
အိမ်ကွင်းမှာ အဲဗာတန်နဲ့ ၂ ဂိုးစီသရေကျခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြဂရေဟမ်ပေါ်တာဟာ အသင်း
ပရိသတ်တချို့ရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ ရလဒ်တွေကောင်းခဲ့ပြီး အ
သင်းက တက်ရိပ်ပြလာလို့ အသက်ရှူချောင်ခဲ့ပေမယ့်လည်း တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ အဲဗာတန်
ကို ၂ ဂိုးစီသရေကျခဲ့တာကြောင့် ပေါ်တာတယောက် မျက်နှာပျက်စရာတွေ ဖြစ်ခဲ့ရပါတယ်။ ညက ကစား
ခဲ့တဲ့ပွဲမှာလည်း ဦးဆောင်ဂိုးတွေကို ချယ်လ်ဆီးကသာ သွင်းယူနိုင်ခဲ့တာဖြစ်ပေမယ့် မထိန်းထားနိုင်ဘဲချေ
ပဂိုးတွေပြန်ပေးခဲ့ရပါတယ်။ ဒါတွေက ဂရေဟမ်ပေါ်တာရဲ့ လူစားလဲလှယ်ပုံအမှားတွေကြောင့်လို့ ချယ်
လ်ဆီးပရိသတ်တွေက ယူဆနေကြပြီး ဘာနည်းစနစ်မှ မရှိခဲ့သလို လူထုတ်ပုံနဲ့ လူစားလဲပုံတွေမှာ အား
နည်းချက်တွေရှိနေခဲ့တယ်လို့ ဆိုခဲ့ကြပါတယ်။ ပိုပြီးဆိုးရွားခဲ့တာကတော့ ဒီပွဲမတိုင်ခင်မှာ ပေါ်တာက
“အဲဗာတန်ကိုအနိုင်ကစားမယ်၊ ပြီးရင် ချန်ပီယံလိဂ်ဖလားရအောင် ကြိုးစားမယ်” ဆိုတဲ့ ပြောဆိုမှုပါ။ အဲ
ဗာတန်ကို အနိုင်မရခဲ့တဲ့နောက်မှာ ဒီလိုပုံစံနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်လိုအသင်း
ကို ဘယ်လိုကျော်ဖြတ်မှာလဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ AzM ဆိုတဲ့ တွစ်တာအကောင့်
ကတော့ ဒီပွဲအတွက် နည်းပြဖြစ်သူကို အပြစ်အားလုံးပုံချသင့်တယ်လို့ ရေးသားခဲ့ပါတယ်။ CHELSEA ဆို
တဲ့ နာမည်နဲ့ တွစ်တာအကောင့်ကလည်း ဂရေဟမ်ပေါ်တာကို ထုတ်ပယ်ပါတော့ဆိုပြီး ရေးသားခဲ့ပါ
တယ်။ ပေါ်တာကတော့ အသင်းနိုင်ပွဲမရခဲ့လို့ စိတ်ပျက်ခဲ့ရပေမယ့်လည်း တိုးတက်မှုတွေရှိလာကာ အနိုင်
ရခဲ့သင့်တယ်လို့ ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။ “ဒီနေ့ည ပေးလိုက်ရတဲ့ ဂိုးတွေအတွက်တော့ ကျွန်
တော်တို့ စိတ်ပျက်ခဲ့ရပါတယ်၊ ၃ မှတ်ရဖို့ လုံလောက်တဲ့ကစားပုံကို ပြသနိုင်ခဲ့ပေမယ့်လည်း ခံစစ်ပိုင်းက
ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင် လိုချင်တဲ့ ရလဒ်ကို ရမှာမဟုတ်ပါဘူး၊ ဧရိယာထဲမှာ တဦးချင်းအသာ
မရခဲ့ဘဲ အဲဒီလိုတွေဖြစ်နေတာက အန္တရာယ်ပါပဲ၊ အဲဗာတန်က အသင်းကောင်းပါ၊ ဒါပေမယ့် ကျနော်တို့
လည်း ကောင်းအောင်ကစားနိုင်ခဲ့ပါတယ်” လို့ ပေါ်တာက ပြောသွားခဲ့ပါတယ်။
