မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ဒဏ်ရာပြဿနာနဲ့ကြုံတွေ့ခဲ့တာ
ကြောင့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲအတွက် လူစာရင်းကနေချန်လှပ်ခံခဲ့ရပါတယ်။ အသက်(၂၇)နှစ်အရွယ်
ရှိပြီဖြစ်သူ မာစီယဲလ်ဟာဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ယူနိုက်တက်အသင်းရဲ့ပွဲ
တွေထဲက(၁၈)ပွဲအထိ လွဲချော်ခဲ့သလို အများစုက ကြွက်သားဒဏ်ရာကြောင့် အနားယူခဲ့ရတာဖြစ်ပါ
တယ်။ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း မန်ချက်စတာဒါဘီပွဲနောက်ပိုင်း ယူနိုက်တက်အသင်းရဲ့ပြိုင်ပွဲစုံ(၄)ပွဲ
ဆက်ကို မာစီယဲလ် လွဲချော်ခဲ့ပြီး နော်တင်ဟမ်ဖော်ရက်စ်ကို(၂-ဝ)ဂိုးနဲ့အနိုင်ရတဲ့ လိဂ်ဖလားဆီမီးဖိုင်
နယ်ပွဲ၊ ဒုတိယပိုင်းမှာ လူစားဝင်ကစားခွင့်ရခဲ့သလိုအဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ မာစီယဲလ်ဟာ ခရစ္စတယ်
ပဲလေ့စ်နဲ့ အိမ်ကွင်းမှာယူနိုက်တက်အသင်းအတွက် ပါဝင်ကစားဖို့ မျှော်လင့်ခဲ့ပေမယ့် ပွဲမတိုင်ခင်ဒဏ်ရာ
ရသွားလို့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်တယ်လို့ နာမည်ကျော်The Athletic အားကစားဝက်ဘ်
ဆိုက်က ဖော်ပြခဲ့ပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံမှာမာစီယဲလ်က (၁၄)ပွဲကစား၊ (၆)ဂိုးသွင်းယူခဲ့ပြီး အခု ဒဏ်
ရာသတင်းကသူ့အတွက်သာမက နည်းပြအဲရစ်တန်ဟက်အတွက်ပါ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။မာစီ
ယဲလ်ရဲ့ ဒဏ်ရာအမျိုးအစားနဲ့ ဘယ်လောက်အထိ အနားယူရမလဲဆိုတာတော့The Athletic ဝက်ဘ်
ဆိုက်က မဖော်ပြခဲ့ပါဘူး။ မာစီယဲလ်ဟာ ၂၀၂၁၊ဇန်နဝါရီ(၂၇)ရက်တုန်းက ရှက်ဖီးယူနိုက်တက်နဲ့ ပရီးမီး
ယားလိဂ်ပွဲမှာယူနိုက်တက်အတွက် မိနစ်(၉၀)ပြည့်ပါဝင်ကစားခဲ့ပြီး အဲဒီနောက်ပိုင်း ပွဲချိန်ပြည့်မကစား
နိုင်တော့ဘဲ လူစားဝင် ဒါမှမဟုတ် ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ်။