ထပ်မံထွက်ပေါ်လာတဲ့ သတင်းတွေဟာ အေးဂျင့်ရဲ့အဖွသတင်းတွေသာဖြစ်တယ်လို့ ငြင်းဆိုလာတဲ့ လူကာကူ

လူကာကူဟာ အသင်းပြောင်းရွှေ့ချင်နေတယ်လို့ မနေ့ကသတင်းတွေထပ်မံထွက်ပေါ်လာတာဖြစ်

ပေမယ့် ချယ်ဆီးအသင်းတိုက်စစ်မှူးကတော့အေးဂျင့်ရဲ့အဖွသတင်းတွေကို ငြင်းဆိုလာပါတယ်။

လူကာကူရဲ့အေးဂျင့်ဖြစ်သူ ဖက်ဒရီကိုပတ်စ်တိုရယ်လိုက သူ့ရဲ့တိုက်စစ်မှူးဟာစတမ်းဖို့ဒ်ဘရစ်ချ်

မှာမပျော်တော့တာကြောင့် အင်တာကိုပြန်လာချင်နေတယ်လို့ပြောခဲ့တာဖြစ်ပေမယ့် လူကာကူက

တော့ငြင်းဆန်လာတာပါ။အေးဂျင့် ပတ်စ်တိုရယ်လိုက “ဒီအပြောင်းအရွှေ့ရဲ့ အတိုင်းအတာအရ

ခုလိုဖြစ်လာမယ်လို့ ဘယ်သူကမှ မထင်ထားပါဘူး။ နည်းစနစ်ပိုင်းရွေးချယ်မှုတွေကို ဆွေးနွေးမှာ

မဟုတ်ပေမဲ့ ပြဿနာ ရှိနေပါတယ်။ဒါပေမဲ့ သူက အသင်းဖော်တွေထက် ပွဲကစားချိန်နည်းပေမဲ့

ကလပ်ဂိုးသွင်းအများဆုံး ကစားသမားပါ။ အခု သူတို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့အက်ဖ်အေဖလား ဗိုလ်

လုပွဲမှာ အကောင်းဆုံး လုပ်နိုင်ဖို့ လိုပါတယ်။”လို့ပြောခဲ့ပါတယ်။ လူကာကူက “ကျွန်တော့်အ

ကြောင်း ဘယ်သူ့ကိုမှပေးမပြောထားပါဘူး။ ကျွန်တော် ပါးစပ်ပိတ်ထားပြီး ရာသီကိုအကောင်း

ဆုံးပုံစံနဲ့ ဖြတ်သန်းဖို့ အသင်းကို ကူညီတဲ့အပေါ်ပဲအာရုံစိုက်ထားပါတယ်။ ဒါကြောင့် တစ်ယောက်

ယောက်ကငါ့အကြောင်းနဲ့ အသင်းအကြောင်း ပြောလာခဲ့ရင် ဒါကျွန်တော့်မှတ်ချက် မဟုတ်ပါ

ဘူး”လို့ ဆိုခဲ့ပါတယ်။

လူကာကူဟာ အသင္းေျပာင္းေ႐ႊ႕ခ်င္ေနတယ္လို႔ မေန႔ကသတင္းေတြထပ္မံထြက္ေပၚလာတာျဖစ္

ေပမယ့္ ခ်ယ္ဆီးအသင္းတိုက္စစ္မႉးကေတာ့ေအးဂ်င့္ရဲ႕အဖြသတင္းေတြကို ျငင္းဆိုလာပါတယ္။

လူကာကူရဲ႕ေအးဂ်င့္ျဖစ္သူ ဖက္ဒရီကိုပတ္စ္တိုရယ္လိုက သူ႔ရဲ႕တိုက္စစ္မႉးဟာစတမ္းဖို႔ဒ္ဘရစ္ခ်္

မွာမေပ်ာ္ေတာ့တာေၾကာင့္ အင္တာကိုျပန္လာခ်င္ေနတယ္လို႔ေျပာခဲ့တာျဖစ္ေပမယ့္ လူကာကူက

ေတာ့ျငင္းဆန္လာတာပါ။ေအးဂ်င့္ ပတ္စ္တိုရယ္လိုက “ဒီအေျပာင္းအေ႐ႊ႕ရဲ႕ အတိုင္းအတာအရ

ခုလိုျဖစ္လာမယ္လို႔ ဘယ္သူကမွ မထင္ထားပါဘူး။ နည္းစနစ္ပိုင္းေ႐ြးခ်ယ္မႈေတြကို ေဆြးေႏြးမွာ

မဟုတ္ေပမဲ့ ျပႆနာ ရွိေနပါတယ္။ဒါေပမဲ့ သူက အသင္းေဖာ္ေတြထက္ ပြဲကစားခ်ိန္နည္းေပမဲ့

ကလပ္ဂိုးသြင္းအမ်ားဆုံး ကစားသမားပါ။ အခု သူတို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔အက္ဖ္ေအဖလား ဗိုလ္

လုပြဲမွာ အေကာင္းဆုံး လုပ္ႏိုင္ဖို႔ လိုပါတယ္။”လို႔ေျပာခဲ့ပါတယ္။ လူကာကူက “ကြၽန္ေတာ့္အ

ေၾကာင္း ဘယ္သူ႔ကိုမွေပးမေျပာထားပါဘူး။ ကြၽန္ေတာ္ ပါးစပ္ပိတ္ထားၿပီး ရာသီကိုအေကာင္း

ဆုံးပုံစံနဲ႔ ျဖတ္သန္းဖို႔ အသင္းကို ကူညီတဲ့အေပၚပဲအာ႐ုံစိုက္ထားပါတယ္။ ဒါေၾကာင့္ တစ္ေယာက္

ေယာက္ကငါ့အေၾကာင္းနဲ႔ အသင္းအေၾကာင္း ေျပာလာခဲ့ရင္ ဒါကြၽန္ေတာ့္မွတ္ခ်က္ မဟုတ္ပါ

ဘူး”လို႔ ဆိုခဲ့ပါတယ္။