ထိုင်ခုံနေရာကဖယ်မပေးချင်တဲ့ ဂလေဇာမိသားစုကြောင့် ရောင်းရေးဝယ်ရေးကိစ္စ မရေရာမသေချာဖြစ်လာနေတဲ့ ယူနိုက်တက်

ကာတာနိုင်ငံသား ဘဏ်လုပ်ငန်းရှင် သူဌေးဖြစ်နေတဲ့ ဂျာဆင်ဘင်ဟာမက်အယ်သာနီဟာ လက်ရှိမှာ

မန်ယူကိုဝယ်ဖို့အတွက် အားစိုက်နေတဲ့လုပ်ငန်းရှင်ဖြစ်နေပေမဲ့လည်း ဂလေဇာမိသားစုရဲ့ စနက်ကြောင့်

ရောင်းရေးဝယ်ရေး မပြတ်မသား ဖြစ်နေတယ်လို့ သိရပါတယ်။မန်ယူကို ဈေးဗန်းခင်းထားတဲ့ ဂလေဇာ

မိသားစုဟာ အိုးလ်ထရက်ဖို့ဒ်ကိုပေါင် ၅ ဘီလီယံ ဈေးခေါ်ထားပြီး အဲဒီခေါ်ဈေးကို ဘယ်လုပ်ငန်းရှင်က

မှ ပေးပြီးကမ်းလှမ်းတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။ ဒီအတွက် အမေရိကန်နိုင်ငံသားအသင်းပိုင်ရှင်

တွေဟာ သဘောထားပြောင်းသွားသလိုမျိုးရှိပြီး အသင်းရဲ့အဓိက ရှယ်ယာအများစုကို ချုပ်ကိုင်ဖို့ ကြိုး

စားနေပြီလို့ ဗြိတိန်အခြေစိုက်သတင်းတွေက ဆိုပါတယ်။ ယူနိုက်တက်ကို ကာလရှည် လက်ဝါးကြီး

အုပ်လာခဲ့တဲ့ ဂလေဇာမိသားစုဟာ ရှယ်ယာအနည်းစုကိုထုတ်ရောင်းပြီးရလာတဲ့ ငွေကြေးတွေကို လိုအပ်

တဲ့ ရင်းနှီးမြှုပ်နှံမှု ပြန်လုပ်ရင်းနဲ့ မန်ယူကိုဇက်ကြိုး ဆွဲထားဖို့ ကြိုးစားနေပြီးလို့ The Sun ရဲ့ သတင်း

တစ်ရပ်မှာ ဖော်ပြထားပါတယ်။တစ်ဖက်မှာ ကာတာဘဏ်လုပ်ငန်းရှင် သူဌေးကြီးကလည်း အိုးလ်ထ

ရက်ဖို့ဒ်ကိုအပြတ်ရောင်းမယ်ဆိုမှ ဝယ်မှာဖြစ်ပြီး တစ်ခြမ်းဖဲ့ရောင်းတာမျိုးကိုတော့လုံး၀ စိတ်မဝင်စား

ဘူးလို့ သိရပါတယ်။ ရှိတ်ဂျာဆင်ဟာ မန်ယူကိုအပြတ်ဝယ်ချင်တာဖြစ်ပြီး သူ့ခြေသူ့လက်နဲ့ အလုံးစုံ

ပြောင်းလဲမှုမျိုးတွေလုပ်ချင်တာဖြစ်ပါတယ်။ လက်ရှိမန်ယူအသင်းရဲ့ ပေါက်ဈေးဟာပေါင် ၃.၇၅ သန်း

ဝန်းကျင်ပဲရှိတယ်လို့ ငွေရေးကြေးရေး ဝက်ဘ်ဆိုက်တွေရဲ့အညွန်းကိန်းတွေက ဖော်ပြနေပြီး ဗြိတိန်ရဲ့

အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်ဖြစ်သလိုမန်ယူ ပရိသတ်လည်းဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်က

လည်း ကမ်းလှမ်းမှုတစ်ရပ်လုပ်ထားတာမျိုး ရှိပါတယ်။ ဒါပေမဲ့ ကာတာဘဏ်သူဌေး ရှိတ်ဂျာဆင်ရဲ့

သဘောထားကတော့ရှင်းလင်းပြတ်သားပြီး မန်ယူူရဲ့ အကြွေးကိစ္စကို သူ့ လက်ထဲရောက်ရင်အပြတ်

ဖြတ်မှာဖြစ်သလို အသင်းရဲ့ ရန်ပုံငွေကိုလည်း စိတ်ကူးနဲ့တောင် တွေးမကြည့်ဖူးတဲ့ပမာဏမျိုး ဖြစ်လာ

အောင် လုပ်ပေးသွား မယ့် အစီအစဉ်မျိုးပါ။ ဒါပေမဲ့ အသင်းကိုဈေးတင်ထားသလို အဓိက ရှယ်ယာ ဝေ

စုပိုင်ရှင်ဆိုတဲ့ ထိုင်ခုံနေရာကလည်းဖယ်မပေးချင်တဲ့ ဂလေဇာမိသားစု ကြောင့် အသင်းရဲ့ ရောင်းရေးဝယ်

ရေးကိစ္စဟာ မရေမရာ မသေချာဖြစ်နေပြီ ပဲ ဖြစ်ပါတယ်။

ကာတာႏိုင္ငံသား ဘဏ္လုပ္ငန္းရွင္ သူေဌးျဖစ္ေနတဲ့ ဂ်ာဆင္ဘင္ဟာမက္အယ္သာနီဟာ လက္ရွိမွာ

မန္ယူကိုဝယ္ဖို႔အတြက္ အားစိုက္ေနတဲ့လုပ္ငန္းရွင္ျဖစ္ေနေပမဲ့လည္း ဂေလဇာမိသားစုရဲ႕ စနက္ေၾကာင့္

ေရာင္းေရးဝယ္ေရး မျပတ္မသား ျဖစ္ေနတယ္လို႔ သိရပါတယ္။မန္ယူကို ေဈးဗန္းခင္းထားတဲ့ ဂေလဇာ

မိသားစုဟာ အိုးလ္ထရက္ဖို႔ဒ္ကိုေပါင္ ၅ ဘီလီယံ ေဈးေခၚထားၿပီး အဲဒီေခၚေဈးကို ဘယ္လုပ္ငန္းရွင္က

မွ ေပးၿပီးကမ္းလွမ္းတာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။ ဒီအတြက္ အေမရိကန္ႏိုင္ငံသားအသင္းပိုင္ရွင္

ေတြဟာ သေဘာထားေျပာင္းသြားသလိုမ်ိဳးရွိၿပီး အသင္းရဲ႕အဓိက ရွယ္ယာအမ်ားစုကို ခ်ဳပ္ကိုင္ဖို႔ ႀကိဳး

စားေနၿပီလို႔ ၿဗိတိန္အေျခစိုက္သတင္းေတြက ဆိုပါတယ္။ ယူႏိုက္တက္ကို ကာလရွည္ လက္ဝါးႀကီး

အုပ္လာခဲ့တဲ့ ဂေလဇာမိသားစုဟာ ရွယ္ယာအနည္းစုကိုထုတ္ေရာင္းၿပီးရလာတဲ့ ေငြေၾကးေတြကို လိုအပ္

တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပန္လုပ္ရင္းနဲ႔ မန္ယူကိုဇက္ႀကိဳး ဆြဲထားဖို႔ ႀကိဳးစားေနၿပီးလို႔ The Sun ရဲ႕ သတင္း

တစ္ရပ္မွာ ေဖာ္ျပထားပါတယ္။တစ္ဖက္မွာ ကာတာဘဏ္လုပ္ငန္းရွင္ သူေဌးႀကီးကလည္း အိုးလ္ထ

ရက္ဖို႔ဒ္ကိုအျပတ္ေရာင္းမယ္ဆိုမွ ဝယ္မွာျဖစ္ၿပီး တစ္ျခမ္းဖဲ့ေရာင္းတာမ်ိဳးကိုေတာ့လုံး၀ စိတ္မဝင္စား

ဘူးလို႔ သိရပါတယ္။ ရွိတ္ဂ်ာဆင္ဟာ မန္ယူကိုအျပတ္ဝယ္ခ်င္တာျဖစ္ၿပီး သူ႔ေျခသူ႔လက္နဲ႔ အလုံးစုံ

ေျပာင္းလဲမႈမ်ိဳးေတြလုပ္ခ်င္တာျဖစ္ပါတယ္။ လက္ရွိမန္ယူအသင္းရဲ႕ ေပါက္ေဈးဟာေပါင္ ၃.၇၅ သန္း

ဝန္းက်င္ပဲရွိတယ္လို႔ ေငြေရးေၾကးေရး ဝက္ဘ္ဆိုက္ေတြရဲ႕အၫြန္းကိန္းေတြက ေဖာ္ျပေနၿပီး ၿဗိတိန္ရဲ႕

အခ်မ္းသာဆုံး စီးပြားေရးလုပ္ငန္းရွင္ျဖစ္သလိုမန္ယူ ပရိသတ္လည္းျဖစ္တဲ့ ဆာဂ်င္ရက္ကလစ္ဖ္က

လည္း ကမ္းလွမ္းမႈတစ္ရပ္လုပ္ထားတာမ်ိဳး ရွိပါတယ္။ ဒါေပမဲ့ ကာတာဘဏ္သူေဌး ရွိတ္ဂ်ာဆင္ရဲ႕

သေဘာထားကေတာ့ရွင္းလင္းျပတ္သားၿပီး မန္ယူူရဲ႕ အေႂကြးကိစၥကို သူ႔ လက္ထဲေရာက္ရင္အျပတ္

ျဖတ္မွာျဖစ္သလို အသင္းရဲ႕ ရန္ပုံေငြကိုလည္း စိတ္ကူးနဲ႔ေတာင္ ေတြးမၾကည့္ဖူးတဲ့ပမာဏမ်ိဳး ျဖစ္လာ

ေအာင္ လုပ္ေပးသြား မယ့္ အစီအစဥ္မ်ိဳးပါ။ ဒါေပမဲ့ အသင္းကိုေဈးတင္ထားသလို အဓိက ရွယ္ယာ ေဝ

စုပိုင္ရွင္ဆိုတဲ့ ထိုင္ခုံေနရာကလည္းဖယ္မေပးခ်င္တဲ့ ဂေလဇာမိသားစု ေၾကာင့္ အသင္းရဲ႕ ေရာင္းေရးဝယ္

ေရးကိစၥဟာ မေရမရာ မေသခ်ာျဖစ္ေနၿပီ ပဲ ျဖစ္ပါတယ္။