အိမ္ကြင္းမွာ အဲဗာတန္နဲ႔ ၂ ဂိုးစီသေရက်ခဲ့ၿပီးေနာက္ ခ်ယ္လ္ဆီးနည္းျပဂေရဟမ္ေပၚတာဟာ အသင္း
ပရိသတ္တခ်ိဳ႕ရဲ႕ အမ်က္ဒေါသနဲ႔ ရင္ဆိုင္ေနရပါတယ္။ ၿပီးခဲ့တဲ့ပြဲေတြမွာ ရလဒ္ေတြေကာင္းခဲ့ၿပီး အ
သင္းက တက္ရိပ္ျပလာလို႔ အသက္ရႉေခ်ာင္ခဲ့ေပမယ့္လည္း တန္းမဆင္းရဖို႔ ႐ုန္းကန္ေနရတဲ့ အဲဗာတန္
ကို ၂ ဂိုးစီသေရက်ခဲ့တာေၾကာင့္ ေပၚတာတေယာက္ မ်က္ႏွာပ်က္စရာေတြ ျဖစ္ခဲ့ရပါတယ္။ ညက ကစား
ခဲ့တဲ့ပြဲမွာလည္း ဦးေဆာင္ဂိုးေတြကို ခ်ယ္လ္ဆီးကသာ သြင္းယူႏိုင္ခဲ့တာျဖစ္ေပမယ့္ မထိန္းထားႏိုင္ဘဲေခ်
ပဂိုးေတြျပန္ေပးခဲ့ရပါတယ္။ ဒါေတြက ဂေရဟမ္ေပၚတာရဲ႕ လူစားလဲလွယ္ပုံအမွားေတြေၾကာင့္လို႔ ခ်ယ္
လ္ဆီးပရိသတ္ေတြက ယူဆေနၾကၿပီး ဘာနည္းစနစ္မွ မရွိခဲ့သလို လူထုတ္ပုံနဲ႔ လူစားလဲပုံေတြမွာ အား
နည္းခ်က္ေတြရွိေနခဲ့တယ္လို႔ ဆိုခဲ့ၾကပါတယ္။ ပိုၿပီးဆိုး႐ြားခဲ့တာကေတာ့ ဒီပြဲမတိုင္ခင္မွာ ေပၚတာက
“အဲဗာတန္ကိုအႏိုင္ကစားမယ္၊ ၿပီးရင္ ခ်န္ပီယံလိဂ္ဖလားရေအာင္ ႀကိဳးစားမယ္” ဆိုတဲ့ ေျပာဆိုမႈပါ။ အဲ
ဗာတန္ကို အႏိုင္မရခဲ့တဲ့ေနာက္မွာ ဒီလိုပုံစံနဲ႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ ရီးရဲလ္မက္ဒရစ္လိုအသင္း
ကို ဘယ္လိုေက်ာ္ျဖတ္မွာလဲဆိုတဲ့ ေမးခြန္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ AzM ဆိုတဲ့ တြစ္တာအေကာင့္
ကေတာ့ ဒီပြဲအတြက္ နည္းျပျဖစ္သူကို အျပစ္အားလုံးပုံခ်သင့္တယ္လို႔ ေရးသားခဲ့ပါတယ္။ CHELSEA ဆို
တဲ့ နာမည္နဲ႔ တြစ္တာအေကာင့္ကလည္း ဂေရဟမ္ေပၚတာကို ထုတ္ပယ္ပါေတာ့ဆိုၿပီး ေရးသားခဲ့ပါ
တယ္။ ေပၚတာကေတာ့ အသင္းႏိုင္ပြဲမရခဲ့လို႔ စိတ္ပ်က္ခဲ့ရေပမယ့္လည္း တိုးတက္မႈေတြရွိလာကာ အႏိုင္
ရခဲ့သင့္တယ္လို႔ ပြဲအၿပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။ “ဒီေန႔ည ေပးလိုက္ရတဲ့ ဂိုးေတြအတြက္ေတာ့ ကြၽန္
ေတာ္တို႔ စိတ္ပ်က္ခဲ့ရပါတယ္၊ ၃ မွတ္ရဖို႔ လုံေလာက္တဲ့ကစားပုံကို ျပသႏိုင္ခဲ့ေပမယ့္လည္း ခံစစ္ပိုင္းက
ေကာင္းေကာင္းမလုပ္ႏိုင္ဘူးဆိုရင္ လိုခ်င္တဲ့ ရလဒ္ကို ရမွာမဟုတ္ပါဘူး၊ ဧရိယာထဲမွာ တဦးခ်င္းအသာ
မရခဲ့ဘဲ အဲဒီလိုေတြျဖစ္ေနတာက အႏၲရာယ္ပါပဲ၊ အဲဗာတန္က အသင္းေကာင္းပါ၊ ဒါေပမယ့္ က်ေနာ္တို႔
လည္း ေကာင္းေအာင္ကစားႏိုင္ခဲ့ပါတယ္” လို႔ ေပၚတာက ေျပာသြားခဲ့ပါတယ္။