တန်ဟန့်ရဲ့ နည်းစနစ်တွေနဲ့ ရာသီကြို ထရိမ်နင် စတင်ထိတွေ့ခွင့်ရခဲ့ပြီးနောက် အသံထွက်လာတဲ့ ရပ်ရှ်ဖို့ဒ်
နည်းပြသစ် အဲရစ် တန်ဟန့်ဟာ မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ်နဲ့ ရာသီကြို ထရိမ်နင်
ပထမအပတ်မှာ အထင်ကြီးစရာတွေ လုပ်ပြနိုင်ခဲ့ပြီးနောက် ကာရင်တန်ရဲ့ ပတ်ဝန်းကျင်မှာ ချီး
းကျုးသံတွေကြားလာရတယ်လို့ မန်ယူအသင်းရဲ့ တိုက်စစ်မှူး မားကပ် ရက်ရှ်ဖို့ဒ်က ပြောဆိုလာ
ပါတယ်။ ဂျွန်လနိုင်ငံတကာပွဲတွေမှာ မပါဝင်ခဲ့တဲ့ ကစားသမားတွေဟာပြီးခဲ့တဲ့တစ်ပတ်ကစတင်
ပြီး တန်ဟန့်ရဲ့ နည်းစနစ်တွေနဲ့ စတင်ထိတွေ့ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ လူစာ
ရင်းအနည်းငယ်ကိုသာ နည်းပြခဲ့ရပေမယ့် တန်ဟန့်ဟာ အကြံဉာဏ်တွေရှိနေပြီး ဖြစ်ပြီးတော့
ရက်ရှ်ဖို့ဒ်ကလည်း အဲ့ဒါက သက်ရောက်မှုရှိတယ်ဆိုတာကို မြင်တွေ့နေရပြီး ဖြစ်ပါတယ်။ “ လေ့
ကျင့်ရေးကွင်းတစ်ဝိုက်မှာ ”“ စိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစားချက်မျိုး ပြန်ရလာခဲ့တယ်။ ဒီ
တော့ ရာသီကြိုက သေချာပေါက်ကို အပေါင်းလက္ခဏာဆောင်နေပါတယ်။ ပထမတစ်ချက်က
တော့ တန်ဟန့်က ကျွန်တော်တို့ကို ဘယ်လိုကစားစေချင်သလဲဆိုတာနဲ့ အသေးစိတ်အချက်အ
လက်တွေက မှန်ကန်လာတယ်၊ ဒုတိယအချက်ကတော့ အဲ့ဒါကို ကျွန်တော်တို့ နှစ်သက်လာကြ
တယ် ”“ ထရိမ်နင်ရဲ့ ပထမတစ်ပတ်မှာ ကျွန်တော်တို့ဟာ နှစ်ခုစလုံးကို လုပ်နိုင်ခဲ့ပြီးတော့၊ က
စားသမားတိုင်းက ကျွန်တော်တို့ ထရိမ်နင်မှာ လေ့ကျင့်ထားကြတာတွေကို အကြိုခြေစမ်းပွဲစဉ်
တွေမှာ အသုံးချဖို့ မျှော်လင့်နေကြပါပြီ။ ကျွန်တော့်အတွက်ကတော့ ဒါဟာ ဆန်းသစ်တဲ့ စိတ်
ကူးစိတ်သန်းတွေ၊ ဆန်းသစ်တဲ့ နည်းဗျုဟာတွေနဲ့ အသင်းကို ထည့်သွင်းလိုက်တဲ့ ”“ ကိုယ်ရည်
ကိုယ်သွေးအသစ်တစ်ခုပဲလို့ ထင်တယ်။ သူနဲ့ အလုပ်တွဲလုပ်ဖို့ကို ကျွန်တော် မျှော်လင့်နေပါပြီ။
ဒါပေမယ့် ကျွန်တော်တို့ကို သူ လုပ်စေချင်တဲ့အရာတွေနဲ့ အသားကျဖို့၊ အဲ့ဒါတွေကို လုပ်ရတာ
သဘာဝဆန်ဆန်လေး ခံစားရဖို့အတွက် ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အချိန်ပေးဖို့
လည်း လိုပါတယ်။ သူ ဖြစ်စေချင်တဲ့အရာတွေဟာ အချိန်ယူရပေမယ့်၊ အဲ့ဒါဟာ ကျွန်တော်တို့
မျှော်လင့်နေတဲ့ စိန်ခေါ်မှုလည်း ဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။