တံကောက်ကြောဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ပွဲခြောက်ပွဲအထိလွဲချော်ရတော့မည့် လီဗာပူးကွင်းလယ်လူ
လီဗာပူးကွင်းလယ်ကစားသမားတီယာဂိုဟာတံကောက်ကြောဒဏ်ရာကြောင့်ခြောက်ပတ်ကြာ
အနားယူရမည်ဖြစ်၍ယူနိုက်တက်ပွဲအပါအဝင်ပရီးမီးယားလိဂ်ပွဲခြောက်ပွဲကိုလွဲချော်ပါမယ်။
ပြီးခဲ့တဲ့ရာသီတုန်းကလည်းဒဏ်ရာပြဿနာများနှင့်ရုန်းကန်နေခဲ့ရတဲ့တီယာဂိုဟာဖူလ်ဟမ်နှင့်
နှစ်ဂိုးစီသရေကျတဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ရဲ့ဒုတိယပိုင်းအစတွင်ဒဏ်ရာရရှိကာလူစားလဲလှယ်
ခဲ့ရပါတယ်။ယခုအခါ The Athletic ရဲ့ဖော်ပြလာမှုအရ တီယာဂိုမှာဒဏ်ရာကြောင့်ခြောက်ပတ်
ကြာအနားယူရမည်ဖြစ်ပြီးပရီးမီးယားလိဂ်ပွဲခြောက်ပွဲကိုလွဲချော်လာမှာဖြစ်ကြောင်းသိရပါတယ်။
တီယာဂိုဟာလီဗာပူးရဲ့ယူနိုက်တက်၊ခရစ္စတယ်ပဲလေ့စ်၊ဘုန်းမောက်၊နယူးကာဆယ်၊အဲဗာတန်နှင့်
ဝုဗ်တို့ပွဲစဉ်အားလွဲချော်ပါမယ်။လီဗာပူးအတွက်ကံကောင်းတာကတော့ကွင်းလယ်ကစားသမားနာ
ဘေးကီတာမှာဖျားနာရာမှပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီးလီဗာပူးနှင့်အတူလေ့ကျင့်ခန်းဆင်းနိုင်
ပြီဆိုတာပါ၊
ပြီဆိုတာပါ၊