တပည့်ကြီး ဆိုးလ်ရှား နဲ့ ကစားသမားတွေကြား ကိုယ်တိုင်ဝင်ညှိပေးနေရတဲ့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်

မန်ယူအသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကတော့

မနေ့က ပြုလုပ်တဲ့ မန်ယူအသင်းရဲ့ ထရိန်နင်ကို သွားရောက်ခဲ့တယ်လို့သိရပါတယ်။

လက်ရှိအခြေအနေတွေအရ မန်ယူ ဘုတ်အဖွဲ့ဟာ နည်းပြဆိုးလ်ရှားကို

အလောတကြီး ထုတ်ပယ်ဖို့ လုပ်ဆောင်မှာမဟုတ်ဘဲ နိုဝင်ဘာလအတွင်း

ကစားမယ့် နိုင်ငံတကာပွဲစဥ်တွေ မရောက်ခင်အထိ မန်ယူအသင်း ကစားရမယ့်

ပွဲစဥ် (၃) ပွဲအပေါ် စောင့်ကြည့်ပြီးမှသာ ဆိုးလ်ရှားရဲ့ အနာဂါတ်နဲ့ ပတ်သက်ပြီး

ဆုံးဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို နည်းပြကြီး ဖာဂူဆန်ကလည်း ထောက်ခံခဲ့ပြီး

တပည့်ဟောင်း ဆိုးလ်ရှားဘက်ကနေ ရပ်တည်ပေးထားဆဲဖြစ်ပါတယ်။

မန်ယူအသင်းအနေနဲ့ စပါး ၊ အတ္တလန်တာ ၊ မန်စီးတီး တို့ နဲ့ ကစားရမယ့်

ပွဲစဥ် (၃) ပွဲမှာ ရလဒ်ဆိုးတွေ ထပ်မံပေါ်ထွက်လာခဲ့မယ်ဆိုရင်တော့ ဘုတ်အဖွဲ့ဟာ

ဆိုးလ်ရှားကို နောက်ထပ် အခွင့်အရေး ထပ်ပေးတော့မှာ မဟုတ်တော့ဘူးလို့လည်း

ယူဆရပါတယ်။ မန်ယူကစားသမားတွေ ကိုယ်တိုင်က ဆိုးလ်ရှား အပေါ်မှာ ယုံကြည်မှု

လျော့နည်းလာတဲ့အချက်ကို နည်းပြကြီး ဖာဂူဆန်ကလည်း ကောင်းစွာ သိရှိထားပြီး

မနေ့က ထရိန်နင်မှာ ကစားသမားတွေနဲ့ စကားအနည်းငယ် ပြောဆိုမှု ရှိခဲ့ကာ

ဆိုးလ်ရှားအပေါ် နောက်ဆုံးအချိန်အထိ ယုံကြည်မှု ဆက်ထားပေးဖို့နဲ့ အတူတကွ

တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းခဲ့တယ်လို့လည်း အချို့သော သတင်းရင်းမြစ်တွေအရသိရပါတယ်။

မန်ယူအသင်းဟာ စနေနေ့ညမှာ စပါးအသင်းကို အဝေးကွင်းမှာ သွားရောက်ယှဥ်ပြိုင်ရဖို့

ရှိနေပြီး မန်ယူအသင်းအတွက်ရော ဆိုးလ်ရှားအတွက်ပါ မဖြစ်မနေ အနိုင်ရလဒ်နဲ့

comeback ပြုလုပ်ရတော့မယ့် အချိန်အခါတစ်ခုကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။

zawgyi

မန္ယူအသင္းရဲ႕ ဂႏၲဝင္ နည္းျပႀကီး ဆာအဲလက္စ္ ဖာဂူဆန္ကေတာ့

မေန႔က ျပဳလုပ္တဲ့ မန္ယူအသင္းရဲ႕ ထရိန္နင္ကို သြားေရာက္ခဲ့တယ္လို႔သိရပါတယ္။

လက္ရွိအေျခအေနေတြအရ မန္ယူ ဘုတ္အဖြဲ႕ဟာ နည္းျပဆိုးလ္ရွားကို

အေလာတႀကီး ထုတ္ပယ္ဖို႔ လုပ္ေဆာင္မွာမဟုတ္ဘဲ ႏိုဝင္ဘာလအတြင္း

ကစားမယ့္ ႏိုင္ငံတကာပြဲစဥ္ေတြ မေရာက္ခင္အထိ မန္ယူအသင္း ကစားရမယ့္

ပြဲစဥ္ (၃) ပြဲအေပၚ ေစာင့္ၾကည့္ၿပီးမွသာ ဆိုးလ္ရွားရဲ႕ အနာဂါတ္နဲ႔ ပတ္သက္ၿပီး

ဆုံးျဖတ္မွာျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါ ဘုတ္အဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္ကို နည္းျပႀကီး ဖာဂူဆန္ကလည္း ေထာက္ခံခဲ့ၿပီး

တပည့္ေဟာင္း ဆိုးလ္ရွားဘက္ကေန ရပ္တည္ေပးထားဆဲျဖစ္ပါတယ္။

မန္ယူအသင္းအေနနဲ႔ စပါး ၊ အတၱလန္တာ ၊ မန္စီးတီး တို႔ နဲ႔ ကစားရမယ့္

ပြဲစဥ္ (၃) ပြဲမွာ ရလဒ္ဆိုးေတြ ထပ္မံေပၚထြက္လာခဲ့မယ္ဆိုရင္ေတာ့ ဘုတ္အဖြဲ႕ဟာ

ဆိုးလ္ရွားကို ေနာက္ထပ္ အခြင့္အေရး ထပ္ေပးေတာ့မွာ မဟုတ္ေတာ့ဘူးလို႔လည္း

ယူဆရပါတယ္။ မန္ယူကစားသမားေတြ ကိုယ္တိုင္က ဆိုးလ္ရွား အေပၚမွာ ယုံၾကည္မႈ

ေလ်ာ့နည္းလာတဲ့အခ်က္ကို နည္းျပႀကီး ဖာဂူဆန္ကလည္း ေကာင္းစြာ သိရွိထားၿပီး

မေန႔က ထရိန္နင္မွာ ကစားသမားေတြနဲ႔ စကားအနည္းငယ္ ေျပာဆိုမႈ ရွိခဲ့ကာ

ဆိုးလ္ရွားအေပၚ ေနာက္ဆုံးအခ်ိန္အထိ ယုံၾကည္မႈ ဆက္ထားေပးဖို႔နဲ႔ အတူတကြ

တိုက္ပြဲဝင္ၾကဖို႔ တိုက္တြန္းခဲ့တယ္လို႔လည္း အခ်ိဳ႕ေသာ သတင္းရင္းျမစ္ေတြအရသိရပါတယ္။

မန္ယူအသင္းဟာ စေနေန႔ညမွာ စပါးအသင္းကို အေဝးကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရဖို႔

ရွိေနၿပီး မန္ယူအသင္းအတြက္ေရာ ဆိုးလ္ရွားအတြက္ပါ မျဖစ္မေန အႏိုင္ရလဒ္နဲ႔

comeback ျပဳလုပ္ရေတာ့မယ့္ အခ်ိန္အခါတစ္ခုကိုေရာက္ရွိေနၿပီပဲျဖစ္ပါတယ္။mdiarymm

mdiarymm

munitedfannewss