တောင်းဆိုမြင့်မားတဲ့ ကွန်တီရဲ့တောင်းဆိုမှုအားလုံးလုပ်ဆောင်နိုင်ရန် ငွေကြေးများစွာအကုန်အကျခံ သုံးစွဲခဲ့ရတဲ့ အီမာဆင်ရွိုင်ရယ်
အီမာဆင်ရွိုင်ရယ်ဟာတောင်ပံနောက်ခံလူကစားသမားအဖြစ်ကောင်းမွန်စွာကစားနိုင်ရေးအတွက်တောင်း
ဆိုမြင့်မားတဲ့အန်တိုနီယိုကွန်တီရဲ့တောင်းဆိုမှုအားလုံးလုပ်ဆောင်နိုင်ရန် အစွမ်းကုန်လုပ်ဆောင်နေပါ
တယ်။ဘရာဇီးစတားနှင့်သူ့ဖခင်အီမာဆင်ဇူလူးဦးဆောင်တဲ့စီမံခန့်ခွဲရေးအဖွဲ့ဟာ သူ့ခြေစွမ်းတိုးတက်ရေး
အတွက်အသုံးအဆောင်ပစ္စည်းနှင့်ဝန်ဆောင်ခပေါင်၈၀၀၀၀၀အထိအသုံးပြုထားကြပါတယ်။အီမာဆင်
ဟာကွင်းတွင်းညာကျောတလျှောက်အတက်အဆင်းလုပ်ရန်ကောင်းမွန်တဲ့ကြံ့ခိုင်မှုပိုင်းရရှိရေးအတွက်
Hyperbaric Oxygen Chamber ဝယ်ယူအသုံးပြုထားပါတယ်။ဒါ့အပြင်သူဟာပီအက်စ်ဂျီစတားဟာကီမီ
ငှားရမ်းအသုံးပြုနေတဲ့ သီးသန့်ကင်းထောက်တစ်ဦးကိုလည်းငှားရမ်းကာ ကင်းထောက်အဖြစ်ငှားရမ်းကာ
အသုံးပြုနေပါတယ်။ယင်းကင်းထောက်ကပွဲမတိုင်မီ အီမာဆင်ရွိုင်ရယ်အတွင်းလိုအပ်တဲ့အချက်အလက်
အသေးစိတ်များကိုပေးပို့ကာပွဲတွင်ပိုကောင်းစွာကစားနိုင်ရေးထောက်ပံ့ပေးရပါတယ်။အီမာဆင်ရွိုင်ရယ်
ဟာဖိအားမြင့်မားတဲ့ပရီးမီးယားလိဂ်ရဲ့ဖိအားဒဏ်ကိုခံနိုင်ရေးအတွက်အာရုံကြောပညာရှင်တစ်ဦးကိုလည်း
ငှားရမ်းလုပ်ဆောင်ထားပါသေးတယ်။ရွိုင်ရယ်ဟာ၂၀၂၁ခုနှစ်ဩဂုတ်လတုန်းကစပါးစ်သို့ ဘာစီလိုနာမှ
ပေါင်၂၅.၈သန်းဖြင့်ညာနောက်ခံလူအဖြစ်ရောက်လာတာဖြစ်ပါတယ်။သူဟာညာတောင်ပံခံစစ်သမားအ
ဖြစ်ရောက်လာတာမဟုတ်ပါဘူး။ဒါကြောင့်လည်းအသက်၂၃နှစ်ရှိအီမာဆင်ဟာတိုက်စစ်တွင်လိုက်ပါက
စားနိုင်မှုအားနည်းမှုနှင့်စပါးစ်ပရိသတ်များရဲ့ဝေဖန်ခံခဲ့ရပါတယ်။ဒါပေမဲ့လည်းသူဟာသူ့ခြေစွမ်းကောင်း
သထက်ကောင်းမွန်လာရေးအတွက်ငွေကြေးများအသုံးပြုပြီးထောက်ပံ့မှုရယူလာပြီးနောက်အန်တိုနီယို
ကွန်တီရဲ့အားထားရတဲ့ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ်။သူဟာစနေနေ့တွင်အမ်းမရိတ်သို့သွားရောက်
ကစားရမယ့်မြို့ခံပြိုင်ဘက်အာဆင်နယ်နှင့်ပွဲစဉ်တွင်လည်းစပါးစ်ပွဲထွက်လူစာရင်းတွင်ပါဝင်ဖို့သေချာနေ
ပါတယ်။
ပါတယ်။