်ရမှာဖြစ်ပါတယ်။

zawgyi

ဒဏ္ရာျပႆနာေတြနဲ႔ရင္ဆိုင္ေနရတဲ့ ယူႏိုက္တက္ ခံစစ္အတြက္ ဖီးလ္ဂ်ဳံးစ္က ကယ္တင္ရွင္ျဖစ္လာမလား

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ျပင္သစ္ဝါရင့္ေနာက္ခံလူဗာရန္းဟာ မေန႔တုန္းက စပိန္အသင္းနဲ႔ကစားခဲ့တဲ့ UEFA Nations League ဗိုလ္လုပြဲမွာ ဒဏ္ရာရရွိခဲ့ၿပီး ကြင္းထဲကေနေျခေထာ့နင္းနဲ႔ထြက္ခဲ့ရပါတယ္။ ျပင္သစ္အသင္းက စပိန္အသင္းကို (၂-၁)ဂိုးနဲ႔အႏိုင္ရဗိုလ္စြဲခဲ့ၿပီး ပထမပိုင္းမၿပီးခင္မွာပဲ ဗာရန္းဟာ ဘယ္သူနဲ႔မွမထိခိုက္မိဘဲ ေဘာလုံးထိန္းဖို႔ႀကိဳးစားတာကေန ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး ေဆးအဖြဲ႕က အလ်င္အျမန္ေဆးကုသေပးခဲ့ေပမယ့္ ဗာရန္းကေတာ့ ပြဲဆက္မကစားႏိုင္တဲ့အတြက္ နည္းျပဒက္စ္ခ်မ့္စ္က သူ႔ကို ေနာက္ခံလူအူပါမီကာႏိုနဲ႔လူစားလဲဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ရီးယဲလ္အသင္းကေန ယူႏိုက္တက္အသင္းကို ေပါင္သန္း(၄၀)ေက်ာ္နဲ႔ေျပာင္းေ႐ႊ႕ခဲ့သူ ဗာရန္းဟာ ဒီရာသီမွာ ယူႏိုက္တက္အသင္းအတြက္ၿပိဳင္ပြဲစုံ(၇)ပြဲပါဝင္ကစားထားၿပီး အဓိကေနာက္ခံလူအျဖစ္ပါဝင္ခြင့္ရေနသူပါ။ ယူႏိုက္တက္အသင္းဟာ ဒီတစ္ပတ္စေနေန႔မွာ လက္စတာအသင္းနဲ႔ပရီးမီးယားလိဂ္အေဝးကြင္းပြဲက်ပ္ကစားရမွာျဖစ္လို႔ အဲဒီပြဲမတိုင္ခင္ ဗာရန္းႀကံ့ခိုင္မႈမျပည့္ဝမွာကို တာဝန္ရွိသူေတြစိုးရိမ္ေနၾကပါၿပီ။

အခုေလာေလာဆယ္ ယူႏိုက္တက္အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားဟာ ဗီလာအသင္းနဲ႔ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲမွာ ဒဏ္ရာရရွိခဲ့တာေၾကာင့္ (၃)ပတ္ၾကာအနားယူရဖို႔ရွိေနၿပီး တကယ္လို႔ လက္စတာနဲ႔ပြဲမွာသာ ဗာရန္းမပါဝင္ႏိုင္ခဲ့ရင္ နည္းျပဆိုးလ္ရွားအေနနဲ႔ ခံစစ္မွာ လင္ဒီေလာ့ဖ္နဲ႔တြဲဖက္ကစားဖို႔ ဖီးလ္ဂ်ဳံးစ္၊ ဘာယီတို႔ထဲကတစ္ဦးကို မျဖစ္မေနအသုံးျပဳရမွာျဖစ္ပါတယ္။ အသက္(၂၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ဖီးလ္ဂ်ဳံးစ္ဟာ ၂၀၂၀၊ ဇန္နဝါရီလတုန္းက ထရမ္မဲယားအသင္းနဲ႔ကစားခဲ့တဲ့ FA ဖလားပြဲမွာ ယူႏိုက္တက္အသင္းအတြက္ပါဝင္ကစားခဲ့ၿပီးေနာက္ပိုင္း ဒဏ္ရာျပႆနာေတြေၾကာင့္ ကာလရွည္အနားယူခဲ့ရၿပီး အခုအခ်ိန္မွာေတာ့ ႀကံ့ခိုင္မႈျပန္လည္ျပည့္ဝေနပါၿပီ။ ယူႏိုက္တက္အသင္းကစားခဲ့တဲ့ အိမ္ကြင္းတံခါးပိတ္ေျခစမ္းပြဲေတြနဲ႔ ယူ-၂၃ပြဲေတြမွာ ဖီးလ္ဂ်ဳံးစ္ပါဝင္ကစားခဲ့သလို ဝက္စ္ဟမ္းအသင္းနဲ႔လိဂ္ဖလားပြဲအတြက္ အသင္းလူစာရင္းမွာ ထည့္သြင္းခံခဲ့ရေပမယ့္ ပါဝင္ကစားခြင့္ေတာ့မရခဲ့ပါဘူး။ ယူႏိုက္တက္အသင္းဟာ လက္စတာနဲ႔ပြဲကစလို႔ လာမယ့္ပြဲေတြမွာ လီဗာပူးလ္၊ စပါး၊ မန္စီးတီးစတဲ့အသင္းႀကီးေတြနဲ႔ဆက္တိုက္ကစားရမွာျဖစ္တာေၾကာင့္ ဆိုးလ္ရွားကေတာ့ ဗာရန္းရဲ႕ဒဏ္ရာမျပင္းထန္ပါေစနဲ႔လို႔ပဲ ေမွ်ာ္လင့္ရမွာျဖစ္ပါတယ္။