
မွန်ဇာအသင်းကို (၁-ဝ)ရလဒ်နဲ့ ရှုံးနိမ်ခဲ့တဲ့ပွဲမှာ တိုက်ရိုက် အနီကပ်ပြခံလိုက်ရတဲ့ ဒီမာရီယာက ပွဲ
အပြီးမှာပဲဂျူဗင်တပ် အသင်းရဲ့ ပရိသတ်တွေကို တောင်ပန်စကား ဆိုလာခဲ့ပါတယ်။သူဟာ ပထမ
ပိုင်း ပွဲကစားချိန် ၄၁ မိနစ်မှာ ပြိုင်ဘက် အေစီမွန်ဇာသင်း ကစားသမားရဲ့ ရင်ဘက်ကိုတံတောင်နဲ့
လက်ပြန်တွက်ခဲ့မိတာကြောင့် တိုက်ရိုက် အနီကဒ်ပြ ထုတ်ပယ်ခံခဲ့ ရတာပဲ ဖြစ်ပါတယ်။ဒီပွဲစဉ်မှာ
နည်းပြ အယ်လီဂရီကလည်း ဆာလာနီတာနာနဲ့ ပွဲစဉ်မှာရခဲ့တဲ့ အနီကတ်ကြောင့်အသင်းကိုကြီး
ကြပ်ခွင့်မရဘဲ ပွဲကြည့်စင်ကသာ ကြည့်ခဲ့ရပါတယ်။ပွဲချိန် အစောပိုင်းမှာကတည်းက အနီကဒ်ပြ
ထုတ်ပယ်ခံခဲ့ ရတာဟာ ဒီပွဲရဲ့ရှုံးနိမ့်မှုကို ဖြစ်စေခဲ့တဲ့အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်နေခဲ့ပြီး
ဒီမာရီယာဟာလည်း အဓိက လက်ညိုးထိုးစရာ ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်လည်း ဒီမာရီယာက
“ဒါက ကျွန်တော် အမှားဆိုတာ ဝန်ခံပါတယ်”“ကျွန်တော်တို့ဟာ သာမန်လူသားတွေပဲ ဖြစ်လို့ တစ်
ခါတစ်လေ စိတ်မထိန်းနိုင်ခဲ့ပဲ အမှားတွေ လုပ်မိတတ်ကြပါတယ်။ဒါပေမဲ့ တောင်းပန်ဖို့ လိုအပ်တဲ့
လူအားလုံးကို ပြန်လည် တောင်းပန်တယ်ဆိုတဲ့ အကြောင်း ပြောဆိုချင်ပါတယ်” လို့ သူ့ရဲ့ လူမှု
ကွန်ရက်မှာ ရေးသားခဲ့ပါတယ်။မွန်ဇာအအသင်းအတွက် တစ်လုံးတည်းသော အနိုင်သွင်းဂိုးကို
တိုက်စစ်ကစားသမား ဂိုင်ခါဂျာကဒုတိယပိုင်း ပွဲကစားချိန်အတွင်းမှာ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပြီး
ဂျူဗင်တပ် အသင်းကို အနိုင်ရယူ နိုင်ခဲ့တာကတန်းတက် မွန်ဇာအသင်းအတွက်တော့ ပထမဆုံး
အနိုင်ရယူ နိုင်ခဲ့တဲ့ စီးရီးအေ ပွဲစဉ်အဖြစ် မှတ်တမ်း ဝင်စေခဲ့ပါတယ်။ဒီပွဲရလဒ်ကြောင့် ဂျူဗင်တပ်
ဟာ စီးရီးအေအမှတ်ပေးဇယားမှာ ရမှတ် (၁၀)မှတ်နဲ့ အဆင့် (၈) နေရာကို့ရောက်သွားခဲ့ပါတယ်။
ဂျူဗင်တပ်ဟာ စီးရီးအေမှာသာမက ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေဖြစ်တဲ့ ပီအက်စ်ဂျီ၊ ဘင်ဖီကာတို့
နဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ် (၂)ပွဲလုံးကိုလည်း ရှုံးနိမ့်ထားပြီးပြိုင်ပွဲစုံ နောက်ဆုံး၇ပွဲမှာ ၁ပွဲတည်းသာ နိုင်ပွဲ
ရထားပါသေးတယ်။ နည်းပြ အယ်လီဂရီကတော့အသင်းငယ်လေးမွန်ဇာကို မထင်မှတ်ဘဲရှုံးနိမ့်
သွားခဲ့တာကြောင့် ပွဲအပြီးမှာဂျူဗင်တပ်ပရိတ်သတ်တွေရဲ့ ကြမ်းတမ်းစွာတုံ့ပြန်လာမှာကိုစိုးရိမ်ပြီး
