
အာဆင်နယ်နောက်ခံလူဘင်ဝှိုက်ဟာဒဏ်ရာပြဿနာကြောင့်အင်္ဂလန်အသင်းမှ
နုတ်ထွက်လိုက်ရပါတယ်။ဘင်ဝှိုက်ဟာလာမယ့်ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲ
စဉ်များအတွက်အင်္ဂလန်နည်းပြဆောက်ဂိတ်ရဲ့၂၇ဦးလူစာရင်းတွင်ရွေးချယ်ခံ
ထားရသူဖြစ်ပါတယ်။အင်္ဂလန်အသင်းကစားသမားအများဟာ၁၁ရက်အတွင်း၄ပွဲ
ကစားရမယ့်အင်္ဂလန်ရဲ့ပွဲစဉ်များအတွက်အင်္ဂလန်အသင်းနှင့်ပူးပေါင်းခဲ့ကြပါ
တယ်။ဒါပေမဲ့ဘင်ဝှိုက်ကတော့အာဆင်နယ်နှင့်အတူပြန်လည်နလန်ထူရေးလေ့
ကျင့်ခန်းလုပ်ဆောင်နေခြင်းကအကောင်းဆုံးလို့ယုံကြည်ကာအင်္ဂလန်အသင်းမှ
နုတ်ထွက်ခဲ့ပါတယ်။အသက်၂၄နှစ်ရှိဘင်ဝှိုက်ဟာအာဆင်နယ်ရဲ့ရာသီသိမ်းပွဲစဉ်
များတွင်တံကောက်ကြောဒဏ်ရာကြောင့်ရုန်းကန်ခဲ့ရသူဖြစ်ပြီးစပါးစ်ကို၃-၀ဂိုး
ဖြင့်ရှုံးနိမ့်တဲ့မြောက်လန်ဒန်ဒါဘီပွဲအပါအဝင်ပွဲသုံးပွဲလွဲခဲ့ပါတယ်။ဘင်ဝှိုက်နုတ်
ထွက်သွားမှုကအင်္ဂလန်နည်းပြဆောက်ဂိတ်အတွက်ပြဿနာတစုံတရာမရှိစေပါ
ဘူး။ဆောက်ဂိတ်အနေဖြင့်ဗဟိုခံစစ်တွင်ဂျွန်စတုန်း၊မက်ဂွိုင်းယား၊မာ့ခ်ဂူဟီ၊တိုမို
ရီ၊ကိုအာဒီတို့ကိုအသုံးပြုနိုင်ပါသေးတယ်။အင်္ဂလန်ဟာစနေနေ့တွင်ဟန်ဂေရီကို
အဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးအင်္ဂါနေ့မှာဂျာမနီကိုအဝေးကွင်းသို့
သွားကစားရပါမယ်။ပြီးလျှင်အင်္ဂလန်ဟာဇွန်လ၁၁ရက်နေ့တွင်ဝင်ဘာလေတွင်ယူ
ရို၂၀၂၀ချန်ပီယံအီတလီနှင့်ရင်ဆိုင်ရပြီးလျှင်ဝင်ဘာလေတွင်ပင်ဟန်ဂေရီကိုထပ်
မံရင်ဆိုင်ရပါမယ်။
အာဆင္နယ္ေနာက္ခံလူဘင္ဝႈိက္ဟာဒဏ္ရာျပႆနာေၾကာင့္အဂၤလန္အသင္းမွ
ႏုတ္ထြက္လိုက္ရပါတယ္။ဘင္ဝႈိက္ဟာလာမယ့္ယူအီးအက္ဖ္ေအေနးရွင္းလိဂ္ပြဲ
စဥ္မ်ားအတြက္အဂၤလန္နည္းျပေဆာက္ဂိတ္ရဲ႕၂၇ဦးလူစာရင္းတြင္ေ႐ြးခ်ယ္ခံ
ထားရသူျဖစ္ပါတယ္။အဂၤလန္အသင္းကစားသမားအမ်ားဟာ၁၁ရက္အတြင္း၄ပြဲ
ကစားရမယ့္အဂၤလန္ရဲ႕ပြဲစဥ္မ်ားအတြက္အဂၤလန္အသင္းႏွင့္ပူးေပါင္းခဲ့ၾကပါ
တယ္။ဒါေပမဲ့ဘင္ဝႈိက္ကေတာ့အာဆင္နယ္ႏွင့္အတူျပန္လည္နလန္ထူေရးေလ့
က်င့္ခန္းလုပ္ေဆာင္ေနျခင္းကအေကာင္းဆုံးလို႔ယုံၾကည္ကာအဂၤလန္အသင္းမွ
ႏုတ္ထြက္ခဲ့ပါတယ္။အသက္၂၄ႏွစ္ရွိဘင္ဝႈိက္ဟာအာဆင္နယ္ရဲ႕ရာသီသိမ္းပြဲစဥ္
မ်ားတြင္တံေကာက္ေၾကာဒဏ္ရာေၾကာင့္႐ုန္းကန္ခဲ့ရသူျဖစ္ၿပီးစပါးစ္ကို၃-၀ဂိုး
ျဖင့္ရႈံးနိမ့္တဲ့ေျမာက္လန္ဒန္ဒါဘီပြဲအပါအဝင္ပြဲသုံးပြဲလြဲခဲ့ပါတယ္။ဘင္ဝႈိက္ႏုတ္
ထြက္သြားမႈကအဂၤလန္နည္းျပေဆာက္ဂိတ္အတြက္ျပႆနာတစုံတရာမရွိေစပါ
ဘူး။ေဆာက္ဂိတ္အေနျဖင့္ဗဟိုခံစစ္တြင္ဂြၽန္စတုန္း၊မက္ဂြိဳင္းယား၊မာ့ခ္ဂူဟီ၊တိုမို
ရီ၊ကိုအာဒီတို႔ကိုအသုံးျပဳႏိုင္ပါေသးတယ္။အဂၤလန္ဟာစေနေန႔တြင္ဟန္ေဂရီကို
အေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမွာျဖစ္ၿပီးအဂၤါေန႔မွာဂ်ာမနီကိုအေဝးကြင္းသို႔
သြားကစားရပါမယ္။ၿပီးလွ်င္အဂၤလန္ဟာဇြန္လ၁၁ရက္ေန႔တြင္ဝင္ဘာေလတြင္ယူ
႐ို၂၀၂၀ခ်န္ပီယံအီတလီႏွင့္ရင္ဆိုင္ရၿပီးလွ်င္ဝင္ဘာေလတြင္ပင္ဟန္ေဂရီကိုထပ္
မံရင္ဆိုင္ရပါမယ္။