တီကိုနှင့်ခြေစမ်းပွဲတွင် မနိုင်ရင်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပုံရတဲ့ စကော့မက်တိုမီနေး
စကော့မက်တိုမီနေးဟာမနေ့ညတုန်းကအော်စလိုတွင်မန်ချက်စတာယူနိုက်တက်နှင့်အက်သလက်
တီကိုမက်ဒရစ်တို့ခြေစမ်းပွဲတွင်အက်သလက်တီကိုစတားများနှင့်အချင်းများရုန်းရင်းဆန်ခတ်ဖြစ်ခဲ့
ပါတယ်။ယူနိုက်တက်ဟာပရီးမီးယားလိဂ်ရာသီသစ်မစတင်မီ ခြေစမ်းပွဲကစားနေပြီး မနေ့ညက
အက်သလက်တီကိုနှင့်ကစားခဲ့သလိုယနေ့တွင်လည်းအိုးထရက်ဖို့ဒ်တွင်ဗယ်လီကာနိုနှင့်ရင်ဆိုင်
ပါဦးမယ်။အဆိုပါပွဲစဉ်ရဲ့ပထမပိုင်းခါနီးတွင်မက်တိုမီနေးရဲ့ကြမ်းတမ်းတဲ့ကစားပုံကြောင့်နှစ်ဖက်
ကစားတို့ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ယူနိုက်တက်ကွင်းလယ်ကစားသမားဟာဂျန်အော့ဘ
လက်ခ်နှင့်လေထဲတွင်ဘောလုံးယှဉ်လုစဉ်တံတောင်ဖြင့်တွက်ခဲ့ပါတယ်။ယင်းနောက်အက်သ
လက်တီကိုကစားသမားအုပ်စုရောက်လာခဲ့ပြီးယန်နစ်ကာရစ်ဆိုနှင့်စကော့မက်တိုမီနေးတို့အ
ကြားအချင်းများခဲ့ကြပါတယ်။ယူနိုက်တက်ဟာအက်သလက်တီကိုနှင့်ခြေစမ်းပွဲတွင်ဖီးလစ်ရဲ့
တစ်လုံးတည်းသောဂိုးဖြင့်၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။ယင်းပွဲမှာအဲရစ်တန်ဟက်ရဲ့ယူနိုက်တက်
နည်းပြဘဝပထမဆုံးရှုံးပွဲဖြစ်သလိုပထမဆုံးဂိုးမသွင်းနိုင်တဲ့ပွဲလည်းဖြစ်ခဲ့ပါတယ်။