သူ့ကားဆီကို ပြန်ရာမှာ ရဲတပ်ဖွဲ့ အစောင့်အရှောက်နဲ့သာ ပြန်သွားခဲ့ရပါတယ်။
မြန္ဇာအသင္းကို (၁-ဝ)ရလဒ္နဲ႔ ရႈံးနိမ္ခဲ့တဲ့ပြဲမွာ တိုက္႐ိုက္ အနီကပ္ျပခံလိုက္ရတဲ့ ဒီမာရီယာက ပြဲ
အၿပီးမွာပဲဂ်ဴဗင္တပ္ အသင္းရဲ႕ ပရိသတ္ေတြကို ေတာင္ပန္စကား ဆိုလာခဲ့ပါတယ္။သူဟာ ပထမ
ပိုင္း ပြဲကစားခ်ိန္ ၄၁ မိနစ္မွာ ၿပိဳင္ဘက္ ေအစီမြန္ဇာသင္း ကစားသမားရဲ႕ ရင္ဘက္ကိုတံေတာင္နဲ႔
လက္ျပန္တြက္ခဲ့မိတာေၾကာင့္ တိုက္႐ိုက္ အနီကဒ္ျပ ထုတ္ပယ္ခံခဲ့ ရတာပဲ ျဖစ္ပါတယ္။ဒီပြဲစဥ္မွာ
နည္းျပ အယ္လီဂရီကလည္း ဆာလာနီတာနာနဲ႔ ပြဲစဥ္မွာရခဲ့တဲ့ အနီကတ္ေၾကာင့္အသင္းကိုႀကီး
ၾကပ္ခြင့္မရဘဲ ပြဲၾကည့္စင္ကသာ ၾကည့္ခဲ့ရပါတယ္။ပြဲခ်ိန္ အေစာပိုင္းမွာကတည္းက အနီကဒ္ျပ
ထုတ္ပယ္ခံခဲ့ ရတာဟာ ဒီပြဲရဲ႕ရႈံးနိမ့္မႈကို ျဖစ္ေစခဲ့တဲ့အေၾကာင္းရင္းေတြထဲက တစ္ခု ျဖစ္ေနခဲ့ၿပီး
ဒီမာရီယာဟာလည္း အဓိက လက္ညိဳးထိုးစရာ ျဖစ္ေနခဲ့ပါတယ္။ဒါေၾကာင့္လည္း ဒီမာရီယာက
“ဒါက ကြၽန္ေတာ္ အမွားဆိုတာ ဝန္ခံပါတယ္”“ကြၽန္ေတာ္တို႔ဟာ သာမန္လူသားေတြပဲ ျဖစ္လို႔ တစ္
ခါတစ္ေလ စိတ္မထိန္းႏိုင္ခဲ့ပဲ အမွားေတြ လုပ္မိတတ္ၾကပါတယ္။ဒါေပမဲ့ ေတာင္းပန္ဖို႔ လိုအပ္တဲ့
လူအားလုံးကို ျပန္လည္ ေတာင္းပန္တယ္ဆိုတဲ့ အေၾကာင္း ေျပာဆိုခ်င္ပါတယ္” လို႔ သူ႔ရဲ႕ လူမႈ
ကြန္ရက္မွာ ေရးသားခဲ့ပါတယ္။မြန္ဇာအအသင္းအတြက္ တစ္လုံးတည္းေသာ အႏိုင္သြင္းဂိုးကို
တိုက္စစ္ကစားသမား ဂိုင္ခါဂ်ာကဒုတိယပိုင္း ပြဲကစားခ်ိန္အတြင္းမွာ သြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ၿပီး
ဂ်ဴဗင္တပ္ အသင္းကို အႏိုင္ရယူ ႏိုင္ခဲ့တာကတန္းတက္ မြန္ဇာအသင္းအတြက္ေတာ့ ပထမဆုံး
အႏိုင္ရယူ ႏိုင္ခဲ့တဲ့ စီးရီးေအ ပြဲစဥ္အျဖစ္ မွတ္တမ္း ဝင္ေစခဲ့ပါတယ္။ဒီပြဲရလဒ္ေၾကာင့္ ဂ်ဴဗင္တပ္
ဟာ စီးရီးေအအမွတ္ေပးဇယားမွာ ရမွတ္ (၁၀)မွတ္နဲ႔ အဆင့္ (၈) ေနရာကို႔ေရာက္သြားခဲ့ပါတယ္။
ဂ်ဴဗင္တပ္ဟာ စီးရီးေအမွာသာမက ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ေတြျဖစ္တဲ့ ပီအက္စ္ဂ်ီ၊ ဘင္ဖီကာတို႔
နဲ႔ေတြ႕ဆုံခဲ့တဲ့ပြဲစဥ္ (၂)ပြဲလုံးကိုလည္း ရႈံးနိမ့္ထားၿပီးၿပိဳင္ပြဲစုံ ေနာက္ဆုံး၇ပြဲမွာ ၁ပြဲတည္းသာ ႏိုင္ပြဲ
ရထားပါေသးတယ္။ နည္းျပ အယ္လီဂရီကေတာ့အသင္းငယ္ေလးမြန္ဇာကို မထင္မွတ္ဘဲရႈံးနိမ့္
သြားခဲ့တာေၾကာင့္ ပြဲအၿပီးမွာဂ်ဴဗင္တပ္ပရိတ္သတ္ေတြရဲ႕ ၾကမ္းတမ္းစြာတုံ႔ျပန္လာမွာကိုစိုးရိမ္ၿပီး
သူ႔ကားဆီကို ျပန္ရာမွာ ရဲတပ္ဖြဲ႕ အေစာင့္အေရွာက္နဲ႔သာ ျပန္သြားခဲ့ရပါတယ္။