တစ်ပွဲလုံးတစ်ဂိုးမျှမသွင်းနိုင်ပဲ ကမ္ဘာ့ဖလားသမိုင်းတွင် ပထမဆုံးပွဲအဖြစ်သမိုင်းဝင်ခဲ့တဲ့ တောင်ကိုရီးယား-ဥရုဂွေးပွဲစဉ်
မနေ့ညတုန်းကတောင်ကိုရီးယားနှင့်ဥရုဂွေးတို့ရဲ့ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာကမ္ဘာ့ဖလားသမိုင်းတွင်ဂိုး
ပေါက်တည့်တဲ့ကန်ချက်တစ်ကြိမ်မျှမရှိတဲ့ ပထမဆုံးပွဲအဖြစ်သမိုင်းဝင်သွားခဲ့ပါတယ်။မနေ့ညတုန်းက
ပွဲစဉ်တွင်ဥရုဂွေးမှလူးဝစ်ဆွာရက်ဇ်နှင့်ဒါဝင်နူနက်ဇ်တို့ဟာအကောင်းဆုံးပုံစံပျောက်ဆုံးနေခဲ့ကြပြီးခြေ
စွမ်းပြနိုင်ခဲ့ခြင်းမရှိပါဘူး။ကစားသမားဘဝတစ်လျှောက်ပြိုင်ဘက်ကစားသမားကိုကိုက်မှုကြောင့်သုံး
ကြိမ်တိုင်တိုင်ပွဲပယ်ခံရဖူးတဲ့လူးဝစ်ဆွာရက်ဇ်ဟာမနေ့ညတုန်းကတောင်ကိုရီးယားနှင့်ပွဲစဉ်မှာတော့သူ့
အစွယ်ကိုပြသနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။လူးဝစ်ဆွာရက်ဇ်ဟာတောင်ကိုရီးယားနှင့်ပွဲစဉ်မှာဂိုးကန်သွင်းမှုဇီး
ရိုး၊အခွင့်အရေးဖန်တီးမှုဇီးရိုးပိုင်ဆိုင်ခဲ့ပြီးတောင်ကိုရီးယားဧရိယာအတွင်းမှာဘောလုံးထိမှု၂ကြိမ်သာရှိ
ခဲ့ပြီးဘောလုံးပေးပို့မှု၇ကြိမ်တည်းသာပြုလုပ်နိုင်ခဲ့ပါတယ်။လူစားဝင်ရောက်လာတဲ့အက်ဒီဆင်ကာဗာ
နီမှာလည်းအခွင့်အရေးတစ်ကြိမ်ရရှိခဲ့ပေမဲ့အသုံးချနိုင်ခဲ့ခြင်းမရှိပါဘူး။