
တောင်ကိုရီးယားဟာ အုပ်စုဒုတိယပွဲမှာ ဂါနာကို ရှုံးခဲ့ရပေမယ့်ကမ္ဘာ့ဖလားက ထွက်ရသေးတာ မဟုတ်
ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့အဓိကမျှော်လင့်ချက်ဖြစ်တဲ့ ဆွန်ဟောင်မင်ကတော့ ကိုရီးယားပရိသတ်အချို့ရဲ့
ဝေဖန်မှုတွေနဲ့တောင် ရင်ဆိုင်နေရပါတယ်။ တကယ်ဆို ဆွန်ဟောင်မင်ဟာမျက်နှာဒဏ်ရာရှိနေပေမယ့်
နိုင်ငံအသင်းအတွက် မျက်နှာဖုံးတပ်ပြီးတော့တောင်ကြိုးစားကစားပေးနေတာပါ။ ဂါနာကို ၃-၂ နဲ့ ကပ်ရှုံး
တဲ့ပွဲမှာဆိုသူဟာ အတော်လေးကို ဝမ်းနည်းကြေကွဲနေခဲ့ပါတယ်။အဲဒီပွဲပြီးတော့ ဆွန်ဟောင်မင်က သူ
တို့မစွမ်းဆောင်နိုင်ခဲ့တဲ့အတွက်ပရိသတ်တွေအားလုံးကို တောင်းပန်ကြောင်း Instagram မှာ ပို့စ်တင်ခဲ့
တာပါ။သူ့ရဲ့အဲဒီပို့စ်အောက်မှာ တောင်ကိုရီးယားပရိသတ်အချို့ဟာအမုန်းတရားသာဖြစ်စေမယ့် မှတ်
ချက်တွေ ဝင်ရေးခဲ့ကြပါတယ်။”မင်းဘာကြောင့် အမြဲငိုနေတာလဲ”၊ ”မင်းလား ကမ္ဘာ့အဆင့်”၊မင်းလုပ်
တတ်တာက ကြော်ငြာရိုက်ဖို့ပဲ”စတဲ့မန့်တွေ ရေးခဲ့ကြတာပါ။တချို့ကလည်း သူ့ဆီက အသင်းခေါင်း
ဆောင်လက်ပတ်ကိုရုပ်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဒဏ်ရာရှိရက်နဲ့အသင်းအတွက်
အကောင်းဆုံးကြိုးစားပေးနေတဲ့ သူ့ကို ချီးကျူးသူတွေလည်း ရှိနေကြတာပါ။
ေတာင္ကိုရီးယားဟာ အုပ္စုဒုတိယပြဲမွာ ဂါနာကို ရႈံးခဲ့ရေပမယ့္ကမာၻ႔ဖလားက ထြက္ရေသးတာ မဟုတ္
ပါဘူး။ ဒါေပမဲ့ သူတို႔ရဲ႕အဓိကေမွ်ာ္လင့္ခ်က္ျဖစ္တဲ့ ဆြန္ေဟာင္မင္ကေတာ့ ကိုရီးယားပရိသတ္အခ်ိဳ႕ရဲ႕
ေဝဖန္မႈေတြနဲ႔ေတာင္ ရင္ဆိုင္ေနရပါတယ္။ တကယ္ဆို ဆြန္ေဟာင္မင္ဟာမ်က္ႏွာဒဏ္ရာရွိေနေပမယ့္
ႏိုင္ငံအသင္းအတြက္ မ်က္ႏွာဖုံးတပ္ၿပီးေတာ့ေတာင္ႀကိဳးစားကစားေပးေနတာပါ။ ဂါနာကို ၃-၂ နဲ႔ ကပ္ရႈံး
တဲ့ပြဲမွာဆိုသူဟာ အေတာ္ေလးကို ဝမ္းနည္းေၾကကြဲေနခဲ့ပါတယ္။အဲဒီပြဲၿပီးေတာ့ ဆြန္ေဟာင္မင္က သူ
တို႔မစြမ္းေဆာင္ႏိုင္ခဲ့တဲ့အတြက္ပရိသတ္ေတြအားလုံးကို ေတာင္းပန္ေၾကာင္း Instagram မွာ ပို႔စ္တင္ခဲ့
တာပါ။သူ႔ရဲ႕အဲဒီပို႔စ္ေအာက္မွာ ေတာင္ကိုရီးယားပရိသတ္အခ်ိဳ႕ဟာအမုန္းတရားသာျဖစ္ေစမယ့္ မွတ္
ခ်က္ေတြ ဝင္ေရးခဲ့ၾကပါတယ္။”မင္းဘာေၾကာင့္ အၿမဲငိုေနတာလဲ”၊ ”မင္းလား ကမာၻ႔အဆင့္”၊မင္းလုပ္
တတ္တာက ေၾကာ္ျငာ႐ိုက္ဖို႔ပဲ”စတဲ့မန႔္ေတြ ေရးခဲ့ၾကတာပါ။တခ်ိဳ႕ကလည္း သူ႔ဆီက အသင္းေခါင္း
ေဆာင္လက္ပတ္ကို႐ုပ္သိမ္းဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း ဒဏ္ရာရွိရက္နဲ႔အသင္းအတြက္
အေကာင္းဆုံးႀကိဳးစားေပးေနတဲ့ သူ႔ကို ခ်ီးက်ဴးသူေတြလည္း ရွိေနၾကတာပါ။