တန်ဟန့်အကြိုက်တွေအတွက် ယူနိုက်တက်ဆီက ရနိုင်သမျှညှစ်ထုတ်ဖို့ကြံစည်နေတဲ့ အေဂျက်စ်
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟန့်ဟာ အန်တိုနီကို အေဂျက်အသင်းကနေ ခေါ်
ယူဖို့ရာအတွက် အခုချိန်ထိ စိတ်ဝင်စားလျက်ရှိနေပါသေးတယ်။ တန်ဟန့်ဟာ တောင်ပံကစား
သမားဖြစ်သူ အန်တိုနီနဲ့ အေဂျက်အသင်းမှာ နှစ်ရာသီအကြာ အလုပ်အတူတွဲလုပ်ခဲ့ပြီးတော့ အိုး
ထရက်ဖို့ဒ်ကို ခေါ်ဆောင်လာချင်နေတာ ဖြစ်ပါတယ်။ဒါပေမယ့် အေဂျက်အသင်းဟာ ဘရာဇီး
လက်ရွေးစင်ကစားသမား အန်တိုနီအတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ အထိတောင်းဆို
ထားတာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ အေဂျက်နဲ့ အပြောင်းအရွှေ့ကိစ္စဆွေးနွေးဖို့ ခက်
ခဲနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး အေဂျက်က တောင်းတဲ့ ပမာဏဟာ များပြားလွန်းတယ်လို့ ယူ
ဆနေပါတယ်။အန်တိုနီဟာ ပြီးခဲ့တဲ့ရာသီမှာ အေဂျက်အသင်းအတွက် ပြိုင်ပွဲစုံ ၃၃ ပွဲ ပါဝင်က
စားပေးခဲ့ပြီး ၁၂ ဂိုး သွင်းယူခဲ့ပါတယ်။ မန်ယူအသင်းဟာ အပေါင်းလက္ခဏာဆောင်တဲ့ ဆွေး
နွေးမှုတွေပြီးနောက် ဖီယင်နုအသင်းကနေ တိုင်ရယ် မာလစီယာကိုလည်း ပြောင်းရွှေ့ကြေး
ပေါင် ၁၂.၉ သန်းနဲ့ လက်မှတ်ထိုးခေါ်ယူနိုင်ဖို့ရာ နီးစပ်လျက်ရှိနေပါတယ်။အပြောင်းအရွှေ့ကို
အပြီးသတ်ဖို့ရာဆိုရင်တော့ ယူနိုက်တက်အသင်းဟာ ကစားသမားဖြစ်သူရဲ့ ပုဂ္ဂိုလ်ရေးဆိုင်
ရာ သဘောတူညီမှုရဖို့ လိုအပ်ပြီး၊ ထိုအရာဟာလည်း မကြာခင်မှာ ရနိုင်လိမ့်မယ်လို့ ယုံကြည်‌
ရပါတယ်။ တန်ဟန့်အတွက် ဒီယောင်းဟာလည်း အဓိကပစ်မှတ်ကစားသမားဖြစ်နေပါတယ်၊
ဒါပေမယ့်လည်း ဘာစီလိုနာဥက္ကဌဂျိုအန်း လာပေါ်တာက အကယ်၍သာ ကစားသမားဖြစ်သူ
အနေနဲ့ လစာလျှော့ယူမယ်ဆိုရင် ဘာစီလိုနာအသင်းမှာပဲ ဆက်ရှိနိုင်ကြောင်း ပြောဆိုထားပါ
တယ်။ လာပေါ်တာဟာ အသင်းရဲ့ ငွေကြေးဆိုင်ရာပြဿနာတွေကို မန်ယူအသင်းအား ပေါင်
သန်း ၇၀ နဲ့ ဒီယောင်းကို ရောင်းချပြီး ဖြေရှင်းဖို့ ကြံစည်ထားပေမယ့်၊ ဒီယောင်းဟာဘာစီကနေ
မထွက်ခွာချင်ဖြစ်နေပါတယ်။ ယူနိုက်တက်အသင်းဟာ တန်ဟန့်ရဲ့ကစားသမားဟောင်း လီ
စန်းဒရို မာတီးနက်ဇ်ကိုလည်း ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ပေါင် ၄၃ သန်းတန် ခံစစ်
ကစားသမားဖြစ်သူ မာတီးနက်ဇ်ကို အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားနေပါတယ်၊ ဒါ
ပေမယ့်လည်း မာတီးနက်ဇ်ကတော့ မန်ယူကို ရောက်ရှိနိုင်ချေ ပိုများနေပါတယ်။