ထိပ်တန်းကလပ်များရဲ့ပစ်မှတ်ထားခြင်းခံရပေမဲ့လည်းဘွန်ဒက်စ်လီဂါကလပ်တွင်ပင်ဆက်ကစားရန်ဆုံးဖြတ်ခဲ့တဲ့ လိုက်ဇစ်တိုက်စစ်မှူး
လိုက်ဇစ်တိုက်စစ်သမားခရစ္စတိုဖာအန်ကန်ကူဟာဂျာမန်ကလပ်တွင်၂၀၂၆ခုနှစ်အထိရှိနေမယ့်
စာချုပ်သစ်အားချုပ်ဆိုလိုက်ပါတယ်။အသက်၂၄နှစ်ရှိပြင်သစ်လက်ရွေးစင်တိုက်စစ်သမားဟာ
ချဲလ်ဆီးနှင့်ယူနိုက်တက်အပါအဝင်ထိပ်တန်းကလပ်များရဲ့ပစ်မှတ်ထားခြင်းခံရပေမဲ့လည်းဘွန်
ဒက်စ်လီဂါကလပ်တွင်ပင်ဆက်ကစားရန်ဆုံးဖြတ်ခဲ့ပါတယ်။အန်ကန်ကူဟာမေလတုန်းကလိုက်
ဇစ်ကိုဂျာမန်ပိုကယ်ဖလားရရှိအောင် ကူညီနိုင်ခဲ့ပြီးနောက် ၂၀၂၁-၂၂ ဘောလုံးရာသီ ဘွန်ဒက်စ်
လီဂါတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။အန်ကန်ကူက “ရက်
ဘူးလ်လိုက်ဇစ်အင်္ကျိကိုဆက်လက်ဝတ်ဆင်ခွင့်ရလို့ဝမ်းသာပါတယ်။ဂျာမန်ဖလားရပြီးကြီး
ကျယ်တဲ့အောင်မြင်မှုရယူနိုင်ခဲ့ပြီးတဲ့နောက်ကျွန်တော့်ဇာတ်လမ်းမရပ်သေးပါဘူး။ကျွန်တော်
တို့နောက်ထပ်အောင်မြင်မှုအများကြီးထပ်ယူချင်ပါတယ်။ကလပ်ကကျွန်တော့်ကိုဆက်ထိန်း
ဖို့လုပ်ဆောင်မှုကိုလည်းကျေနပ်ပါတယ်”လို့ပြောကြားသွားပါတယ်။အန်ကန်ကူဟာပြီးခဲ့တဲ့
ရာသီတုန်းကဘွန်ဒက်စ်လီဂါပွဲ၃၄ပွဲတွင်ဂိုး၂၀သွင်းယူပြီး၁၄ကြိမ်ဖန်တီးကာလိုက်ဇစ်ကိုအ
မှတ်ပေးဇယားအဆင့်၄နေရာမှာရပ်တည်နိုင်အောင်စွမ်းဆောင်ထားနိုင်ပါတယ်။
မှတ်ပေးဇယားအဆင့်၎နေရာမှာရပ်တည်နိုင်အောင်စွမ်းဆောင်ထားနိုင်ပါတယ်။