
ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်က အသင်းခေါင်းဆောင် မက်ဂွိုင်းရားဟာ အသင်းရဲ့ဂိုးဧရိယာထဲ
မှာ အံ့ချီးလောက်အောင် ကောင်းမွန်တဲ့အကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဒီကစားသမားဟာ မနေ့
က ဝက်စ်ဟမ်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ပွဲထွက်ခွင့်ရပြီး ယူနိုက်တက်ခံစစ်တန်းက ဒီဂီယာ
ရဲ့ လက်စွမ်းပြမှုနဲ့အတူ ဂိုးမပေးခဲ့ရပါဘူး။ပွဲအပြီးမှာ တန်ဟက်ခ်က “မက်ဂွိုင်းရားက ကျနော်တို့ရဲ့ ဂိုး
ဧရိယာကို ကာကွယ်တဲ့နေရာမှာ တကယ်ကို ခမ်းနားတဲ့ ကစားသမားတယောက်ပါ။ သူက ထိပ်တန်း
ကစားသမားတယောက်၊ တကယ်ကောင်းတဲ့ နောက်ခံလူတယောက်ဖြစ်ပြီး သူက ကျနော်တို့ အသင်း
လူစာရင်းအတွက် ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို မြင်တွေ့ခဲ့ပြီးပါပြီ”“အသင်းအတွက် ကျ
နော် ပျော်ရွှင်ရသလို မက်ဂွိုင်းရားက ကွင်းထဲဝင်ကစားရင်း ဂိုးမပေးခဲ့ရတာကလည်း ကျနော့်အတွက်
ပျော်စရာပါ” လို့ ပြောကြားခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ ဒီရာသီမှာ သူပွဲထွက်တိုင်း ယူနိုက်တက်နိုင်ပွဲမ
ရတဲ့ မှတ်တမ်းဆိုးကိုလည်း ချေဖျက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီတည်းက ဒီကစားသမားဟာ ခြေ
စွမ်းပိုင်းဆိုးရွားနေတာကြောင့် အသင်းဖော်အချင်းချင်းတောင် နောက်ကွယ်မှာ ဝေဖန်ခံခဲ့ရတယ်လို့
သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် တန်ဟက်ခ် နည်းပြသစ်ဖြစ်လာချိန်မှာလည်း မက်ဂွိုင်းရား
ကို အသင်းခေါင်းဆောင်ရာထူးကနေ ဖြုတ်ချဖို့ တောင်းဆိုမှုတွေရှိခဲ့ပါသေးတယ်။တန်ဟက်ခ်ကတော့
မက်ဂွိုင်းရားကို အသင်းခေါင်းဆောင်ရာထူးမှာ ဆက်လက်ထားရှိပေမယ့် ပုံမှန်ပွဲထွက်ခွင့်တော့ ဆုံးရှုံး
ခဲ့ရပါတယ်။ ယူနိုက်တက်ဗဟိုနောက်ခံလူနေရာမှာ ဗာရန်းနဲ့ လီဆန်ဒရိုမာတီနက်ဇ်တို့ ပုံမှန်ပွဲထွက်ခွင့်
ရရှိခဲ့ပြီး မနေ့ကပွဲမှာတော့ ဗာရန်း ဒဏ်ရာရ၊ လင်ဒီလော့ဖ် ဖျားနာနေချိန်မှာ မက်ဂွိုင်းရားက ပွဲထွက်
ခွင့်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ယူႏိုက္တက္နည္းျပ အဲရစ္တန္ဟက္ခ္က အသင္းေခါင္းေဆာင္ မက္ဂြိဳင္းရားဟာ အသင္းရဲ႕ဂိုးဧရိယာထဲ
မွာ အံ့ခ်ီးေလာက္ေအာင္ ေကာင္းမြန္တဲ့အေၾကာင္း ဖြင့္ဟေျပာၾကားခဲ့ပါတယ္။ ဒီကစားသမားဟာ မေန႔
က ဝက္စ္ဟမ္းကို အႏိုင္ရရွိခဲ့တဲ့ပြဲမွာ အသင္းအတြက္ ပြဲထြက္ခြင့္ရၿပီး ယူႏိုက္တက္ခံစစ္တန္းက ဒီဂီယာ
ရဲ႕ လက္စြမ္းျပမႈနဲ႔အတူ ဂိုးမေပးခဲ့ရပါဘူး။ပြဲအၿပီးမွာ တန္ဟက္ခ္က “မက္ဂြိဳင္းရားက က်ေနာ္တို႔ရဲ႕ ဂိုး
ဧရိယာကို ကာကြယ္တဲ့ေနရာမွာ တကယ္ကို ခမ္းနားတဲ့ ကစားသမားတေယာက္ပါ။ သူက ထိပ္တန္း
ကစားသမားတေယာက္၊ တကယ္ေကာင္းတဲ့ ေနာက္ခံလူတေယာက္ျဖစ္ၿပီး သူက က်ေနာ္တို႔ အသင္း
လူစာရင္းအတြက္ ဘယ္ေလာက္အထိ အေရးပါတယ္ဆိုတာကို ျမင္ေတြ႕ခဲ့ၿပီးပါၿပီ”“အသင္းအတြက္ က်
ေနာ္ ေပ်ာ္႐ႊင္ရသလို မက္ဂြိဳင္းရားက ကြင္းထဲဝင္ကစားရင္း ဂိုးမေပးခဲ့ရတာကလည္း က်ေနာ့္အတြက္
ေပ်ာ္စရာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။ မက္ဂြိဳင္းရားဟာ ဒီရာသီမွာ သူပြဲထြက္တိုင္း ယူႏိုက္တက္ႏိုင္ပြဲမ
ရတဲ့ မွတ္တမ္းဆိုးကိုလည္း ေခ်ဖ်က္ႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ၿပီးခဲ့တဲ့ရာသီတည္းက ဒီကစားသမားဟာ ေျခ
စြမ္းပိုင္းဆိုး႐ြားေနတာေၾကာင့္ အသင္းေဖာ္အခ်င္းခ်င္းေတာင္ ေနာက္ကြယ္မွာ ေဝဖန္ခံခဲ့ရတယ္လို႔
သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ တန္ဟက္ခ္ နည္းျပသစ္ျဖစ္လာခ်ိန္မွာလည္း မက္ဂြိဳင္းရား
ကို အသင္းေခါင္းေဆာင္ရာထူးကေန ျဖဳတ္ခ်ဖို႔ ေတာင္းဆိုမႈေတြရွိခဲ့ပါေသးတယ္။တန္ဟက္ခ္ကေတာ့
မက္ဂြိဳင္းရားကို အသင္းေခါင္းေဆာင္ရာထူးမွာ ဆက္လက္ထားရွိေပမယ့္ ပုံမွန္ပြဲထြက္ခြင့္ေတာ့ ဆုံးရႈံး
ခဲ့ရပါတယ္။ ယူႏိုက္တက္ဗဟိုေနာက္ခံလူေနရာမွာ ဗာရန္းနဲ႔ လီဆန္ဒ႐ိုမာတီနက္ဇ္တို႔ ပုံမွန္ပြဲထြက္ခြင့္
ရရွိခဲ့ၿပီး မေန႔ကပြဲမွာေတာ့ ဗာရန္း ဒဏ္ရာရ၊ လင္ဒီေလာ့ဖ္ ဖ်ားနာေနခ်ိန္မွာ မက္ဂြိဳင္းရားက ပြဲထြက္
ခြင့္ရရွိခဲ့တာလည္း ျဖစ္ပါတယ